လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ကွင်းလယ်ခံစစ်မှာ ခြေစွမ်းပြနေတဲ့ ဖာဘင်ညိုနေရာ အစားထိုးဖို့ရာ ကစားသမား ရှာတွေ့ခဲ့ပြီဖြစ်ပြီး လယ်လာနာကို အဆိုပါနေရာအတွက် သူ သဘောတွေ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

အက်စတွန်ဗီလာကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ဖာဘင်ညိုဟာ အရန်စာရင်းမှာပဲ ရှိနေခဲ့တယ်။ သူဟာ ဗီလာနဲ့ပွဲ အဝါကဒ်ရမယ်ဆိုရင် မန်စီးတီးနဲ့ပွဲကို လွဲချော်မှာဖြစ်လို့ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဗီလာနဲ့ ပွဲမှာ လယ်လာနာက ချိန်ဘာလိန်၊ ဂျိမ်းစ်မေနာ၊ နာဘီကိတ်တာတို့ အားလုံး အရန်ခုံမှာ ရှိနေစဉ် ဦးစားပေး ပွဲထွက် ပါဝင်ခွင့် ရခဲ့ပါတယ်။ ကလော့ပ်က အင်္ဂလန်သားရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဖာဘင်ညိုနေရာမှာ အစားထိုးဖို့အတွက် ကစားသမား ရှာရတာက မခက်ခဲခဲ့ဘူးလို့ ကလော့ပ်ရဲ့ ထောက်ခံပေးခြင်းကို ခံခဲ့ရတဲ့ လယ်လာနာကာ ကြားရက် အာဆင်နယ်ကို နိုင်တဲ့ ကာရာဘောင်း ပွဲမှာလည်း ကွင်းလယ်ကနေ ထိုကဲ့သို့ပဲ ပါဝင် ကစားခွင့် ရခဲ့ပါတယ်။

” (လယ်လာနာကို ရွေးချယ်ရတာက) ဒါက သိပ်မခက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗီလာနဲ့ ရင်ဆိုင် ကစားဖို့ ပြင်ဆင်တည်းက ဆုံးဖြတ်နိုင်ခဲ့တယ်။ ဒီ ကစားကွက်ထဲမှာ အဒမ် လယ်လာနာ ဘယ်လို ကောင်းကောင်း ကစားသွားလဲဆိုတာ အားလုံးလဲ မြင်ကြမယ် ထင်ပါတယ်။ ”

” ဗီလာနဲ့ ပွဲမှာ ကျနော်တို့ ဘောလုံးပိုင်ဆိုင်မှု များများနဲ့ ကစားသွားတယ်။ ကြားရက်ပွဲကနေ လယ်လာနာ ဘယ်လောက် ပြန်ကောင်းကောင်း အသင့် ဖြစ်နေပြီလဲ ကြည့်ဖို့ လိုခဲ့တယ်။ ဒါပေမယ့် သူက လုံး၀ ကောင်းမွန်နေတာ ဖြစ်လို့ အခက်အခဲ မရှိခဲ့ဘူး။ အဒမ်က ကောင်းကောင်း လုပ်ပြသွားတယ်။ ပွဲကောင်း ကစားသွားတယ်။ ဒီလို ပွဲမျိုးမှာ ကွင်းလယ်မှာ ပိုနေပြီး ဖန်တီးပေးနိုင်မယ့် ပလေးမိတ်ကာ ကစားသမားမျိုး လိုတယ်။ ဒါကို သူလုပ်ပေးနိုင်ခဲ့တယ်။ ”

” အဲဒီနေရာကနေ ဘောလုံးပေးရတယ် တို့ထိ လှည့်ထွက်တာတွေ အစရှိသဖြင့်ပေါ့ သူ အကုန်လုပ်ပေးခဲ့တယ်။ ဘောလုံး ပြန်ဆယ်တာ အများအပြား လုပ်ခဲ့တယ်။ လေထဲမှာလည်း ကောင်းခဲ့တယ်။ တကယ့် ပွဲကောင်းပါ။” လို့ ကလော့ပ် က ချီးကျူးခဲ့ပါတယ်။

အဒမ်လယ်လာနာနဲ့ လီဗာပူးအသင်းနဲ့ လက်ရှိစာချုပ်က ဒီရာသီ ကုန်ရင် ကုန်ဆုံးမှာ ဖြစ်ပေမယ့် ကလော့ပ်ကတော့ ထိုကိစ္စတွေ သူ မသိသေးကြောင်း တုန့်ပြန်ခဲ့ပါတယ်။

” မေမှာ ဘာတွေ ဖြစ်မလဲ ကျနော် မသိပါဘူး ဘယ်သူ့ကို မဆိုပါ။ ဒါပေမယ့် ဘောလုံးသမား အတွက် အကောင်းဆုံ အရာကတော့ အခွင့်အရေး ရတိုင်း ကောင်းကောင်း ကစားပြဖို့ပါ။ ဒါကို အဒမ် လုပ်ပြနေတယ်။ နှစ်ပွဲဆက် သူ ကစားထားတယ်။ မန်ချက်စတာယူနိုက်တက် နဲ့ ပွဲမှာလည်း သူ ကစားတာ ကောင်းခဲ့တယ်။ ပွဲတွေထဲ ကောင်းကောင်း ကစားသလို ထရိန်နင်မှာလည်း သူ အလန်းစား လုပ်ပြနေတာပါ။ ”

” ဒဏ်ရာတွေနဲ့ အချိန်ကြာ ရှိခဲ့ပေမယ့် သူက ကြံ့ခိုင်မှုပိုင်းပါ ကောင်းကောင်းနဲ့ ပြန်ကစားနေနိုင်တာ ဖြစ်တယ်။ ဒါက သူ့ကစားသမားဘ၀ အတွက် အရေးပါတဲ့ အရာ ဖြစ်တယ်။ ကျန်တဲ့ ကိစ္စတွေတော့ ကျနေ်ာတို့ ကြည့်ကြသေးတာပေါ့။” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပွဲကြပ်တွေ ဆက်တိုက် ကစားနေရပေမယ့် ဗီလာပါ့ခ်မှာ နိုင်ပွဲရအောင် ယူနိုင်ခဲ့ပြီး လာမယ့် အင်္ဂါနေ့ညမှာတော့ ဂျန့်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ကစားရဦးမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကြင္းလယ္ခံစစ္မွာ ေျခစြမ္းျပေနတဲ့ ဖာဘင္ညိဳေနရာ အစားထိုးဖို႔ရာ ကစားသမား ရွာေတြ႔ခဲ့ျပီျဖစ္ျပီး လယ္လာနာကို အဆိုပါေနရာအတြက္ သူ သေဘာေတြ႔တယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

အက္စတြန္ဗီလာကို ၂-၁ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ဖာဘင္ညိဳဟာ အရန္စာရင္းမွာပဲ ရွိေနခဲ့တယ္။ သူဟာ ဗီလာနဲ႔ပြဲ အဝါကဒ္ရမယ္ဆိုရင္ မန္စီးတီးနဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္လို႔ ခ်န္လွပ္ခံခဲ့ရတာျဖစ္ပါတယ္။ ဗီလာနဲ႕ ပြဲမွာ လယ္လာနာက ခ်ိန္ဘာလိန္၊ ဂ်ိမ္းစ္ေမနာ၊ နာဘီကိတ္တာတို႔ အားလံုး အရန္ခံုမွာ ရွိေနစဥ္ ဦးစားေပး ပြဲထြက္ ပါ၀င္ခြင့္ ရခဲ့ပါတယ္။ ကေလာ့ပ္က အဂၤလန္သားရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဖာဘင္ညိဳေနရာမွာ အစားထိုးဖို႔အတြက္ ကစားသမား ရွာရတာက မခက္ခဲခဲ့ဘူးလို႔ ကေလာ့ပ္ရဲ႕ ေထာက္ခံေပးျခင္းကို ခံခဲ့ရတဲ့ လယ္လာနာကာ ၾကားရက္ အာဆင္နယ္ကို နုိင္တဲ့ ကာရာေဘာင္း ပြဲမွာလည္း ကြင္းလယ္ကေန ထိုကဲ့သို႔ပဲ ပါ၀င္ ကစားခြင့္ ရခဲ့ပါတယ္။

” (လယ္လာနာကို ေရြးခ်ယ္ရတာက) ဒါက သိပ္မခက္ပါဘူး။ ဘာျဖစ္လို႕လဲဆိုေတာ့ ဗီလာနဲ႕ ရင္ဆိုင္ ကစားဖို႕ ျပင္ဆင္တည္းက ဆံုးျဖတ္နုိင္ခဲ့တယ္။ ဒီ ကစားကြက္ထဲမွာ အဒမ္ လယ္လာနာ ဘယ္လို ေကာင္းေကာင္း ကစားသြားလဲဆိုတာ အားလံုးလဲ ျမင္ၾကမယ္ ထင္ပါတယ္။ ”

” ဗီလာနဲ႕ ပြဲမွာ က်ေနာ္တို႔ ေဘာလံုးပိုင္ဆိုင္မႈ မ်ားမ်ားနဲ႕ ကစားသြားတယ္။ ၾကားရက္ပြဲကေန လယ္လာနာ ဘယ္ေလာက္ ျပန္ေကာငး္ေကာင္း အသင့္ ျဖစ္ေနျပီလဲ ၾကည့္ဖို႔ လိုခဲ့တယ္။ ဒါေပမယ့္ သူက လံုး၀ ေကာင္းမြန္ေနတာ ျဖစ္လို႔ အခက္အခဲ မရွိခဲ့ဘူး။ အဒမ္က ေကာင္းေကာင္း လုပ္ျပသြားတယ္။ ပြဲေကာင္း ကစားသြားတယ္။ ဒီလို ပြဲမ်ိဳးမွာ ကြင္းလယ္မွာ ပိုေနျပီး ဖန္တီးေပးနုိင္မယ့္ ပေလးမိတ္ကာ ကစားသမားမ်ိဳး လိုတယ္။ ဒါကို သူလုပ္ေပးနိုင္ခဲ့တယ္။ ”

” အဲဒီေနရာကေန ေဘာလံုးေပးရတယ္ တို႔ထိ လွည့္ထြက္တာေတြ အစရွိသျဖင့္ေပါ့ သူ အကုန္လုပ္ေပးခဲ့တယ္။ ေဘာလံုး ျပန္ဆယ္တာ အမ်ားအျပား လုပ္ခဲ့တယ္။ ေလထဲမွာလည္း ေကာင္းခဲ့တယ္။ တကယ့္ ပြဲေကာင္းပါ။” လို႔ ကေလာ့ပ္ က ခ်ီးက်ဴးခဲ့ပါတယ္။

အဒမ္လယ္လာနာနဲ႕ လီဗာပူးအသင္းနဲ႕ လက္ရွိစာခ်ဳပ္က ဒီရာသီ ကုန္ရင္ ကုန္ဆံုးမွာ ျဖစ္ေပမယ့္ ကေလာ့ပ္ကေတာ့ ထိုကိစၥေတြ သူ မသိေသးေၾကာင္း တုန္႔ျပန္ခဲ့ပါတယ္။

” ေမမွာ ဘာေတြ ျဖစ္မလဲ က်ေနာ္ မသိပါဘူး ဘယ္သူ႔ကို မဆိုပါ။ ဒါေပမယ့္ ေဘာလံုးသမား အတြက္ အေကာငး္ဆံု အရာကေတာ့ အခြင့္အေရး ရတိုင္း ေကာငး္ေကာင္း ကစားျပဖို႔ပါ။ ဒါကို အဒမ္ လုပ္ျပေနတယ္။ နွစ္ပြဲဆက္ သူ ကစားထားတယ္။ မန္ခ်က္စတာယူနိုက္တက္ နဲ႕ ပြဲမွာလည္း သူ ကစားတာ ေကာင္းခဲ့တယ္။ ပြဲေတြထဲ ေကာင္းေကာင္း ကစားသလို ထရိန္နင္မွာလည္း သူ အလန္းစား လုပ္ျပေနတာပါ။ ”

” ဒဏ္ရာေတြနဲ႕ အခ်ိန္ၾကာ ရွိခဲ့ေပမယ့္ သူက ၾကံ႕ခိုင္မႈပိုင္းပါ ေကာင္းေကာင္းနဲ႕ ျပန္ကစားေနနုိင္တာ ျဖစ္တယ္။ ဒါက သူ႔ကစားသမားဘ၀ အတြက္ အေရးပါတဲ့ အရာ ျဖစ္တယ္။ က်န္တဲ့ ကိစၥေတြေတာ့ က်ေန္ာတို႔ ၾကည့္ၾကေသးတာေပါ့။” လို႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ပြဲၾကပ္ေတြ ဆက္တိုက္ ကစားေနရေပမယ့္ ဗီလာပါ့ခ္မွာ နုိင္ပြဲရေအာင္ ယူနုိင္ခဲ့ျပီး လာမယ့္ အဂၤါေန႔ညမွာေတာ့ ဂ်န္႔အသင္းနဲ႕ ခ်န္ပီယံလိဂ္ အုပ္စုပြဲ ကစားရဦးမွာ ျဖစ္ပါတယ္။