ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ ကိုဗက်ကို တနင်္ဂနွေနေ့ကပဲ ထုတ်ပယ်လိုက်တဲ့နောက် ထိုအဖြစ်အပျက်ဟာ ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ နည်းပြ ဆိုးရှားနဲ့ ပတ်သတ်ကာ အမျက်ထွက်စရာ ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်က စနေနေ့ညမှာ ဖရန့်ဖတ်ကို အံ့အားသင့်ဖွယ် ၅-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ရက်မှာပဲ ကိုဗက် ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။
ဘိုင်ယန်က ဒီရာသီ စွမ်းဆောင်ရည် ကျဆင်းနေတဲ့ ကိုဗက်ကို ထွက်ခွာခွင့်ပြုလိုက်ပြီလို့ ကြေငြာခဲ့တာပါ။ ဘိုင်ယန်မြူးနစ်က လက်ရှိ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ ဒါပေမယ့် ဘိုင်ယန်ဘုတ် အဖွဲ့ကတော့ ပြီးခဲ့တဲ့ နှစ်ရာသီဆက် အမှတ်ပေးဖလား ဗိုလ်စွဲစေခဲ့တဲ့ နည်းပြ ဖြစ်သူကို လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဂျာမန်ကလပ်ရဲ့ ပြတ်ပြတ်သားသား လုပ်ဟန်ကို မြင်ရတဲ့ ယူနိုက်တက် ပရိသတ်တွေကတော့ အမျက်ထွက်နေကြပြီး ကိုဗက် တစ်ယောက် ဘိုင်ယန်ကို အဆင့် ၄ နေရာမှာ ရှိစေခဲလို့ ထုတ်ပယ်ခံခဲ့ရပေမယ့် နည်းပြ ဆိုးရှားကတော့ အိုးထရက်ဖို့မှာ မြဲမြံနေခြင်းအပေါ် မှတ်ချက်ပေးမှုတွေ တွစ်တာမှ ပလူပျံခဲ့ပြန်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် သမိုင်းကြောင်းမှာ အဆိုးဝါးဆုံး ရာသီအစ ပိုင်ဆိုင်ထားပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ စနေကပဲ ဘုန်းမောက်ကို ၁-၀ နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ကာ အခြေအနေဆိုးများ ဆက်လက် ရှိနေဆဲပါ။ ဒါကြောင့် ယူနိုက်တက်ကလည်း ဘိုင်ယန်လို ဘာလို့ ပြတ်ပြတ် မလုပ်သလဲလို့ မေးခွန်းထုတ်မှုတွေ ထွက်ပေါ်နေပါတယ်။ ယူနိုက်တက် ပရိသတ်တွေရဲ့ တွစ်တာက ပေါက်ကွဲမှုတွေက အောက်ပါ အတိုင်းပါ။
” ဘိုင်ယန်က အဆင့် ၄ မှာ နေရလို့ ကိုဗက်ကို ထုတ်လိုက်တဲ့ အချိန်မှာ ယူနိုက်တက်က အဆင့် ၁၀ မှာ။ ကျနေ်ာတို့ကတော့ ‘ အိုလေနဲ့ ပတ်သတ်ပြီး စိတ်ရှည်ရမယ် ‘ လို့ ပြောတာ ခံနေရတယ်။ ဘုန်းမောက်ကို ၁-၀ နဲ့ ရှုံးတာကိုတောင်နော်။ ”
” ဘိုင်ယန်က ရှက်စရာ ပွဲရလဒ်အပြီးမှာ ကိုဗက်ကို ထုတ်လိုက်တယ်။ ကလပ်အသင်းကြီး ဆိုတာ ဒီလိုပဲ။ -ျီးထုပ်ကိစ္စတွေ လက်မခံဘူး။ ယူနိုက်တက်မှာတော့ ဘာမှ အားရစရာ မရှိတာကို အသားကျနေပြီ။ ငါတို့ မန်နေဂျာကလည်း နောက် ၃ နှစ်လောက် အေးဆေးပဲ ထုတ်ခံရမှာ မဟုတ်ဘူး။ ”
” လိုင်ယန်က ပြီးခဲ့တဲ့ ရာသီ ဖလားတွေ ယူပေးခဲ့တဲ့ နည်းပြကို ထုတ်လိုက်တယ်။ ဒီအချိန်မှာ ငါတို့ ချစ်လှစွာသော ကလပ်အသင်း မန်ယူနိုက်တက်ကတော့ အိုလေး (ဆိုးရှား) အပေါ်မှာ သစ္စာရှိနေဆဲပါ။ သူက ကလပ်အသင်း ဂန္တဝင်ဆိုတော့လေ။ ”
” ဘိုင်ယန်တောင် ကိုဗက်ကို ထုတ်လိုက်ပြီ။ မန်ယူနိုက်တက်က ဘာကို စောင့်နေတယ်။ အခုပဲ အိုလေ (ဆိုးရှား)ကို ထုတ်လိုက်တော့။ ”
တချို့သော ယူနိုက်တက် ပရိသတ်တွေကတော့ ကိုဗက်ကို ဆိုးရှားနေရာ အစားထိုး ခန့်အပ်သင့်ကြောင်း ထောက်ပြမှုတွေ ရှိနေပါတယ်။ ကိုဗက်က နာမည်ကျော် မဟုတ်ပေမယ့် ယူနိုက်တက် တိုက်စစ်မှ အဓိက ပြသနာ ဖြစ်နေတာကြောင့်လို့ ကိုဗက်က တိုးတက်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။
Zawgyi