ချယ်ဆီးမန်နေဂျာ လမ်းပတ်ကတော့ ပွဲကြပ်ကာလတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်ဖို့ရာ အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်တွေ ပြုလုပ်ရဖွယ်ရှိပြီး အဆိုပါထဲမှာ တိုက်စစ်မှူးနေရာအတွက် ရွေးချယ်မှုလည်း ပါဝင်နေပါတယ်။

လမ်းပတ်က တိုက်စစ်အတွက် ဂျရူးကို ပြန်လည်ရွေးချယ်မှုတွေ လုပ်ခဲ့ပေမယ့် အမေရိကန်တိုက်စစ်သမား ပူလီဆစ်ဟာ တိုက်စစ်ကို ဦးဆောင်သူဖြစ်တဲ့ နံပါတ် ၉ နေရာကို ကစားနိုင်စွမ်းရှိတယ်လို့ မြင်နေပါတယ်။ တမ်မီ ဒဏ်ရာရသွားတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ဝက်ဟမ်းနဲ့ပွဲမှာ တိုက်စစ်ကို ဂျရူး လွဲပြောင်းတာဝန်ယူပြီး အဆိုပါပွဲဟာ သြဂုတ်လက ပရိးမီးယားလိဂ် အဖွင့်ပွဲနောက်ပိုင်း ချယ်ဆီးအသင်း ဂိုးမသွင်းနိုင်တဲ့ပွဲ ဖြစ်လာခဲ့တယ်။

ဂျရူးရဲ့ ဒုတိယမြောက် လိဂ်ပွဲထွက်မှုက မန်နေဂျာကို အထင်ကြီးစေဖို့ ကျဆုံးခဲ့တဲ့အပြင် သူ့နေရာမှာ အိုဒွိုင်းနဲ့ အစားထိုးပြီး ပူလာဆစ်ကို တိုက်စစ်မှူးနေရာ တင်ကစားခဲ့တာဖြစ်တယ်။ ချယ်ဆီးအတွက် ၈ ပွဲကစားပေးပြီး ၆ ဂိုး သွင်းယူထားတဲ့ ပူလီဆစ်ဟာ လက်ရွေးစင်အသင်းမှာလည်း နံပါတ် ၉ နေရာ ကစားတာကြောင့် တမ်မီနေရာ တိုက်ရိုက် အစားဝင်နိုင်မယ်လို့ လမ်းပတ်က မြင်ပါတယ်။

လမ်းပတ်က ” ကျနေ်ာတို့ ကြည့်ရမှာပေါ့။ ပူလီဆစ်က လိုင်းတွေကို ကျော်ဖြတ် ပြေးနိုင်စွမ်းရှိပြီး ထိပ်ဆုံး ဧရိယာတွေမှာ ကောင်းကောင်း လုပ်နိုင်စွမ်းရှိတယ်။ အဲ့နေရာက သူ့ကို ဂိုးတွေ ပိုသွင်းနိုင်စေမှာဖြစ်ပေမယ့် အခုချိန်မှာတော့ ဒီအခြေအနေနဲ့ ပက်သက်ပြီး မပြောလိူသေးပါဘူး။ ကျနေ်ာတို့ ရှေ့ဆက်ပြီး ဘာလုပ်ရမယ်ဆိုတာ ကြည့်ရပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဂျရူးနည်းတူ ဝါရင့်ကစားသမားကြီး ပက်ဒရိုကလည်း တောက်ပတဲ့ ခြေစွမ်းတွေ မပြသနိုင်ခဲ့ပဲ ရုန်းကန်နေခဲ့ရတယ်။ ဝက်ဟမ်းနဲ့ပွဲက ချယ်ဆီးအတွက် အနုတ်ဆောင်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး မန်နေဂျာလမ်းပတ်ဟာ ပူလီဆစ်အပြင် တိုက်စစ်သမား ဘတ်ရှုဝါရီကိုပါ နေရာတစ်နေရာ ပေးနိုင်ဖို့ စဉ်းစားနေရပြီဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္ကေတာ့ ပြဲၾကပ္ကာလေတြကို အေကာင္းဆံုး ရင္ဆိုင္ေက်ာ္ျဖတ္ဖို႔ရာ အံ့အားသင့္ဖြယ္ ဆံုးျဖတ္ခ်က္ေတြ ျပဳလုပ္ရဖြယ္ရွိျပီး အဆိုပါထဲမွာ တိုက္စစ္မွဴးေနရာအတြက္ ေရြးခ်ယ္မႈလည္း ပါဝင္ေနပါတယ္။

လမ္းပတ္က တိုက္စစ္အတြက္ ဂ်ရူးကို ျပန္လည္ေရြးခ်ယ္မႈေတြ လုပ္ခဲ့ေပမယ့္ အေမရိကန္တိုက္စစ္သမား ပူလီဆစ္ဟာ တိုက္စစ္ကို ဦးေဆာင္သူျဖစ္တဲ့ နံပါတ္ ၉ ေနရာကို ကစားႏုိင္စြမ္းရွိတယ္လို႔ ျမင္ေနပါတယ္။ တမ္မီ ဒဏ္ရာရသြားတဲ့ေနာက္ ပထမဆံုးအၾကိမ္အျဖစ္ ဝက္ဟမ္းနဲ႔ပြဲမွာ တိုက္စစ္ကို ဂ်ရူး လြဲေျပာင္းတာဝန္ယူျပီး အဆိုပါပြဲဟာ ၾသဂုတ္လက ပရိးမီးယားလိဂ္ အဖြင့္ပြဲေနာက္ပိုင္း ခ်ယ္ဆီးအသင္း ဂိုးမသြင္းႏုိင္တဲ့ပြဲ ျဖစ္လာခဲ့တယ္။

ဂ်ရူးရဲ႕ ဒုတိယေျမာက္ လိဂ္ပြဲထြက္မႈက မန္ေနဂ်ာကို အထင္ၾကီးေစဖို႔ က်ဆံုးခဲ့တဲ့အျပင္ သူ႔ေနရာမွာ အိုဒိြဳင္းနဲ႔ အစားထိုးျပီး ပူလာဆစ္ကို တိုက္စစ္မွဴးေနရာ တင္ကစားခဲ့တာျဖစ္တယ္။ ခ်ယ္ဆီးအတြက္ ၈ ပြဲကစားေပးျပီး ၆ ဂိုး သြင္းယူထားတဲ့ ပူလီဆစ္ဟာ လက္ေရြးစင္အသင္းမွာလည္း နံပါတ္ ၉ ေနရာ ကစားတာေၾကာင့္ တမ္မီေနရာ တိုက္ရိုက္ အစားဝင္ႏုိင္မယ္လို႔ လမ္းပတ္က ျမင္ပါတယ္။

လမ္းပတ္က ” က်ေန္ာတို႔ ၾကည့္ရမွာေပါ့။ ပူလီဆစ္က လိုင္းေတြကို ေက်ာ္ျဖတ္ ေျပးႏုိင္စြမ္းရွိျပီး ထိပ္ဆံုး ဧရိယာေတြမွာ ေကာင္းေကာင္း လုပ္ႏုိင္စြမ္းရွိတယ္။ အဲ့ေနရာက သူ႔ကို ဂိုးေတြ ပိုသြင္းႏုိင္ေစမွာျဖစ္ေပမယ့္ အခုခ်ိန္မွာေတာ့ ဒီအေျခအေနနဲ႔ ပက္သက္ျပီး မေျပာလိူေသးပါဘူး။ က်ေန္ာတို႔ ေရွ႔ဆက္ျပီး ဘာလုပ္ရမယ္ဆိုတာ ၾကည့္ရပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဂ်ရူးနည္းတူ ဝါရင့္ကစားသမားၾကီး ပက္ဒရိုကလည္း ေတာက္ပတဲ့ ေျခစြမ္းေတြ မျပသႏုိင္ခဲ့ပဲ ရုန္းကန္ေနခဲ့ရတယ္။ ဝက္ဟမ္းနဲ႔ပြဲက ခ်ယ္ဆီးအတြက္ အႏုတ္ေဆာင္တဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ျပီး မန္ေနဂ်ာလမ္းပတ္ဟာ ပူလီဆစ္အျပင္ တိုက္စစ္သမား ဘတ္ရႈဝါရီကိုပါ ေနရာတစ္ေနရာ ေပးႏုိင္ဖို႔ စဥ္းစားေနရျပီျဖစ္ပါတယ္။