အာဆင်နယ်ဟာ အမ်မရီကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အစားထိုးဖို့ရာ မန်နေဂျာသစ် ရှာဖွေနေရာမှာ လက်စတာမန်နေဂျာ ရော်ဂျာကို အတော်လေး သဘောတွေ့ကာ ချိတ်ဆက်မှု လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မနက်က အဲဗာတန်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရအပြီး လီဗာပူးကို အမှတ်ပေးဇယား ဒုတိယနေရာက ဖိအားပေးနေနိုင်တဲ့နောက် မန်နေဂျာရော်ဂျာက သူ့အနာဂတ်က လောလောဆယ် လက်စတာမှာပါလို့ ဆိုပါတယ်။ ဘရန်ဒန်ရော်ဂျာဟာ မနှစ်က ရာသီဝက်မှာ လက်စတာကို ကိုင်တွယ်ဖို့ ဆဲလ်တစ်ကနေ ပြောင်းလာခဲ့သူဖြစ်ပါတယ်။

ကနဦးအဖြစ် ရော်ဂျာက ” ကျနော် ရည်မှန်းချက်ကတော့ ကလပ်ကို ကူညီဖို့ပါ။ လက်စတာကို ရှေ့ဆက်နိုင်ဖို့ရာ အခြားသူတွေနဲ့အတူ တာဝန်တွေကို မျှဝေဖို့ဖြစ်တယ်။ နောက်နှစ်အနည်းငယ်မှာ လက်စတာကို တွန်းတင်ဖို့ရာ အလားအလာကောင်းတွေလည်း ရှိထားပါတယ်။ ” လို့ ဆိုပါတယ်။

အာဆင်နယ်ဟာ မန်နေဂျာယွန်းဘတ်ကို ယာယီမန်နေဂျာအဖြစ် ခန့်အပ်ထားပြီး အမြဲတမ်း မန်နေဂျာအဖြစ်တော့ ရော်ဂျာကို အကြိုက်တွေ့နေတယ်လို့ သိထားရတာပါ။ လက်စတာမန်နေဂျာကတော့ အဆိုပါကိစ္စကို အကောင်းမြင်နေပြီး စိတ်အနှောက်အယှက်လည်း မဖြစ်မိဘူးလို့ ပြောပါတယ်။

” ဒီလိုသတင်းထွက်မှုတွေက ကျနော်ကို အနှောက်အယှက် မပေးပါဘူး။ ဒါက ကျနော် ထိန်းချုပ်လို့ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာ မန်နေဂျာအများအပြားက သူတို့ရဲ့ရာထူးကနေ ထုတ်ပယ်ခံရပြီး အစားထိုးမှုတွေ လုပ်နေကြတာဖြစ်တယ်။ ဒါက ဒီအလုပ်ရဲ့ အစိတ်အပိုင်းတွေပါပဲ။

ကျနော်တို့ရဲ့ နာမည်ကို ဘယ်ဘက်မှာစီလိုက်၊ ညာဘက်မှာစီလိုက် နောက် အလယ်မှာထားလိုက်တွေ လုပ်ကြမှာပါ။ အာဆင်နယ်မန်နေဂျာ ရာထူးအတွက် ရေပန်းစားနေတဲ့ နာမည်က ကျနော် တစ်ယောက်ထဲ မဟုတ်ပဲ ၁၀ ဦးလောက်ထိကို ရှိနိုင်တာဖြစ်ပါတယ် ” လို့ ဘရန်ဒန်ရော်ဂျာက ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္ဟာ အမ္မရီကို ရာထူးကေန ထုတ္ပယ္ခဲ့ျပီးေနာက္ အစားထိုးဖို႔ရာ မန္ေနဂ်ာသစ္ ရွာေဖြေနရာမွာ လက္စတာမန္ေနဂ်ာ ေရာ္ဂ်ာကို အေတာ္ေလး သေဘာေတြ႔ကာ ခ်ိတ္ဆက္မႈ လုပ္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

မနက္က အဲဗာတန္ကို အိမ္ကြင္းမွာ ၂-၁ နဲ႔ အႏုိင္ရအျပီး လီဗာပူးကို အမွတ္ေပးဇယား ဒုတိယေနရာက ဖိအားေပးေနႏုိင္တဲ့ေနာက္ မန္ေနဂ်ာေရာ္ဂ်ာက သူ႔အနာဂတ္က ေလာေလာဆယ္ လက္စတာမွာပါလို႔ ဆိုပါတယ္။ ဘရန္ဒန္ေရာ္ဂ်ာဟာ မႏွစ္က ရာသီဝက္မွာ လက္စတာကို ကိုင္တြယ္ဖို႔ ဆဲလ္တစ္ကေန ေျပာင္းလာခဲ့သူျဖစ္ပါတယ္။

ကနဦးအျဖစ္ ေရာ္ဂ်ာက ” က်ေနာ္ ရည္မွန္းခ်က္ကေတာ့ ကလပ္ကို ကူညီဖို႔ပါ။ လက္စတာကို ေရွ႔ဆက္ႏုိင္ဖို႔ရာ အျခားသူေတြနဲ႔အတူ တာဝန္ေတြကို မွ်ေဝဖို႔ျဖစ္တယ္။ ေနာက္ႏွစ္အနည္းငယ္မွာ လက္စတာကို တြန္းတင္ဖို႔ရာ အလားအလာေကာင္းေတြလည္း ရွိထားပါတယ္။ ” လို႔ ဆိုပါတယ္။

အာဆင္နယ္ဟာ မန္ေနဂ်ာယြန္းဘတ္ကို ယာယီမန္ေနဂ်ာအျဖစ္ ခန္႔အပ္ထားျပီး အျမဲတမ္း မန္ေနဂ်ာအျဖစ္ေတာ့ ေရာ္ဂ်ာကို အၾကိဳက္ေတြ႔ေနတယ္လို႔ သိထားရတာပါ။ လက္စတာမန္ေနဂ်ာကေတာ့ အဆိုပါကိစၥကို အေကာင္းျမင္ေနျပီး စိတ္အေႏွာက္အယွက္လည္း မျဖစ္မိဘူးလို႔ ေျပာပါတယ္။

” ဒီလိုသတင္းထြက္မႈေတြက က်ေနာ္ကို အေႏွာက္အယွက္ မေပးပါဘူး။ ဒါက က်ေနာ္ ထိန္းခ်ဳပ္လို႔ရတဲ့ ကိစၥလည္း မဟုတ္ပါဘူး။ တစ္ခ်ိန္တည္းမွာ မန္ေနဂ်ာအမ်ားအျပားက သူတို႔ရဲ႕ရာထူးကေန ထုတ္ပယ္ခံရျပီး အစားထိုးမႈေတြ လုပ္ေနၾကတာျဖစ္တယ္။ ဒါက ဒီအလုပ္ရဲ႕ အစိတ္အပိုင္းေတြပါပဲ။

က်ေနာ္တို႔ရဲ႕ နာမည္ကို ဘယ္ဘက္မွာစီလိုက္၊ ညာဘက္မွာစီလိုက္ ေနာက္ အလယ္မွာထားလိုက္ေတြ လုပ္ၾကမွာပါ။ အာဆင္နယ္မန္ေနဂ်ာ ရာထူးအတြက္ ေရပန္းစားေနတဲ့ နာမည္က က်ေနာ္ တစ္ေယာက္ထဲ မဟုတ္ပဲ ၁၀ ဦးေလာက္ထိကို ရွိႏုိင္တာျဖစ္ပါတယ္ ” လို႔ ဘရန္ဒန္ေရာ္ဂ်ာက ဆိုခဲ့တာျဖစ္ပါတယ္။