Month

July 2020

ငြိမ်သက်နေတဲ့ လီဗာပူးဟာ ဝုန်းခနဲ့ ထလှုပ်ရှားဖို့ အဆင်သင့် ပြင်ဆင်နေတဲ့အကြောင်း (ဆောင်းပါး)

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ကလပ်အသင်း တိုးတက်ဖို့ဟာ သူအပါအဝင် ကလပ်တာဝန်ရှိသူတွေ တာဝန်ယူထားရတာဖြစ်လို့ အစောတလျင် လှုပ်ရှားမှုတွေအစား စိတ်ရှည်မှုတွေ ပေးကြဖို့ သတိပေးလိုက်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ မသေချာမှုတွေကြားမှာ အနာဂတ်နဲ့ ပက်သက်တဲ့ အစီအစဉ်တွေကို လုပ်ဆောင်ဖို့ အချိန်ယူမယ်လို့ ကလော့ပ်က ဆိုတယ်။ လီဗာပူးအသင်း၊ လီဗာပူးလူစာရင်းကို ကိုယ်စားပြုရသူအဖြစ် သူဟာ ဘယ်ကိစ္စကိုမှ မသေချာဘဲ ဆုံးဖြတ်မှာ မဟုတ်ဘူးလို့လည်း ကလော့ပ်က ပြောထားတာဖြစ်တယ်။ ဒါကြောင့် အကယ်လို့ ဈေးကွက်ထဲ ဝင်မယ်လို့ ဆုံးဖြတ်ခဲ့ရင် လီဗာပူးက အဆင်သင့် ဖြစ်မလားဆိုတဲ့ အခြေအနေကို… Continue Reading →

သြဂုတ်လ ဒုတိယအပတ်မှာ လေ့ကျင့်ရေးပြန်ဝင်မယ့် လီဗာပူး မဲဝုဒ်ကို ခွာသေးမည် မဟုတ်

လီဗာပူးအသင်းဟာ ဒီနွေမှာတော့ ဂျာစီစပွန်ဆာအဖြစ် Nike ကို ပြောင်းလဲမယ့် ကိစ္စ နည်းတူ လေ့ကျင့်ရေးကွင်းကိုလည်း ကွင်းသစ်ထံ ရွှေ့ဆိုင်းဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမယ့်လို့ ကိုဗစ်ကာလအတွင်း တည်ဆောက်မှုတွေကို ရပ်ဆိုင်းထားခဲ့မှု အရရော၊ ရောဂါ အခြေအနေ ထိန်းချုပ်ထားခြင်းမှာ မပြီးပြတ်သေးတဲ့ အခြေအနေတွေအရ မဲဝုဒ်ကို မှန်းဆထားသလို ခပ်မြန်မြန် စွန့်ခွာသွားဖွယ် မရှိဘူးလို့ သိရပါတယ်။ တနည်းအားဖြင့် လေ့ကျင့်ရေးကွင်းသစ်ကို ပြောင်းမယ့် ကိစ္စက နှောင့်နှေးနေမှာဖြစ်တယ်။ ဘောလုံးရာသီအပြီး နားရက် နှစ်ပတ်ရထားတဲ့ လီဗာပူးအသင်းသားတွေဟာ သြဂုတ်လ ၂၉ ရက်နေ့မှာ… Continue Reading →

နွေအပြောင်းအရွှေ့နဲ့ ပက်သက်ပြီး အသင်းပရိသတ်တွေကို ထုတ်ပြောလိုက်တဲ့ ယာဂင်ကလော့ပ်

လီဗာပူးရဲ့ နွေလှုပ်ရှားမှုကို စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေကို မန်နေဂျာကလော့ပ်က နွေ အစီအစဉ်နဲ့ ပက်သက်ပြီး ထုတ်ပြောမှု လုပ်ခဲ့ပြီဖြစ်ပါတယ်။ ကလော့ပ်ကပဲ ” မန်နေဂျာတစ်ယောက်ရဲ့ ကစားသမားတွေကို ကိုင်တွယ်ပုံက မျှော်လင့်ထားသလို မဟုတ်ပါဘူး။ လူစာရင်း ၄၀ လောက်မှာ ၂၀ လောက်ကို ရွေးရပေမယ့် ကျန် ၂၀ လောက်ကို မသုံးဘူးဆိုတာမျိုးလည်း မဟုတ်ဘူး။ ကိုယ်ကို ချန်ထားမယ့် လူစာရင်းမှာ ကျနော် ဆိုရင်လည်း မနေလိုပါဘူး။ အပြောင်းအရွှေ့ ကိစ္စတွေက အလှည့်အပြောင်းတွေ များပြားသလို ဒီကိစ္စထဲမှာ စီးပွားရေးပိုင်းတွေလည်း… Continue Reading →

နွေမှာ တစ်ပြိုင်နက် ထွက်ခွာသွားတဲ့ စိန့်အသင်းသားဟောင်း သုံးဦးထံက ထွက်ပေါ်မယ့် လုပ်ခ

လီဗာပူးဟာ ဒီနွေမှာတော့ ကလပ်ရဲ့ ဝါရင့် ကစားသမားတွေဖြစ်တဲ့ ကလိုင်း၊ အဒမ် လယ်လာနာနဲ့ ဒီဂျန် လိုဗရန်တို့ကို လက်လွတ်ခဲ့ပြီဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ ၂၀၁၄ နဲ့ ၂၀၁၅ နွေတွေမှာ လီဗာပူးအသင်းထံ မန်နေဂျာဟောင်း ဘရန်ဒန် ရော်ဂျာရဲ့ ခေါ်ယူမှုတွေကြောင့် ရောက်လာခဲ့ပြီး ကလော့ပ် လက်ထက်မှာ အဓိက ကစားသမားတွေအဖြစ် ပါဝင်ခဲ့ကြသူတွေဖြစ်တယ်။ သုံးဦးလုံးဟာ အဓိက ပွဲထွက် ကစားသမားတွေအဖြစ် နေရာရခဲ့ပေမယ့် ကလိုင်းနဲ့ လယ်လာနာဟာ ကာလရှည် ဒဏ်ရာတွေကြောင့် အစားထိုးခံခဲ့ရတာဖြစ်တယ်။ လိုဗရန်ကလည်း နောက်ဆုံး… Continue Reading →

ချန်ပီယံဖြစ်ကြောင်း ဖုန်းဆက်နိုးပြီး ပြောတဲ့ ကလော့ပ်ကို ခွင့်လွှတ်ကြောင်း ဆာအဲလက်စ် ပြော

ဒီမနက်မှာပဲ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ လိဂ်မန်နေဂျာများ အစည်းအရုံးကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်အတွက် အဆိုပါ ဆုကို ကလော့ပ် အနိုင်ရသွားကြောင်းကို ကြေညာပေးခဲ့သူက ယူနိုက်တက်မန်နေဂျာဟောင်း ဖြစ်သူ ဆာအဲလက်စ်ဖြစ်တယ်။ ဆာအဲလက်ကပဲ ချန်ပီယံဖြစ်တဲ့နေ့က သူ့ကို မနက်အစောကြီး ဖုန်းဆက်နိုးကာ လီဗာပူး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီလို့ ထုတ်ကြွားသွားတဲ့ ကလော့ပ်ကိုလည်း ခွင့်လွှတ်ပါတယ်လို့ ရယ်မော် ပြောဆိုသွားပါသေးတယ်။ ဆာအဲလက်စ်က “ လိဒ်အသင်း ချန်ပီယံရှစ်မှာ ၁၆ နှစ်ကြာ ကျင်လယ်ခဲ့တဲ့ အကြောင်းကို… Continue Reading →

လီဗာပူးအသင်းသားတွေနဲ့ သူ့ကြားက သံဃောဇဉ်ကို ထုတ်ပြောသွားတဲ့ ယာဂင်ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးအသင်းပရိသတ်တွေကို ရာသီသိမ်း နုတ်ဆက်စကားအဖြစ် အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောမှု တစ်ခု ပြုလုပ်သွားပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်က “ ဒီနှစ်တွေအတွင်း ငါနဲ့ အသင်းသားတွေကြား ဆက်ဆံရေးက သိပ်ကို နီးစပ်လွန်းပါတယ်။ ငါတို့ရဲ့ ဆက်ဆံရေးက ရှင်းပါတယ်။ အသင်းသားတွေကို သူတို့ ငါ့ကို သဘောကျတာထက်ကို ပိုပြီး သဘောကျတယ်။ ဘာလို့လည်းဆိုတော့ ငါက ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ရတဲ့သူလေ။ ငါမကြိုက်တာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ကို မြင်နေရတာတင် အစစ အရာရာ ပြည့်စုံပါတယ်။ ဒီလိုဖြစ်လာဖို့ပဲ ငါလုပ်ခဲ့တာပါ။… Continue Reading →

လီဗာပူးစတား ဖြစ်လာမယ့် အသင်းဖော်တစ်ဦးကို တူညီစွာ ချီးကျူးခဲ့ကြတဲ့ ဟန်ဒိုနဲ့ ဗန်ဒိုက်

လီဗာပူး အဓိက ကစားသမားတွေဖြစ်တဲ့ ဟန်ဒိုနဲ့ ဗန်ဒိုက်တို့က အသင်းဖော် နာဘီကီတာကို ထုတ်ဖော် ချီးကျူးမှုတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၈ မှာ လိုက်ဇစ်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ နာဘီကီတာဟာ အစောပိုင်း ကာလတွေမှာ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရသူပါ။ ဒီရာသီမှာတော့ သူဟာ ပုံစံကောင်းတွေ ပြသလာခဲ့ပြီး အဓိက အချိန်တွေမှာ အသေးစား ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရတယ်။ ဒါပေမယ့်လို့ ကိုဗစ်နောက်ပိုင်းမှာ သူ့ရဲ့ ကြံ့ခိုင်မှုက အကောင်းဆုံး အခြေအနေမှာ ရှိလာခဲ့တာဖြစ်ပါတယ်။ ဟန်ဒါဆန်က “ နာဘီက… Continue Reading →

အခွင့်အရေးရှိတုန်း အရခေါ်ထားဖို့ လီဗာပူးပရိသတ်တွေ အပြိုင်တောင်းဆိုနေတဲ့ ကစားသမားနှစ်ဦး

လီဗာပူးအသင်းဟာ ဘောလုံးရာသီတိုင်းမှာ တန်းဆင်းသွားတဲ့ ကလပ်တွေထံက ကစားသမား တစ်ဦးစီတော့ ခေါ်ယူလေ့ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဝိုက်နယ်ဒမ်၊ ၂၀၁၇ မှာ ရော်ဘတ်ဆန်၊ ၂၀၁၈ မှာ ရှာကွီရီနဲ့ ၂၀၁၉ ခုနှစ်မှာ အီလီယော့တို့ကို လီဗာပူးက ခေါ်ယူခဲ့တာဖြစ်တယ်။ လီဗာပူးရဲ့ ဒေတာစိစစ်ရေး အဖွဲ့ဟာ အသင်းရဲ့ ကစားဟန်ကို ထောက်ပံ့ပေးနိုင်မယ့် ကစားသမားမျိုးတွေကို ရှာဖွေရာမှာ တန်းဆင်းဇုန်အသင်းတွေက အလားအလာရှိ ကစားသမားတွေကိုလည်း မျက်ကွယ်ပြုလေ့ မရှိပါဘူး။ ဒီရာသီမှာလည်း လီဗာပူးအသင်းက အသင်းနဲ့ အံဝင်မယ့် ကစားသမားကောင်းတွေကို ခေါ်ယူဦးမှာဖြစ်တယ်။… Continue Reading →

လီဗာပူးက အခက်တွေ့နေတဲ့ ရှော်ကေးထံက ခံစစ်မှူးကို ခေါ်ဖို့ မေးမြန်းမှု လုပ်ထားတယ်

လီဗာပူးအသင်းဟာ ရှော်ကေးအသင်း ထိပ်တန်း ခံစစ်သမား အိုဇန် ကာဘတ်ကို ခေါ်ယူဖို့အတွက် မေးမြန်းမှု လုပ်ထားခဲ့တယ်ဆိုပြီး Bild သတင်းဌာနက ဖော်ပြမှုကို ကိုးကားပြီး ဒေးလီးမေလ်းက ဖော်ပြပါတယ်။ ကာဘတ်ကို လီဗာပူးစိတ်ဝင်စားနေကြောင်း သတင်းကို ဂျာမနီ အကြီးတန်း သတင်းထောက် Christian Falk ကိုယ်တိုင်ကလည်း မှန်ကန်ပါတယ်လို့ အတည်ပြုပေးလိုက်ပါတယ်။ ရှော်ကေးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ ရုန်းကန်နေရမှုတွေ ရှိတာကြောင့် ၎င်းတို့အသင်းရဲ့ လူငယ် ခံစစ်သမားကို ရောင်းထုတ်ရမယ့် အခြေအနေကို ရင်ဆိုင်နေရတာဖြစ်တယ်။ အသက် ၂၀ အရွယ် တူရကီ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!