လီဗာပူး ဘယ်အစွန်လူ ရော်ဘတ်ဆန်က ကလပ်အသင်း တိုက်စစ်သမား မာနေးရဲ့ ခြေစွမ်းကို အထူး ချီးကျူးခဲ့ပြီး ဒီနှစ်ဟာ မာနေးရဲ့နှစ် ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်သွားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် မာနေးဟာ လီဗာပူးရဲ့ အဓိက ကစားသမားဖြစ်ပြီး ဒီလတွေထဲမှာ ကလပ်အသင်းအတွက် တောက်ပတဲ့ ခြေစွမ်းတွေကို ဆက်တိုက် ပြသနေသူဖြစ်တယ်။ သူဟာ အသင်း အနိုင်ရဖို့ ကိုယ်တိုင် ဂိုးသွင်းနိုင်သလို ဂိုးထောက်ပံ့မှုတွေလည်း လုပ်နိုင်ကာ ကလပ်အသင်းရဲ့ သွင်းဂိုးတွေကို တာဝန်ယူပေးနေသူဖြစ်ပါတယ်။

လက်စတာနဲ့ပွဲ၊ စပါးနဲ့ပွဲတွေလို ပွဲကောင်းတွေအပြင် အက်စတွန်ဗီလာနဲ့ပွဲမှာ လီဗာပူး အနိုင်ရခဲ့ခြင်းက မာနေးရဲ့ စွမ်းဆောင်မှုကြောင့်ဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ်မှာလည်း သုံးပွဲကစား ကိုယ်တိုင် နှစ်ဂိုးသွင်းကာ ဂိုးထောက်ပံ့မှုှုလည်း နှစ်ကြိမ် လုပ်ထားနိုင်တယ်။ ရော်ဘတ်ဆန်ကတော့ ဆာလက်၊ ဗန်ဒိုက်တို့ တောက်ပခဲ့သလိုပဲ ဒီနှစ်က မာနေးရဲ့နှစ်ပါလို့ ထောက်ခံလိုက်ပါတယ်။

ရော်ဘတ်ဆန်က “ ကျနော် လီဗာပူးကို ရောက်လာကတည်းက မာနေးက အရမ်းကို ထူးချွန်နေတာ မြင်ရတယ်။ ဒါပေမယ့် ၂၀၁၉ ဟာ ဆာဒီယိုရဲ့ နှစ်ဖြစ်လာမယ်လို့ ထင်ပါတယ်။ သူက တကယ်ကို အလှည့်အပြောင်း ဖြစ်စေပြီး မနှစ်ကရာသီ ရွှေဖိနပ်ဆုကို အနိုင်ရသူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

မာနေးက လေ့ကျင့်ရေးမှာလည်း ကြိုးစားတယ် ထရန့်ရဲ့ ပေးမှုကို မာနေးလို အကောင်းဆုံး ခေါင်းတိုက်မှုကို ကျနော်တို့ အသင်းသားတွေ ဘယ်သူမှ လုပ်နိုင်မှာလဲ မဟုတ်ဘူး။ ဒါပေမယ့် အဲ့တာက လေ့ကျင့်ရေးမှာ ကျနော်တို့ ကြိုးစားနေတဲ့ အရာဖြစ်ပြီး အဆုံးသတ်နိုင်တာက ကံကောင်းပါတယ်။ အကောင်းဆုံးကတော့ ပွဲချိန် ၉၄ မိနစ်၊ ၉၅ မိနစ်တွေမှာ သွင်းနိုင်တာပေါ့ဗျာ။ တကယ်ကို မယုံနိုင်လောက်တဲ့ အဆုံးသတ်မှုပါပဲ။

ကျနော်တို့ ဆက်သွားဖို့ လိုပါတယ်။ ကျနော်တို့ အကောင်းဆုံးကို မရသေးပါဘူး။ အထူးသဖြင့် ပထမပိုင်းမှာပေါ့ ကျနော်တို့ ပိုကောင်းလာဖို့ လိုတယ်၊ ပိုကောင်းကောင်း ကစားနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျနော်တို့ အကောင်းဆုံး ကစားနိုင်တာ မဟုတ်ရင်တောင်မှ ပွဲတွေကို အနိုင်ရယူနိုင်တာကိုတော့ ပျော်ရွှင်မိပါတယ် ” လို့ ဆိုခဲ့တာပါ။

လီဗာပူးဟာ အမှတ်ပေးဇယားကို ၆ မှတ်ထိ ဖြတ်ထားတာဖြစ်ပြီး ဒီအပတ်မှာတော့ ဒုတိယနေရာက မန်စီးတီးကို အန်ဖီးမှာ ဧည့်ခံ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ZAWGYi

လီဗာပူး ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ကလပ္အသင္း တိုက္စစ္သမား မာေနးရဲ႕ ေျခစြမ္းကို အထူး ခ်ီးက်ဴးခဲ့ျပီး ဒီႏွစ္ဟာ မာေနးရဲ႕ႏွစ္ ျဖစ္လာလိမ့္မယ္လို႔ ေဟာကိန္း ထုတ္သြားခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ မာေနးဟာ လီဗာပူးရဲ႕ အဓိက ကစားသမားျဖစ္ျပီး ဒီလေတြထဲမွာ ကလပ္အသင္းအတြက္ ေတာက္ပတဲ့ ေျခစြမ္းေတြကို ဆက္တိုက္ ျပသေနသူျဖစ္တယ္။ သူဟာ အသင္း အႏုိင္ရဖို႔ ကိုယ္တိုင္ ဂိုးသြင္းႏုိင္သလို ဂိုးေထာက္ပံ့မႈေတြလည္း လုပ္ႏုိင္ကာ ကလပ္အသင္းရဲ႕ သြင္းဂိုးေတြကို တာဝန္ယူေပးေနသူျဖစ္ပါတယ္။

လက္စတာနဲ႔ပြဲ၊ စပါးနဲ႔ပြဲေတြလို ပြဲေကာင္းေတြအျပင္ အက္စတြန္ဗီလာနဲ႔ပြဲမွာ လီဗာပူး အႏုိင္ရခဲ့ျခင္းက မာေနးရဲ႕ စြမ္းေဆာင္မႈေၾကာင့္ျဖစ္ျပီး ဒီရာသီ ခ်န္ပီယံလိဂ္မွာလည္း သံုးပြဲကစား ကိုယ္တိုင္ ႏွစ္ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈႈလည္း ႏွစ္ၾကိမ္ လုပ္ထားႏုိင္တယ္။ ေရာ္ဘတ္ဆန္ကေတာ့ ဆာလက္၊ ဗန္ဒိုက္တို႔ ေတာက္ပခဲ့သလိုပဲ ဒီႏွစ္က မာေနးရဲ႕ႏွစ္ပါလို႔ ေထာက္ခံလိုက္ပါတယ္။

ေရာ္ဘတ္ဆန္က “ က်ေနာ္ လီဗာပူးကို ေရာက္လာကတည္းက မာေနးက အရမ္းကို ထူးခၽြန္ေနတာ ျမင္ရတယ္။ ဒါေပမယ့္ ၂၀၁၉ ဟာ ဆာဒီယိုရဲ႕ ႏွစ္ျဖစ္လာမယ္လို႔ ထင္ပါတယ္။ သူက တကယ္ကို အလွည့္အေျပာင္း ျဖစ္ေစျပီး မႏွစ္ကရာသီ ေရႊဖိနပ္ဆုကို အႏုိင္ရသူေတြထဲက တစ္ဦးလည္း ျဖစ္ပါတယ္။

မာေနးက ေလ့က်င့္ေရးမွာလည္း ၾကိဳးစားတယ္ ထရန္႔ရဲ႕ ေပးမႈကို မာေနးလို အေကာင္းဆံုး ေခါင္းတိုက္မႈကို က်ေနာ္တုိ႔ အသင္းသားေတြ ဘယ္သူမွ လုပ္ႏုိင္မွာလဲ မဟုတ္ဘူး။ ဒါေပမယ့္ အဲ့တာက ေလ့က်င့္ေရးမွာ က်ေနာ္တုိ႔ ၾကိဳးစားေနတဲ့ အရာျဖစ္ျပီး အဆံုးသတ္ႏုိင္တာက ကံေကာင္းပါတယ္။ အေကာင္းဆံုးကေတာ့ ပြဲခ်ိန္ ၉၄ မိနစ္၊ ၉၅ မိနစ္ေတြမွာ သြင္းႏုိင္တာေပါ့ဗ်ာ။ တကယ္ကို မယံုႏုိင္ေလာက္တဲ့ အဆံုးသတ္မႈပါပဲ။

က်ေနာ္တို႔ ဆက္သြားဖို႔ လိုပါတယ္။ က်ေနာ္တုိ႔ အေကာင္းဆံုးကို မရေသးပါဘူး။ အထူးသျဖင့္ ပထမပိုင္းမွာေပါ့ က်ေနာ္တုိ႔ ပိုေကာင္းလာဖို႔ လိုတယ္၊ ပိုေကာင္းေကာင္း ကစားႏုိင္ဖို႔ လိုပါတယ္။ ဒါေပမယ့္ က်ေနာ္တုိ႔ အေကာင္းဆံုး ကစားႏုိင္တာ မဟုတ္ရင္ေတာင္မွ ပြဲေတြကို အႏုိင္ရယူႏုိင္တာကိုေတာ့ ေပ်ာ္ရႊင္မိပါတယ္ ” လို႔ ဆိုခဲ့တာပါ။

လီဗာပူးဟာ အမွတ္ေပးဇယားကို ၆ မွတ္ထိ ျဖတ္ထားတာျဖစ္ျပီး ဒီအပတ္မွာေတာ့ ဒုတိယေနရာက မန္စီးတီးကို အန္ဖီးမွာ ဧည့္ခံ ယွဥ္ျပိဳင္သြားရမွာျဖစ္ပါတယ္။