လီဗာပူးအသင်းဟာ ဒီဇင်ဘာလထဲမှာ ကလပ်များကမ္ဘဖလားကို ကာတာမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွက် ကလပ်အသင်း ကြယ် ၅ ပွင့်အဆင့် ဟိုတယ်မှာ တည်းခိုခွင့်ရခဲ့ပေမယ့် ငြင်းဆန်ခဲ့ပြီဖြစ်ပါတယယ်။

မနှစ်က စပါးကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့တဲ့ လီဗာပူးဟာ ဒီရာသီမှာ ဥရောပတိုက် ကိုယ်စားပြုပြီး ကလပ်များကမ္ဘာဖလားကို ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်။ ခရီးစဉ်မတိုင်ခင် ဖီဖာဘက်က လီဗာပူးအသင်း တည်းခိုဖို့ရာ ဟိုတယ်အစီအစဉ်တွေ လုပ်ဆောင်ပေးလာဖြစ်ပေမယ့် အဆိုပါ ဟိုတယ်ဟာ ထိပ်တန်းအဆင့်မှာ ရှိပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု ပြစ်ချက်တွေ များပြားတာကြောင့် လီဗာပူးဘက်က ငြင်းဆန်တာဖြစ်တယ်လို့ သိရပါတယ်။

ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ ပူးပေါင်းပြီး ဟိုတယ်ကိစ္စတွေအတွက် ကလပ်အသင်းတွေကို သက်မှတ်ပေးတာဖြစ်ပြီး လီဗာပူးအတွက်ကတော့ Pearl-Qatar မှာရှိတဲ့ Marsa Malaz Kempinski အမည်ရ အထက်တန်းစား ကြယ် ၅ ပွင့်ဟိုတယ်မှာထားဖို့ စီစဉ်ပေးတာပါ။ ဒါပေမယ့်လို့ အဆိုပါ ဟိုတယ်ဟာ ၂၀၁၈ ခုနှစ်မှာ ရွှေ့ပြောင်း အလုပ်သမားတွေကို အလုပ်သမားဆိုင်ရာ လူအခွင့်အရေး ချိုးဖောက်ခဲ့တာကြောင့် စုံးစမ်းစစ်ဆေးမှုတွေ ရှိခဲ့တဲ့ ဟိုတယ်ဖြစ်တယ်။

အရှေ့တောင်အာရှက အလုပ်သမားတွေနဲ့ အာဖရိက အလုပ်သမားတွေအပေါ် အလုပ်သမားဆိုင်ရာ စည်းမျဉ်းဖောက်ခြင်းကြောင့် အလေးအနက် စုံစမ်းမှုတွေ ရှိခဲ့တဲ့ ဟိုတယ်မှာ တည်းဖို့ရာ ၂၀၁၅ ခုနှစ်နောက်ပိုင်း လီဗာပူးအသင်း ကျင့်သုံးနေတဲ့ လူသားအခွင့်အရေးဆိုင်ရာ ပစ်ချက်နဲ့ ညိနေတာကြောင့် ကလပ်အသင်းကတော့ ဖီဖာရဲ့ ရွေးချယ်ပေးမှုကို လက်ခံမှာ မဟုတ်ပါဘူး။

လီဗာပူးဘက်ကတော့ လုံခြုံစိတ်ချရပြီး လေ့ကျင့်ရေးလည်း လုပ်နိုင်မယ့် ဧရိယာဝန်းကျင်မှာ တည်းခိုမှု လုပ်လိုနေဆဲဖြစ်ပြီး တည်ခိုမှုကိစ္စအတွက် ဖီဖာထံ အကြောင်းရင်း တင်ပြမှုကို မကြာခင် လုပ်ဆောင်ပြီး အဖွဲ့အစည်းတွေကြား ညိနှိုင်းမှုတွေ လုပ်ဖွယ်ရှိတယ်။ လီဗာပူးဟာ ဆီမီးဖိုင်နယ်အဆင့်ကနေ စကန်ရမှာဖြစ်ကာ ရံှူးထွက်နဲ့ ကွာတားဖိုင်နယ်အဆင့်တွေမှာ ပြိုင်ဘက်တွေရဲ့ အခြေအနေကို လေ့လာမှုတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီဇင္ဘာလထဲမွာ ကလပ္မ်ားကမၻဖလားကို ကာတာမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး အဆိုပါ ခရီးစဥ္အတြက္ ကလပ္အသင္း ၾကယ္ ၅ ပြင့္အဆင့္ ဟိုတယ္မွာ တည္းခိုခြင့္ရခဲ့ေပမယ့္ ျငင္းဆန္ခဲ့ျပီျဖစ္ပါတယယ္။

မႏွစ္က စပါးကို အႏုိင္ယူျပီး ခ်န္ပီယံလိဂ္ဖလား အႏုိင္ရခဲ့တဲ့ လီဗာပူးဟာ ဒီရာသီမွာ ဥေရာပတိုက္ ကိုယ္စားျပဳျပီး ကလပ္မ်ားကမၻာဖလားကို ပါဝင္ယွဥ္ျပိဳင္မွာျဖစ္တယ္။ ခရီးစဥ္မတိုင္ခင္ ဖီဖာဘက္က လီဗာပူးအသင္း တည္းခိုဖို႔ရာ ဟိုတယ္အစီအစဥ္ေတြ လုပ္ေဆာင္ေပးလာျဖစ္ေပမယ့္ အဆုိပါ ဟိုတယ္ဟာ ထိပ္တန္းအဆင့္မွာ ရွိေပမယ့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ ျပစ္ခ်က္ေတြ မ်ားျပားတာေၾကာင့္ လီဗာပူးဘက္က ျငင္းဆန္တာျဖစ္တယ္လို႔ သိရပါတယ္။

ဖီဖာနဲ႔ ယူအီးအက္ဖ္ေအတို႔ ပူးေပါင္းျပီး ဟိုတယ္ကိစၥေတြအတြက္ ကလပ္အသင္းေတြကို သက္မွတ္ေပးတာျဖစ္ျပီး လီဗာပူးအတြက္ကေတာ့ Pearl-Qatar မွာရွိတဲ့ Marsa Malaz Kempinski အမည္ရ အထက္တန္းစား ၾကယ္ ၅ ပြင့္ဟိုတယ္မွာထားဖို႔ စီစဥ္ေပးတာပါ။ ဒါေပမယ့္လို႔ အဆိုပါ ဟိုတယ္ဟာ ၂၀၁၈ ခုႏွစ္မွာ ေရႊ႔ေျပာင္း အလုပ္သမားေတြကို အလုပ္သမားဆုိင္ရာ လူအခြင့္အေရး ခ်ိဳးေဖာက္ခ့့ဲတာေၾကာင့္ စံုးစမ္းစစ္ေဆးမႈေတြ ရွိခဲ့တဲ့ ဟိုတယ္ျဖစ္တယ္။

အေရွ႔ေတာင္အာရွက အလုပ္သမားေတြနဲ႔ အာဖရိက အလုပ္သမားေတြအေပၚ အလုပ္သမားဆိုင္ရာ စည္းမ်ဥ္းေဖာက္ျခင္းေၾကာင့္ အေလးအနက္ စံုစမ္းမႈေတြ ရွိခဲ့တဲ့ ဟိုတယ္မွာ တည္းဖို႔ရာ ၂၀၁၅ ခုနွစ္ေနာက္ပိုင္း လီဗာပူးအသင္း က်င့္သံုးေနတဲ့ လူသားအခြင့္အေရးဆိုင္ရာ ပစ္ခ်က္နဲ႔ ညိေနတာေၾကာင့္ ကလပ္အသင္းကေတာ့ ဖီဖာရဲ႕ ေရြးခ်ယ္ေပးမႈကို လက္ခံမွာ မဟုတ္ပါဘူး။

လီဗာပူးဘက္ကေတာ့ လံုျခံဳစိတ္ခ်ရျပီး ေလ့က်င့္ေရးလည္း လုပ္ႏုိင္မယ့္ ဧရိယာဝန္းက်င္မွာ တည္းခိုမႈ လုပ္လိုေနဆဲျဖစ္ျပီး တည္ခိုမႈကိစၥအတြက္ ဖီဖာထံ အေၾကာင္းရင္း တင္ျပမႈကို မၾကာခင္ လုပ္ေဆာင္ျပီး အဖြဲ႔အစည္းေတြၾကား ညိႏိႈင္းမႈေတြ လုပ္ဖြယ္ရွိတယ္။ လီဗာပူးဟာ ဆီမီးဖိုင္နယ္အဆင့္ကေန စကန္ရမွာျဖစ္ကာ ရံွဴးထြက္နဲ႔ ကြာတားဖိုင္နယ္အဆင့္ေတြမွာ ျပိဳင္ဘက္ေတြရဲ႕ အေျခအေနကို ေလ့လာမႈေတြ ျပဳလုပ္သြားမယ္လို႔လည္း သိရပါတယ္။