မန်ချက်စတာ စီးတီးနည်းပြ ပက်ဂွာဒီယိုလာက လီဗာပူး တိုက်စစ်မှူး ဆာဒီယို မာနေး ကို တမင် လဲကျချင်ယောင်ဆောင်တယ်လို့ ပြောဆိုခဲ့တာဟာ ဆီနီဂေါ ကစားသမားရဲ့ ခြိမ်းခြောက်မှုကို သူ ကြောက်လို့ဖြစ်တယ်လို့ ဂျင်မီရက်နပ်က ဆိုလာပါတယ်။ ထိုစကားကို ဒီတပတ် ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ ဂွာဒီယိုလာက ထည့်သွင်းပြောကြားခဲ့တာပါ။

တနင်္ဂနွေနေ့ မှာ ဖလားမျှော်လင့်နေတဲ့ အသင်းနှစ်သင်းကြား တွေ့ဆုံမှူ မတိုင်ခင် စီးတီးနည်းပြက စောစီးစွာပဲ စိတ်ဓာတ်စစ်ဆင်ရေးကို စတင်ခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ပတ် တွေ့ကြတဲ့အခါ သူ့အသင်းကို ဒုက္ခများစွာပေးမယ့် ပြိုင်ဘက်တိုက်စစ်အကြောင်း ပြောဆိုရာမှာ ဂွာဒီယိုလာက မာနေးဟာ ဟန်ဆောင်ရတာကို နှစ်သက်တယ်လို့ ပြောခဲ့တာပါ။

“တစ်ခါတစ်လေ သူက ဒိုင်ဗင်ထိုးတယ်။ တစ်ခါတစ်လေ သူက နောက်ဆုံးမိနစ်မှာ မယုံကြည်နိုင်စရာ ဂိုးတွေသွင်းနိင်တဲ့ အရည်အချင်း ရှိတယ်။ သူက ပါရမီရှင်ပါ။” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

မာနေးဟာ ပြီးခဲ့တဲ့ အက်စ်တွန်ဗီလာ နဲ့ပွဲမှာ အချိန်ပိုအနိုင်ဂိုး သွင်းယူခဲ့ပြီး ၂-၁ နဲ့ အနိူင်ရခဲ့တာကြောင့် ကလော့ပ်ရဲ့ အသင်းက ၆မှတ် အသာနဲ့ ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ စီးတီးဟာ မနှစ်ကလဲ အလားတူ ၇မှတ် နောက်ကျခဲ့ရာကနေ ပြန်လာခဲ့ပြီး သမိုင်းဝင် ဖလားသုံးလုံး ရယူခဲ့တာပါ။ ဒါပေမယ့် ၂၀၂၀ မှာတော့ မာဆေးကလပ်အတွက် ဖလားရရှိလိမ့်မယ်လို့ အများက ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံအတွက် ဖိအားတွေ ရှိနေပြီး ရက်နပ်က ဂွာဒီယိုလာဟာ သူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု ဘယ်လောက် ကြီးမားတယ် ဆိုတာ ကောင်းကောင်း နားလည်တယ်လို့ ဆိုပါတယ်။

“ဂွာဒီယိုလာက မာနေးနဲ့ ဒိုင်ဗင်အကြောင်း ပြောတာ ကြားရတာ အံ့အားသင့်စရာ ကောင်းတယ်။ နည်းပြတစ်ယောက် က ပြိုင်ဘက် ကစားသမား တစ်ယောက် အကြောင်းပြောတာ ကြားရတာ ထူးဆန်းတယ်။ ဒါပေမယ့် ဒါက တနင်္ဂနွေနေ့ ပွဲမတိုင်ခင် ဂွာဒီယိုလာ အနေနဲ့ မာနေးကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလို့ ကျနော် မထင်ဘူး။ ဒါက mind game ဒါမှမဟုတ် တမင် ပြောတာမျိုး မဟုတ်ပါဘူး။ ဂွာဒီယိုလာ က မာနေးရဲ့ ခြိမ်းခြောက်မှု ကို တကယ် ကြောက်လန့်နေတယ်လို့ ကျနော် ယုံကြည်တယ်။ ”

” စီးတီးနည်းပြရဲ့ စိတ်ထဲမှာ မာနေး ရှိတယ်။ အသက် ၂၇နှစ်အရွယ် ကစားသမားဟာ အခု လီဗာပူး ရဲ့ အရေးအပါဆုံး ကစားသမား ဆိုတာ သူ သိတယ်။ မာနေးဟာ ကလော့ပ်ရဲ့ နံပါတ်တစ် ကစားသမားပါ။ အက်စ်တွန်ဗီလာ နဲ့ ၆၅မိနစ်မှာ သူတို့တွေ ၁-ဝနဲ့ ရှုံးနေခဲ့ချိန်မှာ ကလော့ပ်က ဆာလက်ကို ထုတ်လိုက်တယ်။ ဒါက ကြီးမားတဲ့ လူစားလဲမှု ဖြစ်ခဲ့ပေမယ့် အောင်မြင်ခဲ့ပါတယ်။ အချိန်ပိုမှာ မာနေးဟာ သိပ်ကောင်းတဲ့ ခေါင်းတိုက်ချက်နဲ့ လီဗာပူး ကို အနိုင်ရစေခဲ့တယ်။ ” လို့ ရက်နပ်က ထောက်ပြခဲ့ပါတယ်။

လီဗာပူး ဟာ မနှစ်က စီးတီးနဲ့ ပရီးမီးယားလိဂ် နှစ်ပွဲလုံး အနိုင်မရခဲ့တာကြောင့် ရာသီကုန်မှာ တစ်မှတ်အကွာနဲ့ ဖလား လက်လွှတ်ခဲ့ရပါတယ်။ သူတို့ရဲ့ တစ်ပွဲထဲသော ရှုံးပွဲက အီသီဟဒ်မှာ ဖြစ်ခဲ့ပြီး အိမ်ကွင်းမှာတော့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ပြိုင်ဘက်အသင်းတွေက ဆန်းသစ်မှုတွေ လုပ်နေတဲ့အချိန် ကလော့ပ် ရဲ့ အသင်းကို ရက်နပ်က ပိုပြီး စွန့်စွန့်စားစား လုပ်ဆောင်နေစေချင်တာပါ။

“လီဗာပူး ဟာ မနှစ်က အန်ဖီးမှာ ဂိုးမရှိ သရေကျခဲ့သလိုမျိုး ထပ်မှားလို့ မရတော့ဘူး။ အခုနေ ပြန်စဉ်းစားကြည့်တော့ သုံးမှတ်ရသင့်တာကို တစ်မှတ်ပဲ ရနိူင်ခဲ့တာက အတော်လေး ဒုက္ခပေးခဲ့တယ်။ ဒီတနင်္ဂနွေမှာ သူတို့အနေနဲ့ အနိုင်ရဖို့ ကြိုးစားသင့်တယ်။ ” လို့ ရက်နပ်က ပြောဆိုခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာ စီးတီးနည္းျပ ပက္ဂြာဒီယိုလာက လီဗာပူး တိုက္စစ္မႉး ဆာဒီယို မာေနး ကို တမင္ လဲက်ခ်င္ေယာင္ေဆာင္တယ္လို႔ ေျပာဆိုခဲ့တာဟာ ဆီနီေဂါ ကစားသမားရဲ႕ ၿခိမ္းေျခာက္မႈကို သူ ေၾကာက္လို႔ျဖစ္တယ္လို႔ ဂ်င္မီရက္နပ္က ဆိုလာပါတယ္။ ထိုစကားကို ဒီတပတ္ ေဆာက္သမ္တန္နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ အျပီးမွာ ဂြာဒီယိုလာက ထည့္သြင္းေျပာၾကားခဲ့တာပါ။

တနဂၤေႏြေန႔ မွာ ဖလားေမွ်ာ္လင့္ေနတဲ့ အသင္းႏွစ္သင္းၾကား ေတြ႕ဆုံမႉ မတိုင္ခင္ စီးတီးနည္းျပက ေစာစီးစြာပဲ စိတ္ဓာတ္စစ္ဆင္ေရးကို စတင္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္တစ္ပတ္ ေတြ႕ၾကတဲ့အခါ သူ႔အသင္းကို ဒုကၡမ်ားစြာေပးမယ့္ ၿပိဳင္ဘက္တိုက္စစ္အေၾကာင္း ေျပာဆိုရာမွာ ဂြာဒီယိုလာက မာေနးဟာ ဟန္ေဆာင္ရတာကို ႏွစ္သက္တယ္လို႔ ေျပာခဲ့တာပါ။

“တစ္ခါတစ္ေလ သူက ဒိုင္ဗင္ထိုးတယ္။ တစ္ခါတစ္ေလ သူက ေနာက္ဆံုးမိနစ္မွာ မယုံၾကည္ႏိုင္စရာ ဂိုးေတြသြင္းနိင္တဲ့ အရည္အခ်င္း ရွိတယ္။ သူက ပါရမီရွင္ပါ။” လို႔ ဂြာဒီယိုလာက ေျပာဆိုခဲ့ပါတယ္။

မာေနးဟာ ၿပီးခဲ့တဲ့ အက္စ္တြန္ဗီလာ နဲ႔ပြဲမွာ အခ်ိန္ပိုအႏိုင္ဂိုး သြင္းယူခဲ့ၿပီး ၂-၁ နဲ႔ အႏိူင္ရခဲ့တာေၾကာင့္ ကေလာ့ပ္ရဲ႕ အသင္းက ၆မွတ္ အသာနဲ႔ ထိပ္ဆုံးမွာ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ စီးတီးဟာ မႏွစ္ကလဲ အလားတူ ၇မွတ္ ေနာက္က်ခဲ့ရာကေန ျပန္လာခဲ့ၿပီး သမိုင္းဝင္ ဖလားသုံးလုံး ရယူခဲ့တာပါ။ ဒါေပမယ့္ ၂၀၂၀ မွာေတာ့ မာေဆးကလပ္အတြက္ ဖလားရရွိလိမ့္မယ္လို႔ အမ်ားက ထင္ေၾကးေပးေနၾကတာ ျဖစ္ပါတယ္။ လက္ရွိခ်န္ပီယံအတြက္ ဖိအားေတြ ရွိေနျပီး ရက္နပ္က ဂြာဒီယိုလာဟာ သူရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈ ဘယ္ေလာက္ ၾကီးမားတယ္ ဆိုတာ ေကာင္းေကာင္း နားလည္တယ္လို႔ ဆိုပါတယ္။

“ဂြာဒီယိုလာက မာေနးနဲ႔ ဒိုင္ဗင္အေၾကာင္း ေျပာတာ ၾကားရတာ အံ့အားသင့္စရာ ေကာင္းတယ္။ နည္းျပတစ္ေယာက္ က ၿပိဳင္ဘက္ ကစားသမား တစ္ေယာက္ အေၾကာင္းေျပာတာ ၾကားရတာ ထူးဆန္းတယ္။ ဒါေပမယ့္ ဒါက တနဂၤေႏြေန႔ ပြဲမတိုင္ခင္ ဂြာဒီယိုလာ အေနနဲ႔ မာေနးကို ​​ေျခာက္လွန္႔ဖို႔ ႀကိဳးစားေနတာလို႔ က်ေနာ္ မထင္ဘူး။ ဒါက mind game ဒါမွမဟုတ္ တမင္ ေျပာတာမ်ိဳး မဟုတ္ပါဘူး။ ဂြာဒီယိုလာ က မာေနးရဲ႕ ၿခိမ္းေျခာက္မႈ ကို တကယ္ ေၾကာက္လန္႔ေနတယ္လို႔ က်ေနာ္ ယုံၾကည္တယ္။ ”

” စီးတီးနည္းျပရဲ႕ စိတ္ထဲမွာ မာေနး ရွိတယ္။ အသက္ ၂၇ႏွစ္အ႐ြယ္ ကစားသမားဟာ အခု လီဗာပူး ရဲ႕ အေရးအပါဆုံး ကစားသမား ဆိုတာ သူ သိတယ္။ မာေနးဟာ ကေလာ့ပ္ရဲ႕ နံပါတ္တစ္ ကစားသမားပါ။ အက္စ္တြန္ဗီလာ နဲ႔ ၆၅မိနစ္မွာ သူတို႔ေတြ ၁-၀နဲ႔ ရႈံးေနခဲ့ခ်ိန္မွာ ကေလာ့ပ္က ဆာလက္ကို ထုတ္လိုက္တယ္။ ဒါက ႀကီးမားတဲ့ လူစားလဲမႈ ျဖစ္ခဲ့ေပမယ့္ ေအာင္ျမင္ခဲ့ပါတယ္။ အခ်ိန္ပိုမွာ မာေနးဟာ သိပ္ေကာင္းတဲ့ ေခါင္းတိုက္ခ်က္နဲ႔ လီဗာပူး ကို အႏိုင္ရေစခဲ့တယ္။ ” လို႕ ရက္နပ္က ေထာက္ျပခဲ့ပါတယ္။

လီဗာပူး ဟာ မႏွစ္က စီးတီးနဲ႔ ပရီးမီးယားလိဂ္ ႏွစ္ပြဲလုံး အႏိုင္မရခဲ့တာ​ေၾကာင့္ ရာသီကုန္မွာ တစ္မွတ္အကြာနဲ႔ ဖလား လက္လႊတ္ခဲ့ရပါတယ္။ သူတို႔ရဲ႕ တစ္ပြဲထဲေသာ ရႈံးပြဲက အီသီဟဒ္မွာ ျဖစ္ခဲ့ၿပီး အိမ္ကြင္းမွာေတာ့ ဂိုးမရွိ သေရက်ခဲ့ပါတယ္။ ၿပိဳင္ဘက္အသင္းေတြက ဆန္းသစ္မႈေတြ လုပ္ေနတဲ့အခ်ိန္ ကေလာ့ပ္ ရဲ႕ အသင္းကို ရက္နပ္က ပိုၿပီး စြန္႔စြန္႔စားစား လုပ္ေဆာင္ေနေစခ်င္တာပါ။

“လီဗာပူး ဟာ မႏွစ္က အန္ဖီးမွာ ဂိုးမရွိ သေရက်ခဲ့သလိုမ်ိဳး ထပ္မွားလို႔ မရေတာ့ဘူး။ အခုေန ျပန္စဥ္းစားၾကည့္ေတာ့ သုံးမွတ္ရသင့္တာကို တစ္မွတ္ပဲ ရႏိူင္ခဲ့တာက အေတာ္ေလး ဒုကၡေပးခဲ့တယ္။ ဒီတနဂၤေႏြမွာ သူတို႔အေနနဲ႔ အႏိုင္ရဖို႔ ႀကိဳးစားသင့္တယ္။ ” လို႔ ရက္နပ္က ေျပာဆိုခဲ့ပါတယ္။