ချယ်ဆီးအသင်းဟာ ပြည်ပမှ လူငယ်ကစားသမားတွေကို ခေါ်ယူရာမှာ ဖီဖာရဲ့ စည်းမျဉ်းတွေ ချိုးဖောက်တဲ့အတွက် အပြောင်းအရွှေ့ ပိတ် ပြစ်ဒဏ် ကျခံနေရပြီး ထိုအတွက် အယူခံတင်မှုကို စစ်ဆေးမယ့်ရက်အား အားကစား ခုံရုံးက ကြေငြာလိုက်ပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ အမှီ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ အတွက် နိုဝင်ဘာ ၂၀ ရက်နေ့မှာ စစ်ဆေးမယ်လို့ CAS က အတည်ပြု ထုတ်ပြန်ခဲ့တာပါ။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ နှစ်ကြိမ် ပိတ်ခံခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေက တစ်ကြိမ် ကျခံခဲ့ပြီး ဖြစ်လို့ ပြစ်ဒဏ်တဝက် ပြီးစီးခဲ့ပြီ ဆိုနိုင်ပါတယ်။ ချယ်ဆီးအသင်းနဲ့ တာဝန်ရှိသူတွေက ပြစ်ဒဏ်ကို ဆိုင်းငံ့တာမျိုး မလုပ်ခဲ့ဘဲ လမ်းပတ် စတင် ကိုင်တွယ်တည်းက ပြစ်ဒဏ်ကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီး အသင်းက ဖီဖာထံ အယူခံဝင်ခဲ့သေးပေမယ့် ဖီဖာစည်းကမ်း ထိန်းသိမ်းရေးကတော့ ချယ်ဆီးဟာ လူငယ်ကစားသမား အယောာက် ၇၀ ကို ခေါ်ယူတဲ့ ကိစ္စမှာ စည်းမျဉ်း အခု ၅၀ ချိုးဖောက်ခဲ့တယ်လို့ အကြောင်းပြန်ကာ အယူခံ ပယ်ချခဲ့ပါတယ်။

ချယ်ဆီးအသင်းဘက်ကတော့ ကလပ်အသင်းဟာ မှားယွင်းတဲ့လုပ်ရပ် မလုပ်ဘူးလို့ ငြင်းဆန်ခဲ့ကာ အားကစားခုံရုံးထံ ဆက်လက် အယူခံ တင်ခဲ့တာပဲ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းနဲ့ အလားတူ ပြစ်မှုကျူးလွန်ခဲ့တဲ့ မန်စီးတီးကတော့ အပြစ်ကို ဝန်ခံခဲ့ကာ အပြောင်းအရွှေ့ ပိတ် ပြစ်ဒဏ်မှ ရှောင်လွှဲနိုင်ခဲ့ပြီး ဒဏ်ကြေးသာ ပေးဆောင်ခဲ့ရပါတယ်။ တကယ်လို့သာ ဒီတကြိမ် အားကစားခုံရုံးထံ တင်တဲ့ အယူခံမှာ အောင်မြင်ခဲ့ရင် လမ်းပတ်က ဇန်နဝါရီမှာ ကစားသမားသစ်များ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ျပည္ပမွ လူငယ္ကစားသမားေတြကို ေခၚယူရာမွာ ဖီဖာရဲ႕ စည္းမ်ဥ္းေတြ ခ်ိဳးေဖာက္တဲ့အတြက္ အေျပာင္းအေရႊ႕ ပိတ္ ျပစ္ဒဏ္ က်ခံေနရျပီး ထိုအတြက္ အယူခံတင္မႈကို စစ္ေဆးမယ့္ရက္အား အားကစား ခံုရံုးက ေၾကျငာလိုက္ပါတယ္။ ဇန္န၀ါရီ အေျပာင္းအေရႊ႕ အမွီ ဆံုးျဖတ္ခ်က္ ခ်မွတ္နိုင္ဖို႔ အတြက္ နို၀င္ဘာ ၂၀ ရက္ေန႔မွာ စစ္ေဆးမယ္လို႔ CAS က အတည္ျပဳ ထုတ္ျပန္ခဲ့တာပါ။

ခ်ယ္ဆီးအသင္းဟာ အေျပာင္းအေရႊ႕ နွစ္ၾကိမ္ ပိတ္ခံခဲ့ရတာ ျဖစ္ျပီး ျပီးခဲ့တဲ့ ေႏြက တစ္ၾကိမ္ က်ခံခဲ့ျပီး ျဖစ္လို႔ ျပစ္ဒဏ္တ၀က္ ျပီးစီးခဲ့ျပီ ဆိုနိုင္ပါတယ္။ ခ်ယ္ဆီးအသင္းနဲ႔ တာ၀န္ရွိသူေတြက ျပစ္ဒဏ္ကို ဆိုင္းငံ့တာမ်ိဳး မလုပ္ခဲ့ဘဲ လမ္းပတ္ စတင္ ကိုင္တြယ္တည္းက ျပစ္ဒဏ္ကို လက္ခံခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီး အသင္းက ဖီဖာထံ အယူခံ၀င္ခဲ့ေသးေပမယ့္ ဖီဖာစည္းကမ္း ထိန္းသိမ္းေရးကေတာ့ ခ်ယ္ဆီးဟာ လူငယ္ကစားသမား အေယာာက္ ၇၀ ကို ေခၚယူတဲ့ ကိစၥမွာ စည္းမ်ဥ္း အခု ၅၀ ခ်ိဳးေဖာက္ခဲ့တယ္လို႔ အေၾကာင္းျပန္ကာ အယူခံ ပယ္ခ်ခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဘက္ကေတာ့ ကလပ္အသင္းဟာ မွားယြင္းတဲ့လုပ္ရပ္ မလုပ္ဘူးလို႔ ျငင္းဆန္ခဲ့ကာ အားကစားခံုရံုးထံ ဆက္လက္ အယူခံ တင္ခဲ့တာပဲ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းနဲ႕ အလားတူ ျပစ္မႈက်ဴးလြန္ခဲ့တဲ့ မန္စီးတီးကေတာ့ အျပစ္ကို ၀န္ခံခဲ့ကာ အေျပာင္းအေရႊ႕ ပိတ္ ျပစ္ဒဏ္မွ ေရွာင္လႊဲနုိင္ခဲ့ျပီး ဒဏ္ေၾကးသာ ေပးေဆာင္ခဲ့ရပါတယ္။ တကယ္လို႔သာ ဒီတၾကိမ္ အားကစားခံုရံုးထံ တင္တဲ့ အယူခံမွာ ေအာင္ျမင္ခဲ့ရင္ လမ္းပတ္က ဇန္န၀ါရီမွာ ကစားသမားသစ္မ်ား ေခၚယူနိုင္မွာ ျဖစ္ပါတယ္။