အူနိုင်း အမ်မရီရဲ့ အာဆင်နယ် အသင်းဟာ နောက်ဆုံး ၉ပွဲကနေ ၁၁မှတ် ရရှိခဲ့ပြီး ကာရာဘောင်းဖလား ကလဲ ထွက်ခဲ့ရပါတယ်။ ပဲလေ့စ်၊ ဝုလ်ဗ်တို့နဲ့ အိမ်ကွင်း နှစ်ပွဲဆက် အနိူင်မရခဲ့ပဲ အမ်းမရိတ်စ် ကွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ကာ အသင်းခေါင်းဆောင် ရှာခါကိုယ်တိုင် ပြီးခဲ့တဲ့ အပတ်က ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။

လက်ရှိ အ်ချိန်မှာ အမ်မရီရဲ့ ထိုင်ခုံနေရာက ခြိမ်းခြောက်မှုတွေ ရှိနေပြီး ဟိုဆေးမော်ရင်ညိုကလဲ အလားအလာ ရှိသူ တစ်ယောက် အဖြစ် ထင်ကြေးပေးခံနေရပါတယ်။ ကလပ်ရဲ့ပရိသတ်တွေနဲ့ အမ်မရီကြား ဆက်ဆံရေးဟာ လက်ရှိ ဆိုးဝါးတဲ့ ပုံစံတွေကို ကျော်ဖြတ်ဖို့ သူ့အတွက် လုံလောက်မှု မရှိခဲ့ဘူးလို့ အားကစားကလောင်ရှင် ဂျွန်ခရော့စ်က ဆိုပါတယ်။

“အမ်မရီက အာဆင်နယ်မှာ ပြီးသွားပြီလို့ ထင်တယ်။ ခရစ္စမတ် မတိုင်ခင် ဒါမှမဟုတ် ထိပ်ဆုံးလေးသင်းထဲ မဝင်တဲ့အခါ သူ့ကို ထုတ်ပယ်ကြလိမ့်မယ် လို့တော့ မထင်ပါဘူး။ သူက မှားယွင်းတဲ့ ခန့်အပ်မှု ဖြစ်ခဲ့တယ်လို့ ကျနော် ခံစားရတယ်။ ဒါက ဘာသာစကား အခက်အခဲနဲ့လဲ ဆိုင်တယ်။ ဒါပေမယ့် သူက ပရိသတ် တွေနဲ့ အဆက်အသွယ် မရှိခဲ့ဘူး။ ”

” သတင်းစာရှင်းလင်းပွဲ အပြီး ကျနော်တို့ သူနဲ့စကားပြောတဲ့အခါ သူက ဘာသာပြန်ကနေတဆင့် စပိန်ဘာသာနဲ့ အင်တာဗျူးလုပ်တယ်။ သူ့ ဘာသာစကားက အများကြီး ပိုပြီး ရင်းရင်းနှီးနှီးရှိတယ်။ ရှင်းလင်းပါတယ်။ ၁၈လ ကြာနေပြီ။ သူ အင်္ဂလိပ်စကားကို လက်ခံနိုင်စရာ မပြောတတ်သေးဘူး။ သူ့ရဲ့ နည်းဗျူဟာ တွေက ဘာလဲ? ဖိအားပေး ကစားမှာလား? တန်ပြန်တိုက်စစ်လား? ပိုင်ဆိုင်မှု အသားပေးမှာလား? ကျနော်တို့ မသိရပါဘူး။ ”

“ကလပ်က နွေရာသီ မှာ သူ့ကို အစွမ်းကုန် ထောက်ခံပေးခဲ့ကြတယ်။ ဒီအသင်းက အဆင့်လေးထဲ ဝင်ဖို့ အေးဆေးပါပဲ။ မလုပ်နိုင်ခဲ့ရင်တော့ အမ်မရီ အတွက် ကျရှုံးမှု ဖြစ်လိမ့်မယ်။ အဲ့မှာ ကစားသမားကောင်း တွေ ရှိပြီးသားပါ။ တခြားကလပ်တွေကိုကြည့်ရင် အာဆင်နယ်က လက်စတာထက် ပိုကောင်းတဲ့ အသင်းကို ပိုင်ဆိူင်ထားတယ်။ ဒါပေမယ့် ဘရန်ဒန် ရော်ဂျာက ပိုကောင်းတဲ့ နည်းပြဖြစ်ပြီး သူ့ကစားသမား တွေရဲ့ အရည်အသွေး ကို အမ်မရီ ထက် ကောင်းကောင်း ထုတ်ပြနိူင်တယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

အခြား အားကစားကလောင်ရှင် မိုက်ခ်မက်ဂရက် ကလဲ အမ်းမရိတ်စ် ကွင်းက အမ်မရီရဲ့ နည်းပြဘဝ ဟာ အန္တရာယ် ရှိနေခဲ့တယ်ဆိုတာကို သဘောတူခဲ့ပေမယ့် ပီအက်စ်ဂျီ နဲ့ ဆီဗီလာ နည်းပြဟောင်း အနေနဲ့ အခြေအနေ တွေကို ပြောင်းလဲဖို့ အချိန်ပိုရလိမ့်မယ်လို့ သူက မျှော်လင့်နေပါတယ်။

“နည်းပြ တစ်ယောက်အနေနဲ့ သူ အမှားလုပ်ခဲ့တာတွေရှိတယ်။ X Factor စတိုင် ဦးဆောင်မှုက အားနည်းချက် ဖြစ်ခဲ့တယ်။ မင်းဟာ နည်းပြ တစ်ယောက် ဖြစ်ပြီး ကလပ်မှာ လစာအမြင့်ဆုံး ကစားသမား ရှိတယ်ဆိုရင် သူ့အတွက် နေရာရှာပေးဖို့က မင်းအလုပ်ပါ။ ဒါပေမယ့် အမ်မရီ ကို အချိန် ပိုပေးစေချင်တယ်။ သူဟာ မနှစ်က ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးဆုရှင်တစ်ယောက်ကို မွေးထုတ်ပေးခဲ့တယ်။ အာဆင်နယ် ပရိသတ်တွေကို လူးဝစ်ဇ်၊ ပီပီတို့နဲ့ ဝမ်းသာစေခဲ့တယ်။ လေးစားစရာ ကောင်းတဲ့ အသင်း ဖြစ်စေခဲ့တယ်။ ” လို့ ပြောဆိုသွားပါတယ်။

Zawgyi

အူနုိင္း အမ္မရီရဲ႕ အာဆင္နယ္ အသင္းဟာ ေနာ​က္ဆုံး ၉ပြဲကေန ၁၁မွတ္ ရရွိခဲ့ၿပီး ကာရာေဘာင္းဖလား ကလဲ ထြက္ခဲ့ရပါတယ္။ ပဲေလ့စ္၊ ဝုလ္ဗ္တို႔နဲ႔ အိမ္ကြင္း ႏွစ္ပြဲဆက္ အႏိူင္မရခဲ့ပဲ အမ္းမရိတ္စ္ ကြင္းမွာ သေဘာထားကြဲလြဲမႈေတြ ျဖစ္ခဲ့ကာ အသင္းေခါင္းေဆာင္ ရွာခါကိုယ္တိုင္ ၿပီးခဲ့တဲ့ အပတ္က ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈကို ခံခဲ့ရပါတယ္။

လက္ရွိ အ္ခ်ိန္မွာ အမ္မရီရဲ႕ ထိုင္ခုံေနရာက ၿခိမ္းေျခာက္မႈေတြ ရွိေနၿပီး ဟိုေဆးေမာ္ရင္ညိဳကလဲ အလားအလာ ရွိသူ တစ္ေယာက္ အျဖစ္ ထင္ေၾကးေပးခံေနရပါတယ္။ ကလပ္ရဲ႕ပရိသတ္ေတြနဲ႔ အမ္မရီၾကား ဆက္ဆံေရးဟာ လက္ရွိ ဆိုးဝါးတဲ့ ပုံစံေတြကို ေက်ာ္ျဖတ္ဖို႔ သူ႔အတြက္ လုံေလာက္မႈ မရွိခဲ့ဘူးလို႔ အားကစားကေလာင္ရွင္ ဂြၽန္ခေရာ့စ္က ဆိုပါတယ္။

“အမ္မရီက အာဆင္နယ္မွာ ၿပီးသြားၿပီလို႔ ထင္တယ္။ ခရစၥမတ္ မတိုင္ခင္ ဒါမွမဟုတ္ ထိပ္ဆုံးေလးသင္းထဲ မဝင္တဲ့အခါ သူ႔ကို ထုတ္ပယ္ၾကလိမ့္မယ္ လို႔ေတာ့ မထင္ပါဘူး။ သူက မွားယြင္းတဲ့ ခန္႔အပ္မႈ ျဖစ္ခဲ့တယ္လို႔ က်ေနာ္ ခံစားရတယ္။ ဒါက ဘာသာစကား အခက္အခဲနဲ႔လဲ ဆိုင္တယ္။ ဒါေပမယ့္ သူက ပရိသတ္ ေတြနဲ႔ အဆက္အသြယ္ မရွိခဲ့ဘူး။ ”

” သတင္းစာရွင္းလင္းပြဲ အၿပီး က်ေနာ္တို႔ သူနဲ႔စကားေျပာတဲ့အခါ သူက ဘာသာျပန္ကေနတဆင့္ စပိန္ဘာသာနဲ႔ အင္တာဗ်ဴးလုပ္တယ္။ သူ႔ ဘာသာစကားက အမ်ားႀကီး ပိုၿပီး ရင္းရင္းႏွီးႏွီးရွိတယ္။ ရွင္းလင္းပါတယ္။ ၁၈လ ၾကာေနၿပီ။ သူ အဂၤလိပ္စကားကို လက္ခံႏိုင္စရာ မေျပာတတ္ေသးဘူး။ သူ႔ရဲ႕ နည္းဗ်ဴဟာ ေတြက ဘာလဲ? ဖိအားေပး ကစားမွာလား? တန္ျပန္တိုက္စစ္လား? ပိုင္ဆိုင္မႈ အသားေပးမွာလား? က်ေနာ္တို႔ မသိရပါဘူး။ ”

“ကလပ္က ေႏြရာသီ မွာ သူ႔ကို အစြမ္းကုန္ ေထာက္ခံေပးခဲ့ၾကတယ္။ ဒီအသင္းက အဆင့္ေလးထဲ ဝင္ဖို႔ ေအးေဆးပါပဲ။ မလုပ္ႏိုင္ခဲ့ရင္ေတာ့ အမ္မရီ အတြက္ က်ရွံဳးမႈ ျဖစ္လိမ့္မယ္။ အဲ့မွာ ကစားသမားေကာင္း ေတြ ရွိၿပီးသားပါ။ တျခားကလပ္ေတြကိုၾကည့္ရင္ အာဆင္နယ္က လက္စတာထက္ ပိုေကာင္းတဲ့ အသင္းကို ပိုင္ဆိူင္ထားတယ္။ ဒါေပမယ့္ ဘရန္ဒန္ ေရာ္ဂ်ာက ပိုေကာင္းတဲ့ နည္းျပျဖစ္ၿပီး သူ႔ကစားသမား ေတြရဲ႕ အရည္အေသြး ကို အမ္မရီ ထက္ ေကာင္းေကာင္း ထုတ္ျပႏိူင္တယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

အျခား အားကစားကေလာင္ရွင္ မိုက္ခ္မက္ဂရက္ ကလဲ အမ္းမရိတ္စ္ ကြင္းက အမ္မရီရဲ႕ နည္းျပဘဝ ဟာ အႏၲရာယ္ ရွိေနခဲ့တယ္ဆိုတာကို သေဘာတူခဲ့ေပမယ့္ ပီအက္စ္ဂ်ီ နဲ႔ ဆီဗီလာ နည္းျပေဟာင္း အေနနဲ႔ အေျခအေန ေတြကို ေျပာင္းလဲဖို႔ အခ်ိန္ပိုရလိမ့္မယ္လို႔ သူက ေမွ်ာ္လင့္ေနပါတယ္။

“နည္းျပ တစ္ေယာက္အေနနဲ႔ သူ အမွားလုပ္ခဲ့တာေတြရွိတယ္။ X Factor စတိုင္ ဦးေဆာင္မႈက အားနည္းခ်က္ ျဖစ္ခဲ့တယ္။ မင္းဟာ နည္းျပ တစ္ေယာက္ ျဖစ္ၿပီး ကလပ္မွာ လစာအျမင့္ဆံုး ကစားသမား ရွိတယ္ဆိုရင္ သူ႔အတြက္ ေနရာရွာေပးဖို႔က မင္းအလုပ္ပါ။ ဒါေပမယ့္ အမ္မရီ ကို အခ်ိန္ ပိုေပးေစခ်င္တယ္။ သူဟာ မႏွစ္က ပရီးမီးယားလိဂ္ ဂိုးသြင္းအမ်ားဆုံးဆုရွင္တစ္ေယာက္ကို ေမြးထုတ္ေပးခဲ့တယ္။ အာဆင္နယ္ ပရိသတ္ေတြကို လူးဝစ္ဇ္၊ ပီပီတို႔နဲ႔ ဝမ္းသာေစခဲ့တယ္။ ေလးစားစရာ ေကာင္းတဲ့ အသင္း ျဖစ္ေစခဲ့တယ္။ ” လို႔ ေျပာဆိုသြားပါတယ္။