အက်စတွန်ဗီလာ ကွင်းလယ်လူ John McGinn က လီဗာပူးဟာ အကောင်းဆုံး ခြေစွမ်းတွေ မပြသနိုင်လို့ အချင်းချင်း အငြင်းပွားမှုတွေ ရှိခဲ့တာတောင် ၎င်းတို့ရဲ့ စိတ်ဓါတ်ပိုင်းကို ကျဆင်းစေပြီး အနိုင်ယူသွားခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

အက်စတွန်ဗီလာအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပွဲမှာတော့ နောက်ကျသွင်းဂိုးတွေနဲ့ လီဗာပူးက အနိုင်သွားခဲ့တာပါ။ ဗီလာဟာ ခြေစွမ်းပြသနိုင်ခြင်း ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ လီဗာပူးအသင်းသားတွေက စည်းလုံးမှုကောင်းကောင်းနဲ့ အနိုင်ရအောင် ပြန်ကြိုးစားနိုင်ခဲ့တာပါ။ ဒါကိုလည်း McGinn က ချီးကျူးခဲ့ပြီး ဒီရာသီ အင်္ဂလန်ချန်ပီယံဖြစ်မယ့် အသင်းလို့ ကင်ပွန်းတပ်သွားပါသေးတယ်။

” ကျနော်တို့က ဥရောပချန်ပီယံကို ရင်ဆိုင်ကစားခဲ့ရတာပါ။ ဒီရာသီမှာ အင်္ဂလန်ရဲ့ ချန်ပီယံဖြစ်နိုင်တဲ့အသင်းကို ရင်ဆိုင်ကစားခဲ့တာဖြစ်တယ်။ သူတို့က လုံးဝ အရံှူးမပေးဘူး။ ဆက်ပြီး ကြိုးစားကြတယ် သူတို့က အဆုံးမှာတော့ ကျနော်တို့ကို လုံးဝကြီး ခြေကုန်လက်ပန်းကျသွားအောင်ကို လုပ်ခဲ့ကြတယ်။ ကျနော်တို့ဘက်က အမြင်မှာတော့ သွင်းဂိုးနှစ်ဂိုးက လျော့ရဲမှုကနေ ပေးလိုက်ရတာပါ။ ဒါပေမယ့် လီဗာပူးလိုအသင်းက ကိုယ်ကို ဒုက္ခပေးတာပါပဲ။

သူတို့က အညှာအတာကင်းမဲ့တယ်။ အရင်အပတ်က မန်စီးတီးနဲ့ အတူတူပါပဲ ကျနော်တို့ရဲ့ စိတ်ဓါတ်ပိုင်းကို ကျဆင်းစေတယ်။ သူတို့ကို ဖိအားပေးဖို့ ကြိုးစားပေမယ့် ဖိအားပေးလို့မရတ့ ထိပ်တန်းအသင်းပါ။ တကယ်ကို အသိအမှတ်ပြုပါတယ်။ လီဗာပူးအသင်းသား နှစ်ဦးလောက်နဲ့ ကျနော် စကားပြောခဲ့တယ်။ သူတို့က ကျနော်တို့ရဲ့ ကစားပုံကို အထင်ကြီးတယ်လို့ ဆိုကြပါတယ်။ သူတို့ ချီးကျူးသလိုပဲ ကျနော်တို့ အကောင်းဆုံး ဆက်ကစားမှာပါ။

လီဗာပူးအသင်းသားတွေက ပထမပိုင်းမှာ ကျနော်တို့ကို ရင်ဆိုင်ကစားပြီး သက်သောင့်သက်သာ မရှိခဲ့သလို အချင်းချင်း ငြင်းခုံနေကြတာကို ကျနော်တို့ မြင်ခဲ့တယ်။ ကံမကောင်းစွာပဲ သူတို့က အတူတကွနဲ့ ကျနော်တို့ကို အနိုင်ယူခဲ့ပါတယ် ” လို့ McGinn က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

အက္စတြန္ဗီလာ ကြင္းလယ္လူ John McGinn က လီဗာပူးဟာ အေကာင္းဆံုး ေျခစြမ္းေတြ မျပသႏုိင္လုိ႔ အခ်င္းခ်င္း အျငင္းပြားမႈေတြ ရွိခဲ့တာေတာင္ ၄င္းတို႔ရဲ႕ စိတ္ဓါတ္ပိုင္းကို က်ဆင္းေစျပီး အႏုိင္ယူသြားခဲ့တယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

အက္စတြန္ဗီလာအိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ ပြဲမွာေတာ့ ေနာက္က်သြင္းဂိုးေတြနဲ႔ လီဗာပူးက အႏုိင္သြားခဲ့တာပါ။ ဗီလာဟာ ေျခစြမ္းျပသႏုိင္ျခင္း ရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာ လီဗာပူးအသင္းသားေတြက စည္းလံုးမႈေကာင္းေကာင္းနဲ႔ အႏုိင္ရေအာင္ ျပန္ၾကိဳးစားႏုိင္ခဲ့တာပါ။ ဒါကိုလည္း McGinn က ခ်ီးက်ဴးခဲ့ျပီး ဒီရာသီ အဂၤလန္ခ်န္ပီယံျဖစ္မယ့္ အသင္းလို႔ ကင္ပြန္းတပ္သြားပါေသးတယ္။

” က်ေနာ္တုိ႔က ဥေရာပခ်န္ပီယံကို ရင္ဆိုင္ကစားခဲ့ရတာပါ။ ဒီရာသီမွာ အဂၤလန္ရဲ႕ ခ်န္ပီယံျဖစ္ႏုိင္တဲ့အသင္းကို ရင္ဆိုင္ကစားခဲ့တာျဖစ္တယ္။ သူတို႔က လံုးဝ အရံွဴးမေပးဘူး။ ဆက္ျပီး ၾကိဳးစားၾကတယ္ သူတို႔က အဆံုးမွာေတာ့ က်ေနာ္တုိ႔ကို လံုးဝၾကီး ေျခကုန္လက္ပန္းက်သြားေအာင္ကို လုပ္ခဲ့ၾကတယ္။ က်ေနာ္တုိ႔ဘက္က အျမင္မွာေတာ့ သြင္းဂိုးႏွစ္ဂိုးက ေလ်ာ့ရဲမႈကေန ေပးလိုက္ရတာပါ။ ဒါေပမယ့္ လီဗာပူးလိုအသင္းက ကိုယ္ကို ဒုကၡေပးတာပါပဲ။

သူတို႔က အညွာအတာကင္းမဲ့တယ္။ အရင္အပတ္က မန္စီးတီးနဲ႔ အတူတူပါပဲ က်ေနာ္တုိ႔ရဲ႕ စိတ္ဓါတ္ပိုင္းကို က်ဆင္းေစတယ္။ သူတို႔ကို ဖိအားေပးဖို႔ ၾကိဳးစားေပမယ့္ ဖိအားေပးလို႔မရတ့ ထိပ္တန္းအသင္းပါ။ တကယ္ကို အသိအမွတ္ျပဳပါတယ္။ လီဗာပူးအသင္းသား ႏွစ္ဦးေလာက္နဲ႔ က်ေနာ္ စကားေျပာခဲ့တယ္။ သူတို႔က က်ေနာ္တုိ႔ရဲ႕ ကစားပံုကို အထင္ၾကီးတယ္လို႔ ဆိုၾကပါတယ္။ သူတို႔ ခ်ီးက်ဴးသလိုပဲ က်ေနာ္တုိ႔ အေကာင္းဆံုး ဆက္ကစားမွာပါ။

လီဗာပူးအသင္းသားေတြက ပထမပိုင္းမွာ က်ေနာ္တုိ႔ကို ရင္ဆုိင္ကစားျပီး သက္ေသာင့္သက္သာ မရွိခဲ့သလို အခ်င္းခ်င္း ျငင္းခံုေနၾကတာကို က်ေနာ္တုိ႔ ျမင္ခဲ့တယ္။ ကံမေကာင္းစြာပဲ သူတို႔က အတူတကြနဲ႔ က်ေနာ္တုိ႔ကို အႏုိင္ယူခဲ့ပါတယ္ ” လို႔ McGinn က ေျပာဆိုခဲ့တာျဖစ္ပါတယ္။