ဒီအပတ်မှာလည်း ဝေဖန်မှုတွေ ပွက်လောညံခဲ့တဲ့နောက် VAR ကို လက်မခံသူတွေ ပိုများလာခဲ့ပြီး စကိုင်းစပေါ့မှ ဘောလုံးသုံးသပ်သူ ကာရေဂါက သူဟာ နည်းပညာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မနှစ်သက်တော့ပါဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

အဲဗာတန်က စပါးနဲ့ ၁-၁ သရေကျတဲ့ပွဲမှာ VAR ရဲ့ အားနည်းချက်ကို ထပ်မြင်ခဲ့ရတာဖြစ်ပြီး အယ်လီရဲ့ လက်ထိဘော ဆုံးဖြတ်ချက် မီနာရဲ့ ဆွန်နဲ့ ထိပ်တိုက်တွေ့မှုတွေလည်း ပါဝင်ခဲ့တယ်။ အဆိုပါပွဲ မတိုင်ခင်ကလည်း အက်စတွန်ဗီလာနဲ့ လီဗာပူးပွဲမှာ အမှတ်ပေးဇယား ဦးဆောင်သူတွေကို ထိခိုက်မှု ကြီးစေမယ့် ဆုံးဖြတ်ချက်ကို VAR တာဝန်ရှိသူတွေက လုပ်ခဲ့သေးတာဖြစ်ပါတယ်။။

အစောပိုင်းကာလတွေမှာ VAR စနစ် တိုးတက်ဖို့ လိုသေးတယ်လို့ ယူဆတာကြောင့် ထောက်ခံမှု ဆက်လုပ်ခဲ့တဲ့ ကာရေဂါက စနစ်ရဲ့ မတိုးတက်လာမှုကို အတော်လေး စိတ်ပျက်နေခဲ့ပြီး ဆက်လက်သုံးဖို့ မသင့်တော့ဘူးဆိုကာ ထောက်ခံမှုကို ရပ်တန့်ခဲ့တာဖြစ်ပါတယ်။

ကာရေဂါက ” ရာသီစတုန်းက ဒီအကြောင်းတွေပြောခဲ့ပြီး လူမှုကွန်ယက်ကနေ စနစ်ကို အကောင်းဆုံး တုန့်ပြန်ပေပးခဲ့တယ်။ ကျနော်က ဘယ်တော့ VAR နဲ့ ပက်သက်ပြီး ပရိုလည်း ဖြစ်မှာ မဟုတ်ဘူး။ အခွင့်အရေးပေးသင့်တယ်လို့ ယူဆပြီး လူတွေက မကောင်းမြင်တဲ့ အနေအထားမှာ ဆက်လက် လုပ်ဆောင်ဖို့ ထောက်ခံအားပေးသင့်တယ်လို့ ကျနော် ယူဆခဲ့တယ်။

VAR က ကျနော်တို့ပွဲကို ကူညီဖို့ဖြစ်ပြီး ကျနော်တို့ရဲ့ ပွဲတွေဆိုတာက ကစားသမားတွေတင်မကပဲ ပရိသတ်တွေ၊ သုံးသပ်သူတွေ၊ ပိုင်ရှင်တွေ အတွက်ကောပါပဲ။ ကမ္ဘာအကောင်းဆုံး ပြိုင်ပွဲကို ပိုကောင်းလာအောင် ဘယ်လိုလုပ်မလဲ။ ဘယ်လို ရွှေ့လျားကြမလဲ။ ဒါကြောင့် ကျနော် ထောက်ခံခဲ့တာပါ။ ဘယ်သူမှ ရပ်မနေပါဘူး။ အခြားသော အားကစားတွေကလည်း တိုးတက်လာနေကြတာဖြစ်တယ်။

အခုတော့ ကျနော် ပြန်ကြည့်ပြီး ပြန်စဉ်းစားမိနေသလို ဒီထပ်လည်း ပိုပြီး အငြင်းမပွားနိုင်တော့ပါဘူး။ VAR နဲ့ ပက်သက်ပြီး လူတွေ အငြင်းပွားနေကြတာကို နားထောင်နေရတာ ပင်ပန်းလှပါတယ်။ အခုချိန်မှာ ကျနော်က VAR ကို အလိုမရှိသူ ဖြစ်နေပါပြီ။ ပရီးမီးယားလိဂ်မှာ VAR ကို ဘယ်လိုသုံးနေတယ်ဆိုတာ မြင်ရတဲ့နောက် ဒီစနစ်ကို ဆက်ပြီး မထောက်ခံတော့ပါဘူး ” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာလည္း ေဝဖန္မႈေတြ ပြက္ေလာညံခဲ့တဲ့ေနာက္ VAR ကို လက္မခံသူေတြ ပိုမ်ားလာခဲ့ျပီး စကိုင္းစေပါ့မွ ေဘာလံုးသံုးသပ္သူ ကာေရဂါက သူဟာ နည္းပညာပိုင္းဆိုင္ရာ ဆံုးျဖတ္ခ်က္ေတြကို မႏွစ္သက္ေတာ့ပါဘူးလို႔ ထုတ္ေျပာခဲ့ပါတယ္။

အဲဗာတန္က စပါးနဲ႔ ၁-၁ သေရက်တဲ့ပြဲမွာ VAR ရဲ႕ အားနည္းခ်က္ကို ထပ္ျမင္ခဲ့ရတာျဖစ္ျပီး အယ္လီရဲ႕ လက္ထိေဘာ ဆံုးျဖတ္ခ်က္ မီနာရဲ႕ ဆြန္နဲ႔ ထိပ္တိုက္ေတြ႔မႈေတြလည္း ပါဝင္ခဲ့တယ္။ အဆိုပါပြဲ မတိုင္ခင္ကလည္း အက္စတြန္ဗီလာနဲ႔ လီဗာပူးပြဲမွာ အမွတ္ေပးဇယား ဦးေဆာင္သူေတြကို ထိခိုက္မႈ ၾကီးေစမယ့္ ဆံုးျဖတ္ခ်က္ကို VAR တာဝန္ရွိသူေတြက လုပ္ခဲ့ေသးတာျဖစ္ပါတယ္။။

အေစာပိုင္းကာလေတြမွာ VAR စနစ္ တိုးတက္ဖို႔ လိုေသးတယ္လို႔ ယူဆတာေၾကာင့္ ေထာက္ခံမႈ ဆက္လုပ္ခဲ့တဲ့ ကာေရဂါက စနစ္ရဲ႕ မတိုးတက္လာမႈကို အေတာ္ေလး စိတ္ပ်က္ေနခဲ့ျပီး ဆက္လက္သံုးဖို႔ မသင့္ေတာ့ဘူးဆိုကာ ေထာက္ခံမႈကို ရပ္တန္႔ခဲ့တာျဖစ္ပါတယ္။

ကာေရဂါက ” ရာသီစတုန္းက ဒီအေၾကာင္းေတြေျပာခဲ့ျပီး လူမႈကြန္ယက္ကေန စနစ္ကို အေကာင္းဆံုး တုန္႔ျပန္ေပပးခဲ့တယ္။ က်ေနာ္က ဘယ္ေတာ့ VAR နဲ႔ ပက္သက္ျပီး ပရိုလည္း ျဖစ္မွာ မဟုတ္ဘူး။ အခြင့္အေရးေပးသင့္တယ္လို႔ ယူဆျပီး လူေတြက မေကာင္းျမင္တဲ့ အေနအထားမွာ ဆက္လက္ လုပ္ေဆာင္ဖို႔ ေထာက္ခံအားေပးသင့္တယ္လို႔ က်ေနာ္ ယူဆခဲ့တယ္။

VAR က က်ေနာ္တုိ႔ပြဲကို ကူညီဖို႔ျဖစ္ျပီး က်ေနာ္တို႔ရဲ႕ ပြဲေတြဆိုတာက ကစားသမားေတြတင္မကပဲ ပရိသတ္ေတြ၊ သံုးသပ္သူေတြ၊ ပိုင္ရွင္ေတြ အတြက္ေကာပါပဲ။ ကမၻာအေကာင္းဆံုး ျပိဳင္ပြဲကို ပိုေကာင္းလာေအာင္ ဘယ္လိုလုပ္မလဲ။ ဘယ္လို ေရႊ႔လ်ားၾကမလဲ။ ဒါေၾကာင့္ က်ေနာ္ ေထာက္ခံခဲ့တာပါ။ ဘယ္သူမွ ရပ္မေနပါဘူး။ အျခားေသာ အားကစားေတြကလည္း တိုးတက္လာေနၾကတာျဖစ္တယ္။

အခုေတာ့ က်ေနာ္ ျပန္ၾကည့္ျပီး ျပန္စဥ္းစားမိေနသလို ဒီထပ္လည္း ပိုျပီး အျငင္းမပြားႏုိင္ေတာ့ပါဘူး။ VAR နဲ႔ ပက္သက္ျပီး လူေတြ အျငင္းပြားေနၾကတာကို နားေထာင္ေနရတာ ပင္ပန္းလွပါတယ္။ အခုခ်ိန္မွာ က်ေနာ္က VAR ကို အလိုမရွိသူ ျဖစ္ေနပါျပီ။ ပရီးမီးယားလိဂ္မွာ VAR ကို ဘယ္လိုသံုးေနတယ္ဆိုတာ ျမင္ရတဲ့ေနာက္ ဒီစနစ္ကို ဆက္ျပီး မေထာက္ခံေတာ့ပါဘူး ” လို႔ ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။