ချယ်ဆီးဟာ အင်္ဂါနေ့မှာတော့ နယ်သာလန်ကလပ် အေဂျက်ကို အိမ်ကွင်းမှာ ဧည့်ခံရမယ့် ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိနေတာ ဒီပွဲမှာ ရလဒ်ကောင်းမယ်ဆိုရင် နောက်တစ်ဆင့်ကို တက်လှမ်းဖို့ရာ အားသာချက်ဖြစ်သွားမှာပါ။ အဆိုပါပွဲအတွက် မန်နေဂျာလမ်းပတ် ထုတ်သုံးနိုင်တဲ့ လူစာရင်းနဲ့ အခင်းအကျင်းကို ခန့်မှန်းဖော်ပြမှာ ဖြစ်ပါတယ်။

Formation: 4-2-3-1

ဂိုးသမားအဖြစ် ကီပါကို အသုံးပြုမှာဖြစ်ပြီး ခံစစ်အတွက်ကတော့ တိုမိုရီနဲ့ ဇူးမားကိုပဲ ဆက်လက် အသုံးပြုမှာပါ။ ခရစ်စတန်ဆန် ဒဏ်ရာကနေ ပြန်မကောင်းလာသေးသလို ရူဒီဂါ ရာနှုန်းပြည့် ကြံ့ခိုင်ဖို့ အချိန်ယူရဦးမယ့် အနေအထားဖြစ်တယ်။ ညာအစွန်မှာ ကွီတာက ရိစ်ဂျိမ်းကို ကျော်လွန်ပြီး နေရာရဖို့ ရှိကာ ဘယ်အစွန်မှာတော့ အီမာဆန်အစား အလွန်ဆို ပါဝင်ကစားလာဖို့ ရှိပါတယ်။ ပွဲဆက်တွေရှိတဲ့ အနေအထားမှာ ဒဏ်ရာပြဿနာကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။

ကွင်းလယ်မှာတော့ လာမယ့် ပရီးမီးယားလိဂ်ပွဲကို လွဲချော်တော့မယ့် ဂျော်ဂျင်ဟိုကို ဒီပွဲမှာ သေချာပေါက် ထည့်သုံးမှာပါ။ နောက်ထပ် တွဲဘက်အဖြစ်တော့ ကိုဗာဆစ်ကပဲ ပါဝင်သွားမှာဖြစ်ပြီး ကန်တီဒဏ်ရာက ရာနှုန်းပြည့် မသက်သာသေးပါဘူး။ သူတို့ နှစ်ဦးရဲ့ ထိပ်မှာတော့ မေဆန်မောင့်ကို ထားသွားမှာဖြစ်ပါတယ်။

ဘယ်ညာတောင်ပံတွေမှာ ပူလာဆစ်၊ ဝီလီယမ်နဲ့ အထောင်တိုက်စစ်မှာ အေဘရာဟမ်ကိုပဲ အသုံးပြုဖို့ရှိနေတယ်။ အိုဒွိုင်း ပုံစံကောင်းတွေရနေသလို ဘတ်ရှုဝါရီနဲ့ ဂျရူးလည်း ရှိပေမယ့် အကောင်းဆုံး ပုံစံတွေမှာ ရှိနေတဲ့ ကစားသမားတွေကို လူစာရင်းကနေ ချက်ခြင်း ထုတ်ပယ်လိုက်ဖို့ဆိုတာက စွန့်စားရာကျလို့ အရန်ခုံမှာပဲ ထားသွားမှာဖြစ်ကာ ဒုတိယပိုင်းမှ လူစားဝင်ခိုင်းဖို့ ရှိနေတာပါ။

အေဘရာဟမ်ဟာ အရင်အပတ်ကပွဲမှာ သွင်းဂိုး တစ်ဂိုး ရယူထားခဲ့ပြိး သူ့ရဲ့ ဒီရာသီ ချယ်ဆီးအတွက် မိနစ် ၃၀၀ ဂိုးမသွင်းနိုင်မှုကို အဆုံးသတ်ခဲ့ကာ ကလပ်အသင်းအတွက် ၁၀ ဂိုးမြောက် သွင်းဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ ဒီပွဲကို အနိုင်ရမယ်ဆိုရင်တော့ နောက်တစ်ဆင့်ကို တက်ဖို့ရာ အသာစီး ရသွားမှာလည်း ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ အဂၤါေန႔မွာေတာ့ နယ္သာလန္ကလပ္ ေအဂ်က္ကို အိမ္ကြင္းမွာ ဧည့္ခံရမယ့္ ခ်န္ပီယံလိဂ္ပြဲ ကစားရဖို႔ ရွိေနတာ ဒီပြဲမွာ ရလဒ္ေကာင္းမယ္ဆိုရင္ ေနာက္တစ္ဆင့္ကို တက္လွမ္းဖို႔ရာ အားသာခ်က္ျဖစ္သြားမွာပါ။ အဆိုပါပြဲအတြက္ မန္ေနဂ်ာလမ္းပတ္ ထုတ္သံုးႏုိင္တဲ့ လူစာရင္းနဲ႔ အခင္းအက်င္းကို ခန္႔မွန္းေဖာ္ျပမွာ ျဖစ္ပါတယ္။

Formation: 4-2-3-1

ဂိုးသမားအျဖစ္ ကီပါကို အသံုးျပဳမွာျဖစ္ျပီး ခံစစ္အတြက္ကေတာ့ တိုမိုရီနဲ႔ ဇူးမားကိုပဲ ဆက္လက္ အသံုးျပဳမွာပါ။ ခရစ္စတန္ဆန္ ဒဏ္ရာကေန ျပန္မေကာင္းလာေသးသလို ရူဒီဂါ ရာႏႈန္းျပည့္ ၾကံ႕ခိုင္ဖို႔ အခ်ိန္ယူရဦးမယ့္ အေနအထားျဖစ္တယ္။ ညာအစြန္မွာ ကီြတာက ရိစ္ဂ်ိမ္းကို ေက်ာ္လြန္ျပီး ေနရာရဖို႔ ရွိကာ ဘယ္အစြန္မွာေတာ့ အီမာဆန္အစား အလြန္ဆို ပါဝင္ကစားလာဖို႔ ရွိပါတယ္။ ပြဲဆက္ေတြရွိတဲ့ အေနအထားမွာ ဒဏ္ရာျပႆနာကို ေရွာင္ရွားဖို႔ ျဖစ္ပါတယ္။

ကြင္းလယ္မွာေတာ့ လာမယ့္ ပရီးမီးယားလိဂ္ပြဲကို လြဲေခ်ာ္ေတာ့မယ့္ ေဂ်ာ္ဂ်င္ဟိုကို ဒီပြဲမွာ ေသခ်ာေပါက္ ထည့္သံုးမွာပါ။ ေနာက္ထပ္ တြဲဘက္အျဖစ္ေတာ့ ကိုဗာဆစ္ကပဲ ပါဝင္သြားမွာျဖစ္ျပီး ကန္တီဒဏ္ရာက ရာႏႈန္းျပည့္ မသက္သာေသးပါဘူး။ သူတို႔ ႏွစ္ဦးရဲ႕ ထိပ္မွာေတာ့ ေမဆန္ေမာင့္ကို ထားသြားမွာျဖစ္ပါတယ္။

ဘယ္ညာေတာင္ပံေတြမွာ ပူလာဆစ္၊ ဝီလီယမ္နဲ႔ အေထာင္တုိက္စစ္မွာ ေအဘရာဟမ္ကိုပဲ အသံုးျပဳဖို႔ရွိေနတယ္။ အိုဒိြဳင္း ပံုစံေကာင္းေတြရေနသလို ဘတ္ရႈဝါရီနဲ႔ ဂ်ရူးလည္း ရွိေပမယ့္ အေကာင္းဆံုး ပံုစံေတြမွာ ရွိေနတဲ့ ကစားသမားေတြကို လူစာရင္းကေန ခ်က္ျခင္း ထုတ္ပယ္လိုက္ဖို႔ဆိုတာက စြန္႔စားရာက်လို႔ အရန္ခံုမွာပဲ ထားသြားမွာျဖစ္ကာ ဒုတိယပိုင္းမွ လူစားဝင္ခိုင္းဖို႔ ရွိေနတာပါ။

ေအဘရာဟမ္ဟာ အရင္အပတ္ကပြဲမွာ သြင္းဂိုး တစ္ဂိုး ရယူထားခဲ့ျပိး သူ႔ရဲ႕ ဒီရာသီ ခ်ယ္ဆီးအတြက္ မိနစ္ ၃၀၀ ဂိုးမသြင္းႏုိင္မႈကို အဆံုးသတ္ခဲ့ကာ ကလပ္အသင္းအတြက္ ၁၀ ဂိုးေျမာက္ သြင္းဂိုးကိုလည္း သြင္းယူႏုိင္ခဲ့တာ ျဖစ္ပါတယ္။ ခ်ယ္ဆီးဟာ ဒီပြဲကို အႏုိင္ရမယ္ဆိုရင္ေတာ့ ေနာက္တစ္ဆင့္ကို တက္ဖို႔ရာ အသာစီး ရသြားမွာလည္း ျဖစ္ပါတယ္။