ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲစဉ် ၄ အဖြစ် ဒီအပတ်မှာ ချယ်ဆီးဟာ နယ်သာလန်ကလပ် အေဂျက်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး နောက်တစ်ဆင့်ကို ခပ်စောစော သေချာနိုင်ဖို့ ဒီပွဲကို သေချာပေါက် ရလဒ်ကောင်း ရယူနိုင်ရမှာဖြစ်တယ်။

အေဂျက်ဟာ ဒီရာသီမှာ ပထမဆုံး ရံှူးပွဲကို ချယ်ဆီးနဲ့မှ တွေ့ထားတာဖြစ်ပြီး ပုံစံကောင်း ရနေတာပါ။ ချယ်ဆီးကလည်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရနေတာဖြစ်ပြီး အကောင်းဆုံး ခြေစွမ်းတွေ ပိုင်ဆိုင်နေပါတယ်။ အေဂျက်နဲ့ပွဲမှာတော့ ကွင်းလယ်လူ ကန်တီ ပြန်ပါလာနိုင်တာကလည်း ချယ်ဆီးအတွက် အားတက်စရာဖြစ်တယ်။

မိုက်ကယ်အိုဝင်က ” အရင်အပတ်က ချယ်ဆီးက အေဂျက်ကို ၁-၀ နဲ့ အနိုင်ယူခဲ့တာက နယ်သာလန်ကလပ်ရဲ့ ဒီရာသီ ပြိုင်ပွဲစုံ နိုင်ပွဲ ၁၅ ပွဲ သရေပွဲ ၄ ပွဲနောက် ပထမဆုံး ရံှူးပွဲ ဖြစ်စေခဲ့တယ်။ အေဂျက်ဟာ မနှစ်က ကျော်ကြားတဲ့ အရေးနိမ့်မှုဖြစ်တဲ့ စပါးကို ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အရေးနိမ့်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အရေးနိမ့်မှုလည်း ဖြစ်ခဲ့ပါတယ်။

လမ်းပတ်ရဲ့အသင်းက ချန်ပီယံလိဂ် အဖွင့်ပွဲအဖြစ် အိမ်ကွင်းမှာ ဗလန်စီယာကို အရေးနိမ့်ပြီးနောက်ပိုင်း အရမ်းကို ကောင်းမွန်တဲ့ ပုံစံနဲ့ ဥရောပပွဲတွေမှာ ပြန်လာနိုင်ခဲ့တယ်။ ပုံစံကောင်းရနေတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့မှုမှာ ချယ်ဆီးကပဲ အသာစီးထပ်ရသွားမယ်လို့ ယူဆပြီး နှစ်သင်းလုံးက ဂိုးတွေ အပြိုင်အဆိုင် သွင်းယူပါလိမ့်မယ် ” လို့ သုံးသပ်မှု ပြုလုပ်သွားပါတယ်။

ချယ်ဆီးနဲ့ အေဂျက်အတွက် ပွဲရလဒ်အတွက် မိုက်ကယ်အိုဝင်က ခန့်မှန်းမှု လုပ်ရာမှာတော့ တိုက်စစ်အသားပေးတဲ့ ကလပ်နှစ်သင်းဟာ အပြိုင်အဆိုင် ဂိုးသွင်းမှုတွေ မြင်တွေ့ရမှာဖြစ်ပြီး အနိုင်ရမယ့်အသင်းက ချယ်ဆီးဖြစ်တယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ အုပ္စုတြင္း ပြဲစဥ္ ၄ အျဖစ္ ဒီအပတ္မွာ ခ်ယ္ဆီးဟာ နယ္သာလန္ကလပ္ ေအဂ်က္အသင္းကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး ေနာက္တစ္ဆင့္ကို ခပ္ေစာေစာ ေသခ်ာႏုိင္ဖို႔ ဒီပြဲကို ေသခ်ာေပါက္ ရလဒ္ေကာင္း ရယူႏုိင္ရမွာျဖစ္တယ္။

ေအဂ်က္ဟာ ဒီရာသီမွာ ပထမဆံုး ရံွဴးပြဲကို ခ်ယ္ဆီးနဲ႔မွ ေတြ႔ထားတာျဖစ္ျပီး ပံုစံေကာင္း ရေနတာပါ။ ခ်ယ္ဆီးကလည္း ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ေတြမွာ ရလဒ္ေကာင္းေတြ ဆက္တိုက္ရေနတာျဖစ္ျပီး အေကာင္းဆံုး ေျခစြမ္းေတြ ပိုင္ဆိုင္ေနပါတယ္။ ေအဂ်က္နဲ႔ပြဲမွာေတာ့ ကြင္းလယ္လူ ကန္တီ ျပန္ပါလာႏုိင္တာကလည္း ခ်ယ္ဆီးအတြက္ အားတက္စရာျဖစ္တယ္။

မိုက္ကယ္အိုဝင္က ” အရင္အပတ္က ခ်ယ္ဆီးက ေအဂ်က္ကို ၁-၀ နဲ႔ အႏုိင္ယူခဲ့တာက နယ္သာလန္ကလပ္ရဲ႕ ဒီရာသီ ျပိဳင္ပြဲစံု ႏုိင္ပြဲ ၁၅ ပြဲ သေရပြဲ ၄ ပြဲေနာက္ ပထမဆံုး ရံွဴးပြဲ ျဖစ္ေစခဲ့တယ္။ ေအဂ်က္ဟာ မႏွစ္က ေက်ာ္ၾကားတဲ့ အေရးနိမ့္မႈျဖစ္တဲ့ စပါးကို ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာ အေရးနိမ့္ျပီးေနာက္ပိုင္း ပထမဆံုးအၾကိမ္ အေရးနိမ့္မႈလည္း ျဖစ္ခဲ့ပါတယ္။

လမ္းပတ္ရဲ႕အသင္းက ခ်န္ပီယံလိဂ္ အဖြင့္ပြဲအျဖစ္ အိမ္ကြင္းမွာ ဗလန္စီယာကို အေရးနိမ့္ျပီးေနာက္ပိုင္း အရမ္းကို ေကာင္းမြန္တဲ့ ပံုစံနဲ႔ ဥေရာပပြဲေတြမွာ ျပန္လာႏုိင္ခဲ့တယ္။ ပံုစံေကာင္းရေနတဲ့ အသင္းႏွစ္သင္း ထိပ္တိုက္ေတြ႔မႈမွာ ခ်ယ္ဆီးကပဲ အသာစီးထပ္ရသြားမယ္လို႔ ယူဆျပီး ႏွစ္သင္းလံုးက ဂိုးေတြ အျပိဳင္အဆိုင္ သြင္းယူပါလိမ့္မယ္ ” လို႔ သံုးသပ္မႈ ျပဳလုပ္သြားပါတယ္။

ခ်ယ္ဆီးနဲ႔ ေအဂ်က္အတြက္ ပြဲရလဒ္အတြက္ မိုက္ကယ္အိုဝင္က ခန္႔မွန္းမႈ လုပ္ရာမွာေတာ့ တိုက္စစ္အသားေပးတဲ့ ကလပ္ႏွစ္သင္းဟာ အျပိဳင္အဆိုင္ ဂိုးသြင္းမႈေတြ ျမင္ေတြ႔ရမွာျဖစ္ျပီး အႏုိင္ရမယ့္အသင္းက ခ်ယ္ဆီးျဖစ္တယ္လို႔ ျဖစ္ပါတယ္။