ဒီနွေမှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် ကွင်းလယ်လူ လယ်လာနာဟာ တရုတ်နဲ့ အမေရိကန်လိဂ်တွေကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

တယ်လီဂရပ်က ဖော်ပြလာတဲ့ သတင်းအရတော့ လီဗာပူးက လယ်လာနာကို စာချုပ်သစ်ပေးလိုပေမယ့် သူ့ကို စိတ်ဝင်စားတဲ့ ကလပ်တွေက ကမ်းလှမ်းမှုတွေ လုပ်မယ်ဆိုရင် ဇန်နဝါရီမှာပဲ ရောင်းချပေးနိုင်တယ်လို့လည်း သိရတယ်။ အင်္ဂလန်ကွင်းလယ်လူဟာ ဒီရာသီ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲအဖြစ် အက်စတွန်ဗီလာနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်တယ်။

အဝါကဒ်ရခဲ့မယ်ဆိုရင် မန်စီးတီးနဲ့ပွဲကို လွဲချော်နိုင်တဲ့ ကွင်းလယ်လူ ဖာဘင်ညိုကို အနားပေးခဲ့ချိန်မှာ ခံစစ်ကို ကူညီရတဲ့ ကစားသမားအဖြစ် လယ်လာနာ ပါဝင်ခဲ့ပြီး ၂-၁ နဲ့ အနိုင်ရခဲ့သေးတာပါ။ သူ့ရဲ့စာချုပ်ဟာ ရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပြီး လီဗာပူးဘက်က ကစားသမားနဲ စာချုပ်ကိစ္စ ဆွေးနွေးလိုနေပါသေးတယ်။ ကလော့ပ်ကလည်း လယ်လာနာရဲ့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ အရည်အချင်းတွေကို နှစ်သက်တာကြောင့် အဆိုပါကိစ္စကို သဘောတူထားတာပါ။

လယ်လာနာဟာ ကွင်းလယ်ခံစစ်၊ ကွင်းလယ်တိုက်စစ်အပြင် နေရာအတော်များများမှာ ကစားနိုင်ခြင်းကြောင့် သူ့ကို ဆက်ထိန်းထားတာက အရန်အင်အားအတွက် အကျိုးဖြစ်စေမှာပါ။ ဒါပေမယ့် အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ပုံမှန်ပွဲထွက်ခွင့် ရဖွယ်မရှိလို ကာလရှည် စာချုပ်လည်း ရမှာ မဟုတ်တာကြောင့် သူ့ ဘယ်လို ဆုံးဖြတ်မလဲဆိုတာ မသိရသေးခင်မှာပဲ တရုတ်ကလပ်တွေနဲ့ အမေရိကန် ကလပ်တွေဘက်က စိတ်ဝင်စားလာတာဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က “ မေလမှာ ဘာဖြစ်မယ်ဆိုတာ ကျနော် အသိအကျ မသိပါဘူး။ လူတိုင်းမှာ နည်းလမ်းရှိပြီး ကစားသမားတိုင်းအတွက် အကောင်းဆုံးကတော့ ပွဲကစားခွင့်တွေ ရလိုတာပါပဲ။ ဒါကပဲ အဒမ်လုပ်လိုတာပါ။ အခု သူက နှစ်ပွဲဆက် ကစားနိုင်တာပါ။ ယူနိုက်တက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာလည်း သူဝင်လာကာ ကောင်းကောင်းကစားနိုင်ခဲ့တယ်။

ကာလရှည်ကြာ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်လာရအပြီး သူက ရုပ်ပိုင်းဆိုင်ရာ သန်မာနေပါတယ်။ ဒါကပဲ ကစားသမားဘဝအတွက် အရေးကြီးဆုံးဖြစ်ပြီး ကျန်တာကတော့ ကျနော်တို့ ကြည့်ရမှာပေါ့ ” လို့ ဆိုခဲ့တာပါ။

၂၀၁၄ ခုနှစ်မှာ လီဗာပူးကို ဆောက်သမ်တန်ကနေ ပေါင် ၂၅ သန်းနဲ့ ပြောင်းလာခဲ့တဲ့ လယ်လာနာဟာ ကစားသမားဘဝ နောက်ဆုံး နှစ်တွေမှာ ဒဏ်ရာပြဿနာကြောင့် ပွဲထွက်ခွင့်တွေ နည်းပါးစွာပဲ ရရှိနေသူလည်း ဖြစ်ပါတယ်။

ZAWGYI

ဒီေႏြမွာ လီဗာပူးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ေတာ့မယ့္ ကြင္းလယ္လူ လယ္လာနာဟာ တရုတ္နဲ႔ အေမရိကန္လိဂ္ေတြကို ေျပာင္းေရႊ႔မယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ျပီျဖစ္ပါတယ္။

တယ္လီဂရပ္က ေဖာ္ျပလာတဲ့ သတင္းအရေတာ့ လီဗာပူးက လယ္လာနာကို စာခ်ဳပ္သစ္ေပးလိုေပမယ့္ သူ႔ကို စိတ္ဝင္စားတဲ့ ကလပ္ေတြက ကမ္းလွမ္းမႈေတြ လုပ္မယ္ဆိုရင္ ဇန္နဝါရီမွာပဲ ေရာင္းခ်ေပးႏုိင္တယ္လို႔လည္း သိရတယ္။ အဂၤလန္ကြင္းလယ္လူဟာ ဒီရာသီ ပထမဆံုးေသာ ပရီးမီးယားလိဂ္ပြဲအျဖစ္ အက္စတြန္ဗီလာနဲ႔ပြဲမွာ ပါဝင္ကစားခြင့္ရခဲ့တာျဖစ္တယ္။

အဝါကဒ္ရခဲ့မယ္ဆိုရင္ မန္စီးတီးနဲ႔ပြဲကို လြဲေခ်ာ္ႏုိင္တဲ့ ကြင္းလယ္လူ ဖာဘင္ညိဳကို အနားေပးခဲ့ခ်ိန္မွာ ခံစစ္ကို ကူညီရတဲ့ ကစားသမားအျဖစ္ လယ္လာနာ ပါဝင္ခဲ့ျပီး ၂-၁ နဲ႔ အႏုိင္ရခဲ့ေသးတာပါ။ သူ႔ရဲ႕စာခ်ဳပ္ဟာ ရာသီကုန္ရင္ ကုန္ဆံုးျပီျဖစ္ျပီး လီဗာပူးဘက္က ကစားသမားနဲ စာခ်ဳပ္ကိစၥ ေဆြးေႏြးလိုေနပါေသးတယ္။ ကေလာ့ပ္ကလည္း လယ္လာနာရဲ႕ ေခါင္းေဆာင္မႈစြမ္းရည္နဲ႔ အရည္အခ်င္းေတြကို ႏွစ္သက္တာေၾကာင့္ အဆိုပါကိစၥကို သေဘာတူထားတာပါ။

လယ္လာနာဟာ ကြင္းလယ္ခံစစ္၊ ကြင္းလယ္တိုက္စစ္အျပင္ ေနရာအေတာ္မ်ားမ်ားမွာ ကစားႏုိင္ျခင္းေၾကာင့္ သူ႔ကို ဆက္ထိန္းထားတာက အရန္အင္အားအတြက္ အက်ိဳးျဖစ္ေစမွာပါ။ ဒါေပမယ့္ အသက္ ၃၁ ႏွစ္အရြယ္ ကစားသမားဟာ ပံုမွန္ပြဲထြက္ခြင့္ ရဖြယ္မရွိလို ကာလရွည္ စာခ်ဳပ္လည္း ရမွာ မဟုတ္တာေၾကာင့္ သူ႔ ဘယ္လို ဆံုးျဖတ္မလဲဆိုတာ မသိရေသးခင္မွာပဲ တရုတ္ကလပ္ေတြနဲ႔ အေမရိကန္ ကလပ္ေတြဘက္က စိတ္ဝင္စားလာတာျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္က “ ေမလမွာ ဘာျဖစ္မယ္ဆိုတာ က်ေနာ္ အသိအက် မသိပါဘူး။ လူတိုင္းမွာ နည္းလမ္းရွိျပီး ကစားသမားတိုင္းအတြက္ အေကာင္းဆံုးကေတာ့ ပြဲကစားခြင့္ေတြ ရလိုတာပါပဲ။ ဒါကပဲ အဒမ္လုပ္လိုတာပါ။ အခု သူက ႏွစ္ပြဲဆက္ ကစားႏုိင္တာပါ။ ယူႏုိက္တက္ကို ရင္ဆုိင္ကစားတဲ့ပြဲမွာလည္း သူဝင္လာကာ ေကာင္းေကာင္းကစားႏုိင္ခဲ့တယ္။

ကာလရွည္ၾကာ ဒဏ္ရာျပႆနာေတြ ရင္ဆုိင္လာရအျပီး သူက ရုပ္ပိုင္းဆုိင္ရာ သန္မာေနပါတယ္။ ဒါကပဲ ကစားသမားဘဝအတြက္ အေရးၾကီးဆံုးျဖစ္ျပီး က်န္တာကေတာ့ က်ေနာ္တို႔ ၾကည့္ရမွာေပါ့ ” လို႔ ဆိုခဲ့တာပါ။

၂၀၁၄ ခုႏွစ္မွာ လီဗာပူးကို ေဆာက္သမ္တန္ကေန ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းလာခဲ့တဲ့ လယ္လာနာဟာ ကစားသမားဘဝ ေနာက္ဆံုး ႏွစ္ေတြမွာ ဒဏ္ရာျပႆနာေၾကာင့္ ပြဲထြက္ခြင့္ေတြ နည္းပါးစြာပဲ ရရွိေနသူလည္း ျဖစ္ပါတယ္။