ဂျန့်နဲ့ ချန်ပီယံလိဂ်ပွဲကြို မီဒီယာ တွေ့ဆုံမှုမှာတော့ ယာဂင်ကလော့ပ်က အသင်းတိုက်စစ်သမာား မာနေးကို ဟန်ဆောင်လဲချသူလို့ ဝေဖန်ခဲ့တဲ့ ဂွာဒီယိုလာကို တုန့်ပြန်ဖို့ ငြင်းဆန်ခဲ့ပြီး မန်စီးတီးအကြောင်းပြောဖို့ စိတ်မဝင်စားသလို ပြောမှာလည်း မဟုတ်ဘူးလို့ ပယ်ချလိုက်ပါတယ်။
VAR နဲ့ ပက်သက်ပြီး ကလော့ပ်ရဲ့ အမြင်
ကျနော်တို့အားလုံး VAR ကို တကယ်ကြိး တိုးတက်လာဖို့ မျှော်လင့်ပါတယ် အဲ့တာက ဖြစ်နိုင်တယ်လို့ ထင်နေဆဲပါပဲ။ ပြဿနာတွေတော့ ရှိနေတာပေါ့။ ဂျာမနီမှာလည်း VAR က ခက်ခဲနေပါတယ်။ အခုချိန်ထိ ကျနေ်ာတို့ အကဲဖြတ်လို့ မရသေးပါဘူး။ တိကျတဲ့ ရှင်းလင်းချက်တွေ ကျနော်တို့ လိုချင်ပါတယ်။ တစ်ခါတစ်လေ ကျနော်တို့အတွက်နဲ တစ်ခါတစ်လေတော့ ပြိုင်ဘက်အတွက်ပေါ့။ ဒါပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို လိုချင်ပါတယ်။
မာနေးဟာ ဟန်ဆောင်လဲချသူဆိုတဲ့ ဂွာဒီယိုလာရဲ့ မှတ်ချက်အပေါ် ယာဂင်ကလော့ပ် တုန့်ပြန်မှု
ဒီအခြေအနေမှာ မန်စီးတီးအကြောင်းပြောဖို့ ကျနော် စိတ်မဝင်စားပါဘူး။ ပပ်က မာနေးအကြောင်း ပြောခဲ့လား ကျနော် ရာနှုန်းပြည့် မသေချာဘူး။ သူတို့ပွဲ ပြီးပြီးချင်း သိပ်မကြာခင်မှာပဲ ကျနော်တို့ပွဲ မတော်တဆဖြစ်ရပ်ကို ဘယ်လိုသိသလဲဆိုတာတော့ မပြောတတ်ဘူး။ မာနေးက ဒိုင်ဗင်သမား မဟုတ်ပါဘူး။ ဗီလာနဲ့ပွဲမှာ ထိတွေ့မှုဖြစ်ခဲ့လို့ လဲကျခဲ့တာပါ။ ပင်နယ်တီ မဟုတ်ခဲ့ပေမယ့် ပြိုင်ဘက်နဲ့ ထိတွေ့မှုဖြစ်ခဲ့တာပါ။ သူက ဟန်ဆောင်ပြီး ခုန်ခဲ့တာလည်း မဟုတ်ဘူး။
မန်စီးတီးနဲ့ ပက်သက်ပြီး..
မန်စီးတီးအကြောင်း ပြောဖို့ ကျနော် တကယ်ကို စိတ်မပါပါဘူး။ ဂျန့်နဲ့ ကျနော်တို့ အကြောင်းပဲ ပြောလိုတယ်။ ဘယ်အကြောင်း ပြောပြောပါ မန်စီးတီးအကြောင်းတော့ ပြောဖို့ စိတ်မပါပါဘူး။
နောက်ဆုံးမိနစ်ထိ ယှဉ်ပြိုင်မှု
ကျနော်တို့ နောက်ကျဂိုးတွေ သွင်းခဲ့တယ်။ ကစားရတဲ့ ၉၅ မိနစ်လုံးကို ကျနော်တို့ လုပ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပါမယ်။ ကျနော်တို့ ဂိုးပေးလိုက်တဲ့ အနေအထားမှာ ၃ ဂိုး ၄ ဂိုး မပြတ်နိုင်တော့ဘူးလို့ တစ်ဘက်က သက်သေပြခဲ့တယ်။ အဲ့လိုပဲ ဖြစ်သင့်ပါတယ် အချက်အလက်တွေ ရခဲ့တာပေါ့။ ကျနော်တို့ ဘောလုံးပွဲတွေကို အနိုင်ရလိုပါတယ်။
ZAWGYI