ချယ်ဆီးကွင်းလယ်လူ ကန်တီဟာ ဒဏ်ရာပြဿနာကနေ အရှင်းပျောက်ကင်းသွားပြီးလို့ မန်နေဂျာလမ်းပတ်က ဝန်ခံခဲ့ပြီး သူ့ကို လူစာရင်းထဲ ပြန်ထည့်လို့ ရနေပြီလို့ ပြောဆိုခဲ့ပါတယ်။

မန်နေဂျာလမ်းပတ်က ကွင်းလယ်လူတွေဖြစ်တဲ့ ကိုဗာဆစ်၊ ဂျော်ဂျင်ဟိုနဲ့ မောင့်တို့ရဲ့ ကစားနိုင်စွမ်းကို ကျေနပ်မှု ရှိနေသလို ကန်တီ ပြန်ပါလာတာက အသင်းအတွက် အရေးပါတယ်လို့ သူက မြင်တယ်။ အသင်းရဲ့ ကွင်းလယ်လူတွေနဲ့ ပက်သက်ပြီးလည်း အကောင်းမြင်မှုတွေ အများကြီးရှိတယ်လို့ ပြောပါသေးတယ်။

အေဂျက်နဲ့ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ လမ်းပတ်က ” သူ လူစာရင်းထဲ ပြန်လာပါပြီ။ ဒဏ်ရာပြဿနာတွေအားလုံး ရှင်းလင်းခဲ့ပြီဖြစ်တယ်။ ဒီတော့ ပြန်ပါလို့လည်း ရနေပါပြီ။ ရူဒီဂါနဲ့ ပက်သက်လို့တော့ သတင်းထူး မရှိပါဘူး။

မောင့်နဲ့ ပက်သက်ပြီး ကျနော် ဂုဏ်ယူပါတယ်။ နယ်သာလန်နဲ့ ချန်ပီယံရှစ်တွေမှာ သူအငှားကို အကောင်းဆုံး ကစားခဲ့တယ်။ သူ့ရဲ့ အရည်အချင်းနဲ့ အကျင့်စရိုက်ကောင်းတွေကို ကျနော် မြင်ခဲ့တယ်။ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေထက် ပိုကောင်းအောင် သူလုပ်နိုင်ခဲ့တယ်။ နောက်ထပ် ဇာတ်လမ်းတွေကတော့ သူနဲ့ပဲ ဆိုင်ပါတယ်။ သူ့အနေနဲ့ ဆက်ပြီး ကြိုးစားဖို့ လိုတယ်။ ကွင်းလယ် သုံယောက်လုံးက အရမ်းကောင်းပါတယ်။

လွတ်လွတ်လပ်လပ် ကစားစေလိုတယ်။ ဒါက အသင်းကို ကျနေ်ာဖြစ်စေလိုတဲ့ ကစားဟန်ပါ။ ဝတ်ဖို့နဲ့ပွဲမှာ ကွင်းလယ်က အားလုံးကို လုပ်နိုင်ခဲ့တယ်။ သူတို့ကို အကောင်းမြင်စေလိုတယ်။ ကိုဗာဆစ်ရဲ့ အရည်အချင်းတွေ အပါအဝင်ပေါ့။ ကန်တီကတော့ ကျနော်တို့အတွက် အရမ်းအရေးပါသူပါ။ ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးဖြစ်ပြီး သူတို့အားလုံးကို ကျနော် လိုအပ်ပါတယ်။

ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်တို့ ကစားနေတာက ကျနော်တို့ ကစားလိုတဲ့အတိုင်းဖြစ်လို့ အရေးကြီးပါတယ်။ ကွင်းလယ်ဧရိယာတွေကနေ ကျော်ဖြတ်ဖို့ဖြစ်ပြီး ဘောလုံးကို လက်ခံဖို့ သက်သောင့်သက်သာ ဖြစ်နေသင့်တယ်။ ဒါနဲ့ ပက်သက်ပြီး ကျနော်တို့ လေ့ကျင့်ထားတာဖြစ်တယ်။ ပိုပြီးလည်း ကောင်းကောင်း တိုးတက်လာနေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI

ခ်ယ္ဆီးကြင္းလယ္လူ ကန္တီဟာ ဒဏ္ရာျပႆနာကေန အရွင္းေပ်ာက္ကင္းသြားျပီးလို႔ မန္ေနဂ်ာလမ္းပတ္က ဝန္ခံခဲ့ျပီး သူ႔ကို လူစာရင္းထဲ ျပန္ထည့္လို႔ ရေနျပီလုိ႔ ေျပာဆိုခဲ့ပါတယ္။

မန္ေနဂ်ာလမ္းပတ္က ကြင္းလယ္လူေတြျဖစ္တဲ့ ကိုဗာဆစ္၊ ေဂ်ာ္ဂ်င္ဟိုနဲ႔ ေမာင့္တို႔ရဲ႕ ကစားႏုိင္စြမ္းကို ေက်နပ္မႈ ရွိေနသလို ကန္တီ ျပန္ပါလာတာက အသင္းအတြက္ အေရးပါတယ္လို႔ သူက ျမင္တယ္။ အသင္းရဲ႕ ကြင္းလယ္လူေတြနဲ႔ ပက္သက္ျပီးလည္း အေကာင္းျမင္မႈေတြ အမ်ားၾကီးရွိတယ္လုိ႔ ေျပာပါေသးတယ္။

ေအဂ်က္နဲ႔ပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈမွာ လမ္းပတ္က ” သူ လူစာရင္းထဲ ျပန္လာပါျပီ။ ဒဏ္ရာျပႆနာေတြအားလံုး ရွင္းလင္းခဲ့ျပီျဖစ္တယ္။ ဒီေတာ့ ျပန္ပါလို႔လည္း ရေနပါျပီ။ ရူဒီဂါနဲ႔ ပက္သက္လုိ႔ေတာ့ သတင္းထူး မရွိပါဘူး။

ေမာင့္နဲ႔ ပက္သက္ျပီး က်ေနာ္ ဂုဏ္ယူပါတယ္။ နယ္သာလန္နဲ႔ ခ်န္ပီယံရွစ္ေတြမွာ သူအငွားကို အေကာင္းဆံုး ကစားခဲ့တယ္။ သူ႔ရဲ႕ အရည္အခ်င္းနဲ႔ အက်င့္စရိုက္ေကာင္းေတြကို က်ေနာ္ ျမင္ခဲ့တယ္။ က်ေနာ္တုိ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြထက္ ပိုေကာင္းေအာင္ သူလုပ္ႏုိင္ခဲ့တယ္။ ေနာက္ထပ္ ဇာတ္လမ္းေတြကေတာ့ သူနဲ႔ပဲ ဆိုင္ပါတယ္။ သူ႔အေနနဲ႔ ဆက္ျပီး ၾကိဳးစားဖို႔ လိုတယ္။ ကြင္းလယ္ သံုေယာက္လံုးက အရမ္းေကာင္းပါတယ္။

လြတ္လြတ္လပ္လပ္ ကစားေစလိုတယ္။ ဒါက အသင္းကို က်ေန္ာျဖစ္ေစလိုတဲ့ ကစားဟန္ပါ။ ဝတ္ဖို႔နဲ႔ပြဲမွာ ကြင္းလယ္က အားလံုးကို လုပ္ႏုိင္ခဲ့တယ္။ သူတို႔ကို အေကာင္းျမင္ေစလိုတယ္။ ကိုဗာဆစ္ရဲ႕ အရည္အခ်င္းေတြ အပါအဝင္ေပါ့။ ကန္တီကေတာ့ က်ေနာ္တုိ႔အတြက္ အရမ္းအေရးပါသူပါ။ ကမ​ၻာအေကာင္းဆံုးေတြထဲက တစ္ဦးျဖစ္ျပီး သူတို႔အားလံုးကို က်ေနာ္ လိုအပ္ပါတယ္။

ေဂ်ာ္ဂ်င္ဟိုနဲ႔ ကိုဗာဆစ္တုိ႔ ကစားေနတာက က်ေနာ္တုိ႔ ကစားလိုတဲ့အတိုင္းျဖစ္လုိ႔ အေရးၾကီးပါတယ္။ ကြင္းလယ္ဧရိယာေတြကေန ေက်ာ္ျဖတ္ဖို႔ျဖစ္ျပီး ေဘာလံုးကို လက္ခံဖို႔ သက္ေသာင့္သက္သာ ျဖစ္ေနသင့္တယ္။ ဒါနဲ႔ ပက္သက္ျပီး က်ေနာ္တုိ႔ ေလ့က်င့္ထားတာျဖစ္တယ္။ ပိုျပီးလည္း ေကာင္းေကာင္း တိုးတက္လာေနပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။