အေဂျက်ပွဲကြို ချယ်ဆီးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာတော့ ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရတဲ့ ကန်တီ၊ ဘာကလေနဲ့ ခရစ်စတန်ဆန်တို့ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

စနေနေ့က ပရီးမီးယားလိဂ်ကို ပွဲစဉ် ၁၁ နဲ့ အနိုင်ရအပြီး ကြားရက်မှာ ချယ်ဆီးဟာ ချန်ပီယံလိဂ် အုပ်စုတွင်း လေးပွဲမြောက်ပွဲအဖြစ် အေဂျက်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာပါ။ အဆိုပါပွဲမတိုင်ခင် လေ့ကျင့်ရေးမှာတော့ ဒဏ်ရာရ ကစားသမား သုံးဦး ပြန်ပါလာခဲ့တာဖြစ်ပြီး ဒါဟာ ကွင်းလယ်နဲ့ ခံစစ်မှာ ရွေးချယ်စရာတွေ မရှိဖြစ်နေတဲ့ မန်နေဂျာလမ်းပတ်အတွက် သတင်းကောင်းလည်း ဖြစ်လာခဲ့ပါတယ်။

ချယ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲပယ်ပြစ်ဒဏ်ကို ကျခံရမှာ ဖြစ်သလို ခံစစ်ကလည်း တိုမိုရီနဲ့ ဇူမားတို့ကိုပဲ အဓိက အသုံးပြုနေရတာဖြစ်တယ်။ နည်းစနစ် အပြောင်းအလဲ မဟုတ်ရင်တောင် ကစားသမား ကြံ့ခိုင်မှုပိုင်းအတွက် လူစားလဲမှုတွေ ကျိန်းသေပေါက် လုပ်ရမယ့် အနေအထားအတွက် အလိုအပ်ဆုံး နှစ်နေရာမှာ စီနီယာတွေ ပြန်ကစားလာနိုင်ခြင်းဟာ ရလဒ်တွေ ဆက်တိုက်ကောင်းနေတဲ့ ချယ်ဆီးအတွက် အကျိုးထူးမယ့် သတင်းလည်း ဖြစ်တယ်။

ချယ်ဆီးအတွက် အလိုအပ်ဆုံးက ကွင်းလယ်နဲ့ ခံစစ် နှစ်နေရာအတွက် ကစားသမားသုံးဦး ပြန်ကစားလာနိုင်တာဖြစ်ပေမယ့် ရူဒီဂါနဲ့ လော့တပ်ချိစ်တို့ကတော့ ပြန်ပါလာတာ မတွေ့ရပါဘူး။ ဒီကစားသမား ငါးဦး ဒဏ်ရာရနေတာက ချယ်ဆီးလူစာရင်းအတွက် ပွဲနေ့တွေမှာ လူထုတ်မှုတွေကို အကန့်အသတ်ရှိနေစေတာဖြစ်တယ်။ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်၊ တိုမိုရီနဲ့ ဇူးမားတို့ပဲ ပွဲဆက် အများအပြား ပါဝင်နေရတာဖြစ်ပါတယ်။

မန်နေဂျာလမ်းပတ်က ဂျော်ဂျင်ဟို၊ ကိုဗာဆစ်တို့ကို ဆက်တိုက် အသုံးပြုနေရခြင်းကနေ အနားပေးလိုပြီလို့ ဆိုခဲ့ပေမယ့် အခုထိ အနားမပေးနိုင်သေးပါဘူး။ ကန်တီနဲ့ ဘာကလေ ပြန်ကစားနိုင်ရင်တော့ မန်နေဂျာရဲ့ ဆန္ဒ ပြည့်ဝမှာဖြစ်တယ်။ ထပ်ပြီးလည်း ခရစ်စတန်ဆန် ပြန်ကစားလာနိုင်တာက ဗဟိုခံစစ်ပိုင်းအတွက် ရွေးချယ်စရာ တိုးလာစေပြီဖြစ်ပါတယ်။

ZAWGYI

ေအဂ်က္ပြဲၾကိဳ ခ်ယ္ဆီးအသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာေတာ့ ဒဏ္ရာျပႆနာေတြေၾကာင့္ အနားယူေနရတဲ့ ကန္တီ၊ ဘာကေလနဲ႔ ခရစ္စတန္ဆန္တို႔ ျပန္လည္ပါဝင္လာခဲ့ျပီျဖစ္ပါတယ္။

စေနေန႔က ပရီးမီးယားလိဂ္ကို ပြဲစဥ္ ၁၁ နဲ႔ အႏုိင္ရအျပီး ၾကားရက္မွာ ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္ အုပ္စုတြင္း ေလးပြဲေျမာက္ပြဲအျဖစ္ ေအဂ်က္ကို အိမ္ကြင္းမွာ ဧည့္ခံရမွာပါ။ အဆိုပါပြဲမတိုင္ခင္ ေလ့က်င့္ေရးမွာေတာ့ ဒဏ္ရာရ ကစားသမား သံုးဦး ျပန္ပါလာခဲ့တာျဖစ္ျပီး ဒါဟာ ကြင္းလယ္နဲ႔ ခံစစ္မွာ ေရြးခ်ယ္စရာေတြ မရွိျဖစ္ေနတဲ့ မန္ေနဂ်ာလမ္းပတ္အတြက္ သတင္းေကာင္းလည္း ျဖစ္လာခဲ့ပါတယ္။

ခ်ယ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဟာ ပရီးမီးယားလိဂ္ပြဲ တစ္ပြဲပယ္ျပစ္ဒဏ္ကို က်ခံရမွာ ျဖစ္သလို ခံစစ္ကလည္း တိုမိုရီနဲ႔ ဇူမားတို႔ကိုပဲ အဓိက အသံုးျပဳေနရတာျဖစ္တယ္။ နည္းစနစ္ အေျပာင္းအလဲ မဟုတ္ရင္ေတာင္ ကစားသမား ၾကံ႕ခိုင္မႈပိုင္းအတြက္ လူစားလဲမႈေတြ က်ိန္းေသေပါက္ လုပ္ရမယ့္ အေနအထားအတြက္ အလိုအပ္ဆံုး ႏွစ္ေနရာမွာ စီနီယာေတြ ျပန္ကစားလာႏုိင္ျခင္းဟာ ရလဒ္ေတြ ဆက္တိုက္ေကာင္းေနတဲ့ ခ်ယ္ဆီးအတြက္ အက်ိဳးထူးမယ့္ သတင္းလည္း ျဖစ္တယ္။

ခ်ယ္ဆီးအတြက္ အလိုအပ္ဆံုးက ကြင္းလယ္နဲ႔ ခံစစ္ ႏွစ္ေနရာအတြက္ ကစားသမားသံုးဦး ျပန္ကစားလာႏုိင္တာျဖစ္ေပမယ့္ ရူဒီဂါနဲ႔ ေလာ့တပ္ခ်ိစ္တို႔ကေတာ့ ျပန္ပါလာတာ မေတြ႔ရပါဘူး။ ဒီကစားသမား ငါးဦး ဒဏ္ရာရေနတာက ခ်ယ္ဆီးလူစာရင္းအတြက္ ပြဲေန႔ေတြမွာ လူထုတ္မႈေတြကို အကန္႔အသတ္ရွိေနေစတာျဖစ္တယ္။ ေဂ်ာ္ဂ်င္ဟိုနဲ႔ ကိုဗာဆစ္၊ တိုမိုရီနဲ႔ ဇူးမားတို႔ပဲ ပြဲဆက္ အမ်ားအျပား ပါဝင္ေနရတာျဖစ္ပါတယ္။

မန္ေနဂ်ာလမ္းပတ္က ေဂ်ာ္ဂ်င္ဟို၊ ကိုဗာဆစ္တို႔ကို ဆက္တိုက္ အသံုးျပဳေနရျခင္းကေန အနားေပးလိုျပီလို႔ ဆိုခဲ့ေပမယ့္ အခုထိ အနားမေပးႏုိင္ေသးပါဘူး။ ကန္တီနဲ႔ ဘာကေလ ျပန္ကစားႏုိင္ရင္ေတာ့ မန္ေနဂ်ာရဲ႕ ဆႏၵ ျပည့္ဝမွာျဖစ္တယ္။ ထပ္ျပီးလည္း ခရစ္စတန္ဆန္ ျပန္ကစားလာႏုိင္တာက ဗဟိုခံစစ္ပိုင္းအတြက္ ေရြးခ်ယ္စရာ တိုးလာေစျပီျဖစ္ပါတယ္။