ချယ်ဆီးအသင်းဟာ ရလဒ်ကောင်းများ ဆက်တိုက် ရယူနိုင်လာနေပြီ ဖြစ်ကာ စနေနေ့က ဝက်ဖို့ဒ်ကို နိုင်တဲ့ ပွဲပြီးနောက် ပရီးမီးယားလိဂ် ၅ ပွဲ ဆက် နိုင်ပွဲ ဆက်ခဲ့ပြီ ဖြစ်ပါတယ်။ ဖရန့်လမ်းပတ်ကတော့ ကလပ်အသင်း အနေနဲ့ နောက်ထပ် ခြေလှမ်းတစ်ရပ် ရှေ့ဆက်တိုးဖို့ လိုအပ်နေပြီး ထိုခြေလှမ်းကတော့ အသင်း ကစားပုံကို မိနစ် ကိုးဆယ်ပြည့် ထိန်းသိမ်း ကစားနိုင်ဖို့ပဲ ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း တစ်နေရာစာ အရယူထားပြီး ယူနိုက်တက် ထက် ၁၀ မှတ်၊ အာဆင်နယ် ထက် ၆ မှတ် အသာရထားကာ မန်စီးတီးနောက် နှစ်မှတ်သာ အကွာမှာ ရှိပါတယ်။ ဒီရာသီက ချယ်ဆီးအသင်းအတွက် အထင်ကြီးလောက် ဖွယ် အစကောင်းထားကာ ကလပ်စံချိန်တင် မှတ်တမ်း အဖြစ် အဝေးကွင်း ၇ ပွဲ ဆက် အနိုင်ပါ ရယူထားပါတယ်။

လမ်းပတ်ကတောာ့ စွမ်းဆောင်ရည်ကောင်းများကို အမြင့်ဆုံး အဆင့်မှာ ဆက်ထိန်းထားဖို့ တိုက်တွန်းလိုက်ပြီး လာမယ့် ပွဲစဉ်က အင်္ဂါနေ့ညမှာ အေဂျက်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ရင်ဆိုင် ကစားရဦးမှာ ဖြစ်ပါတယ်။

” တချို့ အချိန်မှာ ကျနော် အလိုရှိတဲ့ အတိုင်း ချယ်ဆီးအသင်းသားတွေ ခြေစွမ်းကောင်းတွေ သေချာထုတ်နိုင်ပေမယ့် တခါတလေ ဘောလုံး ခြေထဲ မရှိချိန်က လုပ်အားနှုန်း တချို့ တိုးတက်ဖို့ လိုနေပါတယ်။ ဒီနေ့က မတူညီတဲ့ ပွဲမျိုး ဖြစ်ပေမယ့် တချို့ပွဲတွေမှာ ကြိုးကြိုးစားစား တွန်းအားပေး ကစားရမှာ ဖြစ်ပါတယ်။ အေဂျက်နဲ့ အဝေးကွင်းပွဲ၊ လီဗာပူးနဲ့ ပွဲမျိုးတွေမှာပေါ့။ ”

” သူတို့ လေ့ကျင့်မှုတွေကနေ ကြံ့ခိုင်မှု အပြည့် ရှိနေတာက ကျနော် ကျေနပ်အားရ ဖြစ်ရတဲ့ ကိစ္စ တစ်ရပ်ပါ။ ဒီအတွက်လည်း ကျနော်တို့ သေချာ ပြင်ဆင် အလုပ်လုပ်ထားတာ ဖြစ်တယ်။ နောက်ပြီး ကစားပုံထဲမှာဆို ကွင်းလယ်နဲ့ ပေါင်းစပ် ချိတ်ဆက်တာ၊ ဘောလုံး လှည့်ယူတာ၊ တောင်ပံ ကစားသမားတွေက ပွဲထဲ မှာ ပါဝင်တာ အစရှိသဖြင့်ပေါ့။ ”

” ကျနော် နောက်ထပ် ရချင်တာဆိုရင် ဒီလို ကစားပုံ စွမ်းဆောင်ရည်မျိုးကို အချိန်ကြာကြာ ကစားနိုင်ဖို့ပါ။ ဒါက မလွယ်ပါဘူး ဒါပေမယ့် ဒိထက် ပိုပြီး ကြိုးစားရဦးမယ်။ ပွဲချိန် တော်တော်များများ ကစားပုံကို ကျနော် အားရပေမယ့် ဒိထက် ပိုကောင်းနိုင်ပါသေးတယ်။ ” လို့ လမ်းပတ်က ရှင်းလင်းပြောဆိုခဲ့ပါတယ်။

လမ်းပတ်ကတော့ သူ ကစားသမားတွေထံက တောင်းဆိုမှုတွေ များနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ပြိုင်ဘက်တွေကို လေးလေးစားစား ယှဉ်ပြိုင်ဖို့ အတွက် အမြဲ အသင့် ဖြစ်နောင်အောင် ပြင်ဆင်ကာ စဉ်ဆက်မပြတ် ကြိုးစားနေရမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ရလဒ္ေကာင္းမ်ား ဆက္တိုက္ ရယူနုိင္လာေနျပီ ျဖစ္ကာ စေနေန႔က ၀က္ဖို႔ဒ္ကို နုိင္တဲ့ ပြဲျပီးေနာက္ ပရီးမီးယားလိဂ္ ၅ ပဲြ ဆက္ နုိင္ပြဲ ဆက္ခဲ့ျပီ ျဖစ္ပါတယ္။ ဖရန္႔လမ္းပတ္ကေတာ့ ကလပ္အသင္း အေနနဲ႕ ေနာက္ထပ္ ေျခလွမ္းတစ္ရပ္ ေရွ႕ဆက္တိုးဖို႔ လိုအပ္ေနျပီး ထိုေျခလွမ္းကေတာ့ အသင္း ကစားပံုကို မိနစ္ ကိုးဆယ္ျပည့္ ထိန္းသိမ္း ကစားနုိင္ဖို႔ပဲ ျဖစ္ေၾကာင္း ရွင္းလင္းေျပာဆိုခဲ့ပါတယ္။

လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ အဆင့္ ၄ အတြင္း တစ္ေနရာစာ အရယူထားျပီး ယူနိုက္တက္ ထက္ ၁၀ မွတ္၊ အာဆင္နယ္္ ထက္ ၆ မွတ္ အသာရထားကာ မန္စီးတီးေနာက္ နွစ္မွတ္သာ အကြာမွာ ရွိပါတယ္။ ဒီရာသီက ခ်ယ္ဆီးအသင္းအတြက္ အထင္ၾကီးေလာက္ ဖြယ္ အစေကာင္းထားကာ ကလပ္စံခ်ိန္တင္ မွတ္တမ္း အျဖစ္ အေ၀းကြင္း ၇ ပြဲ ဆက္ အနုိင္ပါ ရယူထားပါတယ္။

လမ္းပတ္ကေတာာ့ စြမ္းေဆာင္ရည္ေကာင္းမ်ားကို အျမင့္ဆံုး အဆင့္မွာ ဆက္ထိန္းထားဖို႕ တိုက္တြန္းလိုက္ျပီး လာမယ့္ ပြဲစဥ္က အဂၤါေန႔ညမွာ ေအဂ်က္နဲ႕ ခ်န္ပီယံလိဂ္ အုပ္စုပြဲ ရင္ဆုိင္ ကစားရဦးမွာ ျဖစ္ပါတယ္။

” တခ်ိဳ႔ အခ်ိန္မွာ က်ေနာ္ အလိုရွိတဲ့ အတုိင္း ခ်ယ္ဆီးအသင္းသားေတြ ေျခစြမ္းေကာင္းေတြ ေသခ်ာထုတ္နုိင္ေပမယ့္ တခါတေလ ေဘာလံုး ေျခထဲ မရွိခ်ိန္က လုပ္အားနႈန္း တခ်ိဳ႕ တိုးတက္ဖို႔ လိုေနပါတယ္။ ဒီေန႔က မတူညီတဲ့ ပြဲမ်ိဳး ျဖစ္ေပမယ့္ တခ်ို႔ပြဲေတြမွာ ၾကိဳးၾကိဳးစားစား တြန္းအားေပး ကစားရမွာ ျဖစ္ပါတယ္။ ေအဂ်က္နဲ႕ အေ၀းကြင္းပြဲ၊ လီဗာပူးနဲ႕ ပြဲမ်ိဳးေတြမွာေပါ့။ ”

” သူတို႔ ေလ့က်င့္မႈေတြကေန ၾကံ႕ခိုင္မႈ အျပည့္ ရွိေနတာက က်ေနာ္ ေက်နပ္အားရ ျဖစ္ရတဲ့ ကိစၥ တစ္ရပ္ပါ။ ဒီအတြက္လည္း က်ေနာ္တို႔ ေသခ်ာ ျပင္ဆင္ အလုပ္လုပ္ထားတာ ျဖစ္တယ္။ ေနာက္ျပီး ကစားပံုထဲမွာဆို ကြင္းလယ္နဲ႕ ေပါင္းစပ္ ခ်ိတ္ဆက္တာ၊ ေဘာလံုး လွည့္ယူတာ၊ ေတာင္ပံ ကစားသမားေတြက ပြဲထဲ မွာ ပါ၀င္တာ အစရွိသျဖင့္ေပါ့။ ”

” က်ေနာ္ ေနာက္ထပ္ ရခ်င္တာဆိုရင္ ဒီလို ကစားပံု စြမ္းေဆာင္ရည္မ်ိဳးကို အခ်ိန္ၾကာၾကာ ကစားနုိင္ဖို႔ပါ။ ဒါက မလြယ္ပါဘူး ဒါေပမယ့္ ဒိထက္ ပိုျပီး ၾကိဳးစားရဦးမယ္။ ပြဲခ်ိန္ ေတာ္ေတာ္မ်ားမ်ား ကစားပံုကို က်ေနာ္ အားရေပမယ့္ ဒိထက္ ပိုေကာင္းနုိင္ပါေသးတယ္။ ” လို႔ လမ္းပတ္က ရွင္းလင္းေျပာဆိုခဲ့ပါတယ္။

လမ္းပတ္ကေတာ့ သူ ကစားသမားေတြထံက ေတာင္းဆိုမႈေတြ မ်ားေနတာ ျဖစ္ေကာင္း ျဖစ္နိုင္ေပမယ့္ ျပိဳင္ဘက္ေတြကို ေလးေလးစားစား ယွဥ္ျပိဳင္ဖုိ႔ အတြက္ အျမဲ အသင့္ ျဖစ္ေနာင္ေအာင္ ျပင္ဆင္ကာ စဥ္ဆက္မျပတ္ ၾကိဳးစားေနရမွာ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။