Month

July 2020

လာမယ့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းဖြစ်မလဲ ကြိုတင် မှန်းဆတဲ့ ပေါလ်မာဆန်

စကိုင်းစပေါ့မှ ဘောလုံးခန့်မှန်းသူ ပေါလ်မာဆန်ကတော့ လာမယ့်ရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်းပဲ အနိုင်ရသွားဦးမယ်လို့ မြင်ပါကြောင်း ထုတ်ပြောလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ဒီရာသီမှာ ရမှတ် ၉၉ မှတ်ဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တာပါ။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယ အမြင့်ဆုံး ရမှတ်ဖြင့် ဗိုလ်ဆွဲခဲ့ခြင်းဖြစ်တယ်။ တကယ်တမ်း ချီးကျူးရမှာကတော့ လီဗာပူးရဲ့ ကုန်ခဲ့တဲ့ ၂ ရာသီအတွင်း ရမှတ် စုဆောင်းနိုင်မှုဖြစ်ပြီး လီဗာပူးဟာ ၉၇ မှတ်နဲ့ ၉၉ မှတ်ထိ ရမှတ် ရယူပြခဲ့တာဖြစ်ပါတယ်။ ပေါလ်မာဆန်က “ လာမယ့်ရာသီမှာ… Continue Reading →

ရာသီသိမ်းပြီဖြစ်လို့ ဒီနှစ်ပတ်တော့ မင်းနားပါတော့လို့ ကလော့ပ်က တားယူရတဲ့ ဗန်ဒိုက်

မန်နေဂျာယာဂင်ကလော့ပ်က နှစ်ရာသီဆက် လီဗာပူးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းကို ပါဝင်ကစားသွားတဲ့ ဗန်ဒိုက်ကို အနားယူပါလို့ တားဆီးရ သိပ်ခက်ခဲတယ်လို့ ဝန်ခံလိုက်ပါတယ်။ ဗန်ဒိုက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ်အားလုံး မိနစ်အားလုံးကို ပါဝင်ကစားခဲ့သူပါ။ ဒါကြောင့် ၁၉၈၇-၈၈ ခုနှစ်နဲ့ ၁၉၈၈-၈၉ ခုနှစ်တွေမှာ နှစ်ရာသီဆက် ပွဲချိန်ပြည့် ပါဝင်ကစားတဲ့ စတိဗ် နီကိုးနောက်ပိုင်း လီဗာပူးအတွက် နှစ်ရာသီအပြည့် ကစားပေးနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာပါတယ်။ ကလော့ပ်ကပဲ “ ဗန်ဒိုက်က ထပ်ပြီး ချီးကျူးမှုတွေ လိုသေးရဲ့လားတောင် ကျနော် မသိဘူး။… Continue Reading →

လီဗာပူးအသင်း Nike ဂျာစီသစ်ကို ထုတ်ပြမယ့် ရက်စွဲ ထွက်ပေါ်

လီဗာပူးအသင်းဟာ Nike ဂျာစီသစ်ကိုတော့ လာမယ့်လဖြစ်တဲ့ သြဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြသွားဖို့ ပြင်ဆင်ထားတယ်လို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ပြောလိုက်ပါတယ်။ လာမယ့်ရာသီ လီဗာပူးရဲ့ Nike အိမ်ကွင်း ဂျာစီသစ်ဟာ ၁၉၉၀ ခုနှစ်က ဝတ်ဆင်ခဲ့တဲ့ အိမ်ကွင်းဂျာစီကို မှီငြမ်းထားတာဖြစ်တယ်။ လီဗာပူးရဲ့ အိမ်ကွင်း အနီရောင် ဂျာစီဟာ ၂၀၁၈ ခုနှစ်က ကမ္ဘာဖလားမှာ ပေါ်တူဂီအသင်း ဝတ်ဆင်ခဲ့တဲ့ အိမ်ကွင်းဂျာစီ အနီရောင် အတိုင်းဖြစ်မယ်လို့ သိထားရတယ်။ ဂျာစီဟာ ၁၉၉၀ ခုနှစ်က ကော်လံဒီဇိုင်းကို ဆင့်ပွားယူတဲ့… Continue Reading →

ကစားသမား ရောင်းထုတ်မှု အမြန်ဖြတ်နိုင်ပြီးရင် နေရာ ၄ ခုအတွက် လူသစ်ခေါ်လိုတဲ့ လီဗာပူး

နယူးကာဆယ်နဲ့ပွဲအပြီး လီဗာပူးပရိသတ်တွေ သိလိုတဲ့ မေးခွန်းတွေကို သတင်းထောက် ဂျိမ်းပီရက်စ်က ပြန်ဖြေခဲ့တယ်။ အဆိုပါထဲက အပြောင်းအရွှေ့နဲ့ သက်ဆိုင်တဲ့ သတင်းတွေကို သီးသန့် ထုတ်နုတ်သွားပါမယ်။ – လီဗာပူးအသင်းဟာ ဝိုက်နယ်ဒမ်ကို သက်တမ်းတိုးဖို့ ကြိုးစားပေမယ့် မသေချာတဲ့ အနေအထားကို ရောက်နေပါတယ်။ ဒီကိစ္စကို အမြန်ဆုံး အဖြေရှာမှာပါ။ မဟုတ်ခဲ့ရင်တော့ ဒီနွေမှာပဲ ဝိုက်နယ်ဒမ်ကို ရောင်းထုတ်သွားမှာဖြစ်ပါတယ်။ စာချုပ်တစ်နှစ်ပဲ ကျန်တဲ့ ဝိုက်နယ်ဒမ်ကို အသင်းက အလွတ်နဲ့ ပေးမထွက်လိုပါဘူး။ – ဗဟိုခံစစ်မှူး လိုဗရန်နဲ့ ရုရှားကလပ် ဇင်းနစ်ကြား အပြောင်းအရွှေ့ကိစ္စက… Continue Reading →

ကီဗင် ဒီဘရိုင်းနဲ့ ပက်သက်ပြီး မှတ်ချက်ပေးလိုက်တဲ့ ဟန်ဒါဆန်

ဗြိတိန် အားကစားကလောင်ရှင်တွေက ရွေးချယ်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုရ ဟန်ဒါဆန်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားတွေ ရွေးချယ်ပေးအပ်မယ့် တစ်နှစ်တာ အကောင်းဆုံးဆုအတွက်လည်း ရေပန်းစားနေတာပါ။ ဟန်ဒါဆန်နဲ့ အပြိုင် ရေပန်းစားနေသူကတော့ မန်စီးတီးမှာ ထူးချွန်တဲ့ အရည်အချင်းတွေနဲ့အတူ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဒီဘရိုင်းပဲ ဖြစ်ပါတယ်။ ဟန်ဒါဆန်ကတော့ PFA ဆုအတွက် အဓိက ပြိုင်ဆိုင်မယ့် ကီဗင် ဒီဘရိုင်းအပေါ် မှတ်ချက်ပေးမှုတွေ လုပ်သွားခဲ့ပါတယ်။ ဟန်ဒါဆန်က “ ကီဗစ်က မယုံနိုင်လောက်စရာ ကစားသမားပါ။ သူက တိုးတက်နေတဲ့ ကစားသမားဖြစ်ပြီး… Continue Reading →

မဲဝုဒ်တစ်ခုလုံး ဂျွန်လီနွန် လေဆိပ်လို့ ရှုပ်ရှုတ်ခတ်နေခဲ့ရတဲ့ နေတစ်နေ့ အကြောင်း

လီဗာပူးအသင်းရဲ့ သမိုင်းဝင် အကူးအပြောင်း ကာလအတွင်းမှာ မဲဝုဒ် လေ့ကျင့်ရေးကွင်း တစ်ခုလုံး ရှုပ်ရှုတ်ခတ်နေခဲ့ရတဲ့ နေ့ရက်တွေ ရှိခဲ့ဖူးကြောင်း The Athletic မှ လီဗာပူးသတင်းထောက် ဆိုင်မွန်ဟုချ်က ပြောပြပါတယ်။ လီဗာပူးအသင်းသမိုင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဖြင့် နယူးကာဆယ် တိုက်စစ်သမား အန်ဒီကာရိုးကို ခေါ်ယူခဲ့တဲ့နေ့မှာ မဲဝုဒ်လေ့ကျင့်ရေးအတွင်း များပြားလှတဲ့ လက်ဆွဲအိတ်တွေက ဂျွန်လီနွန် လေဆိပ်ကို ရောက်နေသလား ထင်မှတ်မှားစေခဲ့တယ်။ မဲဝုဒ်မှာတော့ လူတွေ၊ ပစ်ပိုစ့်တွေ၊ လက်ဆွဲအိတ်တွေကို နေရာတိုင်းမှာ မြင်တွေ့ရမှာဖြစ်ပြီး ခရီးတွေထွက်ဖို့ ခပ်လောလော… Continue Reading →

အောင်မြင်မှုတွေတင် ရပ်မနေဘဲ လူတိုင်း ရင်မဆိုင်လိုတဲ့ အသင်းအဖြစ် ပုံဖော်မယ်ဆိုတဲ့ ကလော့ပ်

လီဗာပူးအသင်းဟာ ကလပ် အလိုချင်ဆုံးသော ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ပြီဖြစ်ပေမယ့် ရပ်တန့်သွားမှာ မဟုတ်ပါဘူးလို့ မန်နေဂျာ ကလော့ပ်က ထုတ်ပြောလိုက်ပါတယ်။ အောင်မြင်မှုကို ဆက်လက် ကြာရှည်အောင် ထိန်းသိမ်းထားဖို့ ဆိုတာက လီဗာပူးရဲ့ ပန်းတိုင်ဖြစ်ပြီး ဒီအတွက်လည်း ဘောလုံးရာသီ သိမ်းပြီး မကြာခင်းမှာပဲ လေ့ကျင့်ရေးတွေ ပြန်စတင်ဖို့ကို လီဗာပူးဘက်က စီစဉ်ထားပါတယ်။ ကလော့ပ်ကပဲ “ ငါတို့က ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ တိုးတက်လာဖို့ ဆက်ပြီး ကြိုးစားဦးမှာပါ။ ကာလရှည် တိုးတက်ဖို့ ဖြစ်နိုင်မလားဆိုရင် ငါကတော့ သေချာတာပေါ့လို့ ပြန်ဖြေမှာပါ။ တနင်္ဂနွေပွဲကို… Continue Reading →

လီဗာပူးက နွေပစ်မှတ်စာရင်းထဲမှာ ဟာဗေး ဘန်းစ်ကိုပါ ထည့်သွင်းထား

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးဟာ ကွင်းလယ်နဲ့ ပက်သက်ပြီး စိစစ်မှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ပိုမို ကျယ်ပြန့်လာခဲ့ပြီ ဖြစ်ပါတယ်။ ဘိုင်ယန်ကနေ ထွက်ခွာဖို့ သေချာတဲ့ အယ်ကန်တာရာကို ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်းက လီဗာပူး ဖြစ်ပေမယ့်လည်း အခုချိန်ထိ တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပါဘူး။ အယ်ကန်တာရာအတွက် ဘိုင်ယန်က ယူရို သန်း ၄၀ တောင်းပေမယ့် လီဗာပူးဘက်က ကမ်းလှမ်းမှု လုပ်ရင်လည်း ယူရို ၂၅ သန်းထက် ပိုမှာ မဟုတ်ဘူးလို့ ဂျာမနီသတင်းထောက်တွေက အခိုင်အမာ… Continue Reading →

ရာသီကုန်ရင် မိခင် နိုင်ငံ မပြန်ဘဲ အင်္ဂလန်မှာပဲ ဆက်နေကြဖို့ စီစဉ်နေတဲ့ ဘရာဇီး ကစားသမားများ

လီဗာပူးဂိုးသမား အယ်လီဆန်က ဒီနွေမှာ ဘရာဇီးကို ပြန်သွားမှာ မဟုတ်ဘဲ အင်္ဂလန်မှာ ဆက်နေပြီး အခြေအနေ စောင့်ကြည့်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဘရာဇီးမှာက ကိုဗစ် အခြေအနေ အတော်လေး ဆိုးရွားနေတာဖြစ်လို့ အယ်လီဆန် အပါအဝင် ဘရာဇီး ကစားသမားတွေက မိခင်နိုင်ငံကို ပြန်မှာ မဟုတ်တော့ပါဘူး။ မနက်တုန်းကပဲ စပိန်က ကွာရန်တင်းဝင်ရမယ့် နိုင်ငံတွေထဲမှာ အင်္ဂလန်ကို ထည့်သွင်းခဲ့တာကြောင့် သူတို့ဟာ စပိန်ကို အလည်သွားတာမျိုးတွေလည်း လုပ်ဆောင်သွားဖွယ် မရှိဘူးလို့ ယူဆရပါတယ်။ အယ်လီဆန်က “ ဘရာဇီးကို ပြန်ဖို့ တားမြစ်ခံထားရတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!