Date

December 2, 2019

အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေပေမယ့် စိတ်မပူတဲ့ အကြောင်းရင်းကို ရှင်းပြသွားတဲ့ ဆိုးရှား

အက်စတွန်ဗီလာကို အိမ်ကွင်းမှာ သရေကျတဲ့ ပွဲပြီးနောက် ယူနိုက်တက်ဟာ ၃၁ နှစ် အတွင်း အဆိုးဝါးဆုံး ဘောလုံးရာသီ အစ ပိုင်ဆိုင်ထားသော်လည်း နည်းပြ ဆိုးရှားကတော့ အမှတ်ပေးဇယားက လက်ရှိ အဆင့် နေရာက သူ့အတွက် အကြီးမားဆုံး စိတ်ပူစရာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားပြီးချိန်မှာ ၁၈ မှတ်သာ ရထားပြီး ၁၉၈၈-၉၀ နောက်ပိုင်း အနိမ့်ဆုံး ရမှတ် ဖြစ်နေကာ အဆင့် ၉ နေရာမှာ ရှိနေပါတယ်။… Continue Reading →

တမ်မီ မရှိတဲ့ နံပါတ် ၉ တိုက်စစ်နေရာအတွက် ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးဖွယ်ရှိလဲ လမ်းပတ် ဖွင့်ဟ

ချယ်ဆီးမန်နေဂျာ လမ်းပတ်ကတော့ ပွဲကြပ်ကာလတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်ဖို့ရာ အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်တွေ ပြုလုပ်ရဖွယ်ရှိပြီး အဆိုပါထဲမှာ တိုက်စစ်မှူးနေရာအတွက် ရွေးချယ်မှုလည်း ပါဝင်နေပါတယ်။ လမ်းပတ်က တိုက်စစ်အတွက် ဂျရူးကို ပြန်လည်ရွေးချယ်မှုတွေ လုပ်ခဲ့ပေမယ့် အမေရိကန်တိုက်စစ်သမား ပူလီဆစ်ဟာ တိုက်စစ်ကို ဦးဆောင်သူဖြစ်တဲ့ နံပါတ် ၉ နေရာကို ကစားနိုင်စွမ်းရှိတယ်လို့ မြင်နေပါတယ်။ တမ်မီ ဒဏ်ရာရသွားတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ဝက်ဟမ်းနဲ့ပွဲမှာ တိုက်စစ်ကို ဂျရူး လွဲပြောင်းတာဝန်ယူပြီး အဆိုပါပွဲဟာ သြဂုတ်လက ပရိးမီးယားလိဂ် အဖွင့်ပွဲနောက်ပိုင်း ချယ်ဆီးအသင်း ဂိုးမသွင်းနိုင်တဲ့ပွဲ ဖြစ်လာခဲ့တယ်။… Continue Reading →

အာဆင်နယ် မန်နေဂျာရာထူးအတွက် သတင်းကြီးမှုအပေါ် တုန့်ပြန်မှတ်ချက်ပေးတဲ့ ဘရန်ဒန်ရော်ဂျာ

အာဆင်နယ်ဟာ အမ်မရီကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အစားထိုးဖို့ရာ မန်နေဂျာသစ် ရှာဖွေနေရာမှာ လက်စတာမန်နေဂျာ ရော်ဂျာကို အတော်လေး သဘောတွေ့ကာ ချိတ်ဆက်မှု လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မနက်က အဲဗာတန်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရအပြီး လီဗာပူးကို အမှတ်ပေးဇယား ဒုတိယနေရာက ဖိအားပေးနေနိုင်တဲ့နောက် မန်နေဂျာရော်ဂျာက သူ့အနာဂတ်က လောလောဆယ် လက်စတာမှာပါလို့ ဆိုပါတယ်။ ဘရန်ဒန်ရော်ဂျာဟာ မနှစ်က ရာသီဝက်မှာ လက်စတာကို ကိုင်တွယ်ဖို့ ဆဲလ်တစ်ကနေ ပြောင်းလာခဲ့သူဖြစ်ပါတယ်။ ကနဦးအဖြစ် ရော်ဂျာက ”… Continue Reading →

ဘလွန်းဒီအော့ဆုမှာ ကျနော်က အောင်နိုင်သူဖြစ်ပြီးသားပါဆိုတဲ့ ဗန်ဒိုက်

ခံစစ်မှူးကြီး ဗန်ဒိုက်ကတော့ ဒီကနေ့ ဆုပေးပွဲပြုလုပ်မယ့် ဘလွန်းဒီအော့ဆုမှာ ဆန်ကာတင်စာရင်းကို ဝင်ရောက်ခဲ့ပြီးကတည်းကိုက သူဟာ အောင်နိုင်သူဖြစ်နေခဲ့ပြီးပါပြီလို့ ခံစားရပါကြောင်း ထုတ်ပြောခဲ့ပါတယ်။ ပဲရစ်မှာ အခမ်းအနားနဲ့တကွ ပေးအပ်မယ့် အဆိုပါဆုကိုတော့ ဗန်ဒိုက်ဟာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ယှဉ်ပြိုင်မယ့် တစ်ဦးတည်းသော ရေပန်းစားသူလညည်းဖြစ်တယ်။ ဗန်ဒိုက်ကိုယ်တိုင်ကတော့ ကမ္ဘာအကောင်းဆုံးတွေမှ တက်ရောက်နိုင်တဲ့ အဆိုပါ စင်မြင့်ပေါ် တက်ရောက်ခွင့်ကတည်း သူ့ကို အောင်နိုင်သူလို့ ခံစားရစေကြောင်း ဆိုခဲ့တာဖြစ်ပြီး ဆုကို ဘယ်သူ ရမယ်ဆိုတာကတော့ စောင့်ကြည့်ရုံပါလို့ ဆိုပါတယ်။ မနှစ်ကရာသီမှာ ဘာစီလိုနာကို အနိုင်ယူပြီး ချန်ပီယံလိဂ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!