လီဗာပူးပရိသတ်တွေကြားမှာ မေးခွန်းတစ်ခုရှိတာက မော်ရင်ညိုကို ရာထူးကနေ ထုတ်ပယ်ခဲ့သူလို့ တင်စားခံရတဲ့ တိုက်စစ်သမား ရှာကွီရီ နေရာမရဖြစ်နေပေမယ့် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ အိုရီဂီ ဘာလို့ နေရာရနေသလဲဆိုတဲ့ အကြောင်းရင်းပဲဖြစ်တယ်။

ဒီရာသီ ရှာကွီရီ ဒဏ်ရာတွေရနေပြီး အိုရီဂီ ကြံ့ခိုင်မှုကောင်နေခြင်းက အကြောင်းရင်းတစ်ချက်ဖြစ်ပေမယ့် အဓိက အကြောင်းရင်းက လေ့ကျင့်ရေးက ရလဒ်တွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ လီဗာပူးသတင်းထောက် Simon Hughes က ပြောခဲ့တာဖြစ်ပါတယ်။

” ယာဂင်ကလော့ပ်ရဲ့ ကြိုတင်ပြင်ဆင်မှုက ဘယ်လောက်တောင် များသလဲဆိုတာ ကြိုတင်ခန့်မှန်းလို့ မရပါဘူး။ သူ့အကြောင်း ကောင်းကောင်းသိတဲ့သူတွေ ပြောပြတာကတော့ ယာဂင်ကလော့ပ်ဟာ အန်ဖီးကွင်းက စွမ်းဆောင်ရည်ထက် လေ့ကျင့်ရေးမှာ သူကိုယ်တိုင် မြင်တဲ့အပေါ် မူတည်ပြီး လူစာရင်းရွေးချယ်မှုနဲ့ ကစားသမားတွေရဲ့ အနာဂတ်ကို ဆုံးဖြတ်မှု လုပ်တာဖြစ်တယ်။

အိုရီဂီက ရှာကွီရီထက် အခွင့်အရေး ပိုရတာက မနှစ်က ရာသီကုန်မှာ ဆွစ်လက်ရွေးစင်ထက် အရေးပါတဲ့ပွဲတွေမှာ ပိုကစားနိုင်လို့လား? တကယ်က အိုရီဂီက လေ့ကျင့်ရေးမှာ ပိုကောင်းလို့ဖြစ်ပြီး ဒါကို မျက်နှာ မလွဲနိုင်ပါဘူးလို့ ကလော့ပ်က ပြောခဲ့တယ်။ လယ်လာနာက သူ့ ကစားသမား ဘဝတစ်လျှောက် လုံးဝ မကစားဖူးတဲ့ ကွင်းလယ် နံပါတ် ၆ နေရာမှာ ကစားခွင့်ရခဲ့သလဲ? အဖြေကတော့ လယ်လာနာက မဲဝုဒ်မှာ ကောင်းမွန်တဲ့ ဆောင်ရွက်မှုတွေ လုပ်ပြနိုင်လို့ဖြစ်ပါတယ်။

ကြိုတင်ခန့်မှန်းမှုတွေကို လီဗာပူး အနိုင်ယူ ကျော်ဖြတ်နေတာက ယာဂင်ကလော့ပ်က ကြိုးစားမှုဆိုတဲ့ ယဉ်ကျေးမှုကို ဖန်တီးခဲ့လို့ပါပဲ။ သူက ကစားသမားတွေအပေါ်မှာ အရမ်း ပြင်းထန်ပါတယ်။ အခြားသော မန်နေဂျာတွေက လူသစ်ခေါ်ယူဖို့အတွက် ပင်ပန်းနေတဲ့ ကာလမှာ ယာဂင်ကလေ့ာပ်က အသင်းသားတွေရဲ့ ဝါရီယရှိတဲ့ အားထုတ်မှုအပေါ်ပဲ ရင်းနှီးမြုပ်နှံခဲ့တယ်။

ခံစစ်နဲ့ တိုက်စစ် လေ့ကျင့်ရေးတွေမှာ တိုက်စစ်သမားတွေထက် ခံစစ်သမားတွေကို ပိုပြီး ပါဝင်စေပါတယ်။ အချို့နေ့တွေမှာ ၉ ယောက် ၁၁ ယောက်နဲ့ ခြေစမ်းကစားခိုင်ပြီး လူပိုနည်းတဲ့အသင်း ၃-၁ နဲ့ အနိုင်ရအောင်ကို လုပ်ခဲ့တာတွေရှိတယ်။ လီဗာပူးက ပြိုင်ဘက်အသင်း ကစားသမားတွေကို ၅ မိနစ်အတွင်း ဘောလုံးပျက်အောင် လုပ်နိုင်တာတွေက ဒီလို လေ့ကျင့်ရေးက ပြင်းထန်တဲ့ ကြိုးစားနိုင်မှု အချက်တွေကြောင့်ပါပဲ ” လို့ Simon Hughes က ဖော်ထုတ်သွားပါတယ်။

ZAWGYI

လီဗာပူးပရိသတ္ေတြၾကားမွာ ေမးခြန္းတစ္ခုရွိတာက ေမာ္ရင္ညိဳကို ရာထူးကေန ထုတ္ပယ္ခဲ့သူလို႔ တင္စားခံရတဲ့ တိုက္စစ္သမား ရွာကီြရီ ေနရာမရျဖစ္ေနေပမယ့္ ပံုမွန္ေျခစြမ္းရဖို႔ ရုန္းကန္ေနရတဲ့ အိုရီဂီ ဘာလို႔ ေနရာရေနသလဲဆိုတဲ့ အေၾကာင္းရင္းပဲျဖစ္တယ္။

ဒီရာသီ ရွာကီြရီ ဒဏ္ရာေတြရေနျပီး အိုရီဂီ ၾကံ႕ခိုင္မႈေကာင္ေနျခင္းက အေၾကာင္းရင္းတစ္ခ်က္ျဖစ္ေပမယ့္ အဓိက အေၾကာင္းရင္းက ေလ့က်င့္ေရးက ရလဒ္ေတြေၾကာင့္ျဖစ္တယ္လုိ႔ သိရပါတယ္။ ဒီအေၾကာင္းကိုေတာ့ လီဗာပူးသတင္းေထာက္ Simon Hughes က ေျပာခဲ့တာျဖစ္ပါတယ္။

” ယာဂင္ကေလာ့ပ္ရဲ႕ ၾကိဳတင္ျပင္ဆင္မႈက ဘယ္ေလာက္ေတာင္ မ်ားသလဲဆိုတာ ၾကိဳတင္ခန္႔မွန္းလို႔ မရပါဘူး။ သူ႔အေၾကာင္း ေကာင္းေကာင္းသိတဲ့သူေတြ ေျပာျပတာကေတာ့ ယာဂင္ကေလာ့ပ္ဟာ အန္ဖီးကြင္းက စြမ္းေဆာင္ရည္ထက္ ေလ့က်င့္ေရးမွာ သူကိုယ္တိုင္ ျမင္တဲ့အေပၚ မူတည္ျပီး လူစာရင္းေရြးခ်ယ္မႈနဲ႔ ကစားသမားေတြရဲ႕ အနာဂတ္ကို ဆံုးျဖတ္မႈ လုပ္တာျဖစ္တယ္။

အိုရီဂီက ရွာကီြရီထက္ အခြင့္အေရး ပိုရတာက မႏွစ္က ရာသီကုန္မွာ ဆြစ္လက္ေရြးစင္ထက္ အေရးပါတဲ့ပြဲေတြမွာ ပိုကစားႏိုင္လို႔လား? တကယ္က အိုရီဂီက ေလ့က်င့္ေရးမွာ ပိုေကာင္းလို႔ျဖစ္ျပီး ဒါကို မ်က္ႏွာ မလြဲႏုိင္ပါဘူးလို႔ ကေလာ့ပ္က ေျပာခဲ့့တယ္။ လယ္လာနာက သူ႔ ကစားသမား ဘဝတစ္ေလွ်ာက္ လံုးဝ မကစားဖူးတဲ့ ကြင္းလယ္ နံပါတ္ ၆ ေနရာမွာ ကစားခြင့္ရခဲ့သလဲ? အေျဖကေတာ့ လယ္လာနာက မဲဝုဒ္မွာ ေကာင္းမြန္တဲ့ ေဆာင္ရြက္မႈေတြ လုပ္ျပႏုိင္လို႔ျဖစ္ပါတယ္။

ၾကိဳတင္ခန္႔မွန္းမႈေတြကို လီဗာပူး အႏုိင္ယူ ေက်ာ္ျဖတ္ေနတာက ယာဂင္ကေလာ့ပ္က ၾကိဳးစားမႈဆိုတဲ့ ယဥ္ေက်းမႈကို ဖန္တီးခဲ့လို႔ပါပဲ။ သူက ကစားသမားေတြအေပၚမွာ အရမ္း ျပင္းထန္ပါတယ္။ အျခားေသာ မန္ေနဂ်ာေတြက လူသစ္ေခၚယူဖို႔အတြက္ ပင္ပန္းေနတဲ့ ကာလမွာ ယာဂင္ကေလ့ာပ္က အသင္းသားေတြရဲ႕ ဝါရီယရွိတဲ့ အားထုတ္မႈအေပၚပဲ ရင္းႏွီးျမဳပ္ႏွံခဲ့တယ္။

ခံစစ္နဲ႔ တိုက္စစ္ ေလ့က်င့္ေရးေတြမွာ တိုက္စစ္သမားေတြထက္ ခံစစ္သမားေတြကို ပိုျပီး ပါဝင္ေစပါတယ္။ အခ်ိဳ႕ေန႔ေတြမွာ ၉ ေယာက္ ၁၁ ေယာက္နဲ႔ ေျခစမ္းကစားခိုင္ျပီး လူပိုနည္းတဲ့အသင္း ၃-၁ နဲ႔ အႏုိင္ရေအာင္ကို လုပ္ခဲ့တာေတြရွိတယ္။ လီဗာပူးက ျပိဳင္ဘက္အသင္း ကစားသမားေတြကို ၅ မိနစ္အတြင္း ေဘာလံုးပ်က္ေအာင္ လုပ္ႏုိင္တာေတြက ဒီလို ေလ့က်င့္ေရးက ျပင္းထန္တဲ့ ၾကိဳးစားႏုိင္မႈ အခ်က္ေတြေၾကာင့္ပါပဲ ” လို႔ Simon Hughes က ေဖာ္ထုတ္သြားပါတယ္။