Date

December 2, 2019

အဝေးကွင်းမှာ ခြင်္သေ့လို ကစားပြီး နိုင်ပွဲရပေမယ့် အိမ်ကွင်းမှာ ရလဒ်မကောင်ခြင်းကို ပူလီဆစ် ထင်မြင်ချက်ပေး

ချယ်ဆီးဟာ ဒီရာသီ လိဂ်မှာ အဝေးကွင်းရလဒ် အကောင်းဆုံးဖြစ်ပေမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာတော့ အဲ့လိုမစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဖရန့် လမ်းပတ်ရဲ့ လူငယ်အသင်းအနေနဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ဖိအားခံစားရနိုင်တယ်လို့ ပူလီဆစ်က ထင်နေတာဖြစ်ပါတယ်။ ချယ်ဆီးဟာ ဒီရာသီ အိမ်ကွင်းပွဲ ၇ ပွဲကစားပြီးချိန်မှာ ၃ ပွဲပဲ အနိုင်ရပြီး ၂ ပွဲသရေ ၂ ပွဲ ရံှူးထားပါတယ်။ ဒါပေမယ့်လို့ အဝေးကွင်းမှာတော့ ရလဒ်ကောင်းတွေ ရယူထားနိုင်ပြီး ၅ ပွဲထိ အနိုင်ရကာ ၂ ပွဲပဲ အရေးနိမ့်ထားတာဖြစ်တယ်။ ချယ်ဆီး အရေးနိမ့်ထားတဲ့ အဝေးကွင်းပွဲ… Continue Reading →

အနိုင်မရခဲ့ပေမယ့် ပွဲအတွင်း မြင်ခဲ့ရတဲ့ အကောင်းမြင်နိုင်စရာ အချက်များကို ယွန်းဘတ် ရွေးထုတ်ပြ

ဂန်းနားတွေဟာ မန်နေဂျာအမ်မရီ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ယာယီမန်နေဂျာယွန်းဘတ်နဲ့ စတင်ခဲ့တဲ့ ပထမဆုံးပွဲမှာ အကောင်းဆုံး စတင်ခဲ့ပေမယ့်လဲ ကာရိုးရုဒ်မှာ တိုက်စစ်မှူး အူဘာမီးယန်းရဲ့ ခြေပသွင်းဂို းနှစ်ဂိုးကြောင့်သာ သရေတစ်မှတ် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီသရေပွဲကြောင့် အာဆင်နယ်ဟာ ပြိုင်ပွဲစုံ နိုင်ပွဲမရခဲ့တာ ၈ပွဲ ရှိပြီဖြစ်ပြီး အဆင့်လေးနေရာက ချယ်ဆီးနဲ့ ၇ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။ ရလဒ်ကို စိတ်ပျက်ခဲ့ပေမယ့်လဲ ယွန်းဘတ်အတွက် ကြာသပတေးနေ့ ဘရိုက်တန်နဲ့ပွဲ မတိုင်ခင် အကောင်းမြင်စရာ များစွာရှိခဲ့ပါတယ်။ ” ကျနော်တို့ ပွဲကိုကောင်းကောင်း စတင်ခဲ့ပါတယ်၊ ဒါက… Continue Reading →

ကိစ္စကြီးတစ်ရပ် ဖြစ်ခဲ့ရင် ရီးရဲလ်၊ ဘာကာကိုကျော်ပြီး ကစားသမားတွေက လီဗာပူးကို ပြောင်းလိုကြလိမ့်မယ်

လီဗာပူးခံစစ်မှူးဟောင်း ဝါးနော့က ဘလွန်းဒီအော့ဆုကို ဗန်ဒိုက်က အနိုင်ရခဲ့မယ်ဆိုရင် ထိပ်တန်းကစားသမားတွေက ရီးရဲလ်၊ ဘာကာကိုကျော်ပြီး လီဗာပူးကို ပြောင်းကစားဖို့ ရွေးချယ်ဖို့ဆိုတာ အမှန်ကတယ်ကို ဖြစ်လာလိမ့်မယ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကမ္ဘာအကောင်းဆုံး အားပေးသူတွေရှိပြီး ကမ္ဘာအကောင်းဆုံး မန်နေဂျာလည်းရှိတဲ့ အသင်းတစ်သင်းမှာ ကမ္ဘာအကောင်းဆုံးသော ကစားသမားတွေနဲ့ တွဲဘက်ခွင့်ရဖို့ကို ဘယ်လို ထိပ်တန်းကစားသမားကများ ငြင်းဆန်နိုင်မလဲလို့ ဝါးနော့က သူ့ရဲ့အမြင်ကို ဆိုခဲ့တာဖြစ်တယ်။ အထူးသဖြင့် ထိပ်တန်းအသင်းတိုင်း အလိုရှိနေတဲ့ အမ်ဘတ်ပီကို လီဗာပူးက ဆွဲဆောင်နိုင်မယ်လို့ သူက ယုံကြည်နေပါတယ်။ ဝါးနော့က ” ယာဂင်ကလော့ပ်လက်အောက်မှာ လီဗာပူးက… Continue Reading →

ယူနိုက်တက်ရဲ့ ရလဒ်မကောင်းဖြစ်နေမှုကို ကာကွယ်ပြောဆိုမှု လုပ်သွားခဲ့တဲ့ ဆိုးရှား

အက်စတွန်ဗီလာကို အနိုင်ရမယ်ဆိုရင် ကလပ်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၅ နေရာကို ရောက်မှာဖြစ်ပေမယ့်လည်း သရေရလဒ်ပဲ ရယူနိုင်ခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရတာဖြစ်ပေမယ့် ဦးဆောင်ဂိုး မသွင်းနိုင်တဲ့ အပေါ် လည်း ဆိုးရှားက ကာကွယ်ပြောဆိုမှု ပြုလုပ်လာခဲ့ပါတယ်။ ယူနိုက်တက်ကို အမြဲတမ်းမန်နေဂျာအဖြစ် ကိုင်တွယ်ပြီးနောက်မှာ ဆိုးရှားရဲ့ အနိုင်ရမှု ရာခိုင်းနှုန်ဟာ ၂၇.၃% ပဲရှိပြီး မကြာသေးခင်ကပဲ ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အာဆင်နယ်မန်နေဂျာ အမ်မရီရဲ့ အနိုင်ရမှု ရာခိုင်းနှုန်က ၄၉% ဖြစ်တယ်။ ဒါကြောင့်… Continue Reading →

မာဆေးဆိုဒ် ဒါဘီပွဲမတိုင်ခင် လီဗာပူး ပရိသတ်တွေအား အက်ဒရီယန် အသိပေးမှု ပြုလုပ်

လီဗာပူး ဂိုးသမား အက်ဒရီယန်ဟာ လာမယ့် ကြာသပတေးနေ့ မနက် အစောပိုင်း ယှဉ်ပြိုင် ကစားမယ့် လီဗာပူး အဲဗာတန် မာဆေးဆိုဒ် ဒါဘီပွဲမှာ ပါဝင် ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးရဲ့ နံပါတ် တစ် ဂိုးသမား အယ်လစ်ဆန်ဟာ ဘရိုက်တန်နဲ့ပွဲမှာ အနီကတ် ထိခဲ့တာကြောင့် တစ်ပွဲ ပယ်ခံထားရပြီး အက်ဒရီယန်ရဲ့ အလှည့် ကျရောက်လာခဲ့ပါပြီ။ စပိန်သား ဂိုးသမားကြီး အက်ဒရီယန်က ၎င်းဟာ အဲဗာတန်နဲ့ ပွဲအတွက် အာရုံစိုက် ပြင်ဆင်နေပြီ ဖြစ်တယ်လို့ တွစ်တာကနေ ပရိသတ်တွေအား… Continue Reading →

အာဆင်နယ် ခံစစ်အတွက် နည်းပြ ယွန်းဘတ်အား အကြံပေးစကား ဆိုလာတဲ့ ဂျင်မီကာရေဂါ

အာဆင်နယ်အသင်းရဲ့ ဆိုးဝါးနေတဲ့ ခံစစ်ကို ဖြေရှင်းရန် အတွက် လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက အာဆင်နယ်နည်းပြ ယွန်းဘတ်အား နောဝစ်နဲ့ ပွဲအပြီးမှာ သုံးသပ် အကြံပေးစကား ဆိုခဲ့ပါတယ်။ ယွန်းဘတ်ရဲ့ ပွဲဦးထွက် ကတော့ နောဝစ်ကို ၂ဂိုးစီနဲ့ သရေကျသွားခဲ့တာ ဖြစ်ပြီး နည်းပြ အနေနဲ့ ဖြေရှင်းစရာတွေ ရှိနေသေးတာ မြင်ခဲ့ရပါတယ်။ အာဆင်နယ် ခံစစ်ရဲ့ ယိုယွင်းမှုက ယခင်နည်းပြ အမ်မရီကိုလည်း ကြီးစွာ ထိခိုက်ခဲ့တာပါ။ နောဝစ်နဲ့ ပွဲမှာ အာဆင်နယ် ဗဟိုခံစစ်က လူးဝစ်နဲ့ မူစတာဖီအတွဲ ရုန်းကန်ေ်နခဲ့ပါတယ်။… Continue Reading →

ချယ်ဆီအသင်းနဲ့ အသင်းဖော်တွေကို ရဲရင့်မှုနဲ့ ပက်သက်ပြီး တိုက်တွန်းစကားဆိုတဲ့ ပူလီဆစ်

နိုင်ငံတကာပွဲတွေပြီးကတည်းက ချယ်ဆီးရဲ့ ရလဒ်ပိုင်း ကျဆင်းလာမှုတွေဟာ အသင်းရဲ့ရဲရင့်မှုအတွက် စမ်းသပ်မှုတစ်ခု ဖြစ်လိမ့်မယ်လို့ ချယ်ဆီး ကစားသမား ခရစ္စတီယန် ပူလီဆစ်က ယုံကြည်နေပါတယ်။ ချယ်ဆီးဟာ နိုဝင်ဘာလအတွင်း နိုင်ငံတကာပွဲတွေမတိုင်ခင် လိဂ်မှာ ၆ ပွဲဆက် အနိုင်ရခဲ့ပေမယ့် နှစ်ပတ်နားပြီးနောက်ပိုင်း ပုံစံကောင်းတွေ ထပ်မံပြသဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ လိဂ်မှာ မန်စီးတီးနဲ့ ဝက်စ်ဟမ်းကိုရှုံးပြီး ချန်ပီယံလိဂ်မှာ ဗလန်စီယာနဲ့ ၂ ဂိုးစီ သရေကျခဲ့တာနဲ့အတူ နောက်လာမယ့် အက်စ်တွန်ဗီလာ၊ အဲဗာတန်တို့နဲ့ ပွဲတွေမတိုင်ခင် အသင်းရဲ့ ရဲရင့်မှုကိုပြသဖို့ ပူလီဆစ်က တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ပူလီဆစ်က… Continue Reading →

အမှတ်ပေးလိဂ်တွေက ထိပ်ဆုံးအသင်းတွေရဲ့ အလေးအနက် စိတ်ဝင်စားခြင်း ခံနေရတဲ့ အူဘာမီယန်

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်ကို ခေါ်ယူဖို့ရာ လာလီဂါမှ ရီးရဲလ်မက်ဒရစ်နဲ့ စီးရီးအေမှ အင်တာမီလန်တို့ဟာ အလေးအနက် စိတ်ဝင်စားလာနေကြပြီး လန်ဒန်ကလပ်မှ ဂါဘွန်တိုက်စစ်သမားရဲ့ အနေအထားကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ဟာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ကို ခေါ်ယူဖို့ ကွင်းလယ်လူ ရိုဒရီဂွက်စ်ကို အလိုက်ပေးမှုနဲ့အတူ ပေါင် ၇၀ သန်းပေးမယ့် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်းကို စပိန်သတင်းတွေက ဖော်ပြထားပါတယ်။ ရီးရဲလ်မန်နေဂျာ ဇီဒန်းဟာ တိုက်စစ်မှူးကောင်း အလိုရှိနေပြီး ဥရောပလိဂ်တွေမှာ ဂိုးသွင်းနှုန်းမြင့်မားမှုအရ ထိပ်ဆုံးမှာရှိနေတဲ့ အူဘာမီယန်ကို သဘောတွေ့နေတာပါ။ အူဘာကို… Continue Reading →

လီဗာပူးရဲ့ အင်အားကုန်ခမ်းနေပြီလို့ မှတ်ချက်ပြုနေကြခြင်းအား ငြင်းဆန်သွားတဲ့ ယာဂင်ကလော့ပ်

ယာဂင်ကလော့ပ်က သူနဲ့ လီဗာပူးအသင်းသားတွေဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ ယှဉ်ပြိုင်နေခြင်းမှာ ပင်ပန်းနေပြီလို့ ခံစားနေရခြင်းမှာ မမှန်ပါဘူးလို့ ထုတ်ပြောပြောဆိုလိုက်ပါတယ်။ အန်ဖီးကွင်းမှာ ဘရိုက်တန်ကို ဖိအားများစွာနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့နောက် မန်နေဂျာကလော့ပ်ကတော့ ပွဲတွေကို သက်သောင့်သက်သာနဲ့ အနိုင်ရဖို့ကို ပိုမိုမျှော်လင့်တာကို ဝန်ခံခဲ့တယ်။ လီဗာပူးဟာ ဘရိုက်တန်ကို အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားမှာ ဒုတိယနေရာက လက်စတာကို ၈ မှတ်၊ တတိယနေရာက မန်စီးတီးကို ၁၁ မှတ်၊ စတုတ္ထနေရာက ချယ်ဆီးကို ၁၄ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူအတွက် အရေးကြီးဆုံး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!