မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးအသင်းပရိသတ်တွေကို ရာသီသိမ်း နုတ်ဆက်စကားအဖြစ် အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောမှု တစ်ခု ပြုလုပ်သွားပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က “ ဒီနှစ်တွေအတွင်း ငါနဲ့ အသင်းသားတွေကြား ဆက်ဆံရေးက သိပ်ကို နီးစပ်လွန်းပါတယ်။ ငါတို့ရဲ့ ဆက်ဆံရေးက ရှင်းပါတယ်။ အသင်းသားတွေကို သူတို့ ငါ့ကို သဘောကျတာထက်ကို ပိုပြီး သဘောကျတယ်။ ဘာလို့လည်းဆိုတော့ ငါက ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ရတဲ့သူလေ။

ငါမကြိုက်တာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ကို မြင်နေရတာတင် အစစ အရာရာ ပြည့်စုံပါတယ်။ ဒီလိုဖြစ်လာဖို့ပဲ ငါလုပ်ခဲ့တာပါ။ သူတို့ကို ကြည့်ရတာ ငါ့မိသားစုတွေလိုပါပဲ။ ပျော်ရွှင်ရတယ်။ ပွဲအပြီး ဇနီးနဲ့ သားတို့ကို မြင်ရတော့လည်း ငါပျော်ခဲ့တာပါပဲ။ ချယ်ဆီးနဲ့ပွဲအပြီး ပုံရိပ်တွေကလည်း ငါ ဘယ်တော့မှ မေ့သွားတော့မှာ မဟုတ်ပါဘူး။

ငါ့ရဲ့ အတွေးတွေထဲမှာ ဒေါ့မွန်တုန်းက အခိုက်အတန့်တွေလည်း ရှိနေသေးတယ်။ နည်းပြအဖွဲ့ဝင်တွေက ငါ့ကို ဘီယာတွေနဲ့ လောင်းခဲ့တာလေ။ ဒီတစ်ခါတော့ အဲ့လို မဟုတ်တော့ဘူး။ အားလုံးက သိပ်ကောင်းတဲ့ အမှတ်တရတွေပါ။ ဒီအမှတ်တရတွေကို အချိန်အကြာကြီး ငါသိမ်းထားလိုပါတယ် ” လို့ ဖွင့်ဟခဲ့တာဖြစ်တယ်။

ဒီရာသီမှာ လီဗာပူးနဲ့ ကလော့ပ် ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ကြီးမားခဲ့ပါတယ်။ အထူးသဖြင့် ကိုဗစ်ကပ်ဘေးကလည်း ဝင်ရောက်လာခဲ့တယ်။ ဒီကာလတွေမှာ အတူတကွ ပေါင်းစည်းမှုနဲ့ပဲ အသင်းက ပုံစံကောင်းတွေကို တည်ဆောက်ခဲ့ရပါတယ်။

ကလော့ပ်က “ ရက်အတိအကျတော့ မသိပေမယ့် ဘောလုံးရာသီကတော့ ၃၆၅ ရက် မဟုတ်ဘူးပေါ့။ ဒါ့ပေမယ့်အချိန် အကြာကြီး ငါတို့ အတူတကွ အချိန်တွေကို ကုန်ဆုံးရတယ်။ တစ်ရက်ကို တစ်နာရီခွဲ နှစ်နာရီလောက် ကွင်းထဲမှာ အတူရှိရပြီး ကျန်အချိန်တွေကို မဲဝုဒ်မှာ ငါတို့ အားလုံး အတူရှိခဲ့ရတာဖြစ်တယ်။

ထပ်ထပ်ပြီး ယှဉ်ပြိုင်ဖို့ ငါတို့မှာ အင်အားတွေ ယူကြရတယ်။ တစ်နေရာအတွက် ကစားသမားက ၄ ဦးလောက် ရှိနေတာပါ။ အားလုံးကလည်း ဒဏ်ရာရနေတာ မဟုတ်ဘူး။ ဒီတော့ ငါတို့တွေ ဘယ်လို အင်အားယူခဲ့ရသလဲ။ အချင်းချင်း စွမ်းအင်တွေ ဝေမျှရင်းပဲ ငါတို့ အလုပ်လုပ်ခဲ့ရတာပါ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က လီဗာပူးအသင္းပရိသတ္ေတြကို ရာသီသိမ္း ႏုတ္ဆက္စကားအျဖစ္ အသင္းဝဘ္ဆိုဒ္ကေန ထုတ္ေျပာမႈ တစ္ခု ျပဳလုပ္သြားပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က “ ဒီႏွစ္ေတြအတြင္း ငါနဲ႔ အသင္းသားေတြၾကား ဆက္ဆံေရးက သိပ္ကို နီးစပ္လြန္းပါတယ္။ ငါတို႔ရဲ႕ ဆက္ဆံေရးက ရွင္းပါတယ္။ အသင္းသားေတြကို သူတို႔ ငါ့ကို သေဘာက်တာထက္ကို ပိုျပီး သေဘာက်တယ္။ ဘာလို႔လည္းဆိုေတာ့ ငါက ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ေတြ လုပ္ရတဲ့သူေလ။

ငါမၾကိဳက္တာေတြ ရွိပါတယ္။ ဒါေပမယ့္ သူတို႔ကို ျမင္ေနရတာတင္ အစစ အရာရာ ျပည့္စံုပါတယ္။ ဒီလိုျဖစ္လာဖို႔ပဲ ငါလုပ္ခဲ့တာပါ။ သူတို႔ကို ၾကည့္ရတာ ငါ့မိသားစုေတြလိုပါပဲ။ ေပ်ာ္ရႊင္ရတယ္။ ပြဲအျပီး ဇနီးနဲ႔ သားတို႔ကို ျမင္ရေတာ့လည္း ငါေပ်ာ္ခဲ့တာပါပဲ။ ခ်ယ္ဆီးနဲ႔ပြဲအျပီး ပံုရိပ္ေတြကလည္း ငါ ဘယ္ေတာ့မွ ေမ့သြားေတာ့မွာ မဟုတ္ပါဘူး။

ငါ့ရဲ႕ အေတြးေတြထဲမွာ ေဒါ့မြန္တုန္းက အခိုက္အတန္႔ေတြလည္း ရွိေနေသးတယ္။ နည္းျပအဖြဲ႔ဝင္ေတြက ငါ့ကို ဘီယာေတြနဲ႔ ေလာင္းခဲ့တာေလ။ ဒီတစ္ခါေတာ့ အဲ့လို မဟုတ္ေတာ့ဘူး။ အားလံုးက သိပ္ေကာင္းတဲ့ အမွတ္တရေတြပါ။ ဒီအမွတ္တရေတြကို အခ်ိန္အၾကာၾကီး ငါသိမ္းထားလိုပါတယ္ ” လို႔ ဖြင့္ဟခဲ့တာျဖစ္တယ္။

ဒီရာသီမွာ လီဗာပူးနဲ႔ ကေလာ့ပ္ ရင္ဆိုင္ရတဲ့ စိန္ေခၚမႈေတြက ၾကီးမားခဲ့ပါတယ္။ အထူးသျဖင့္ ကိုဗစ္ကပ္ေဘးကလည္း ဝင္ေရာက္လာခဲ့တယ္။ ဒီကာလေတြမွာ အတူတကြ ေပါင္းစည္းမႈနဲ႔ပဲ အသင္းက ပံုစံေကာင္းေတြကို တည္ေဆာက္ခဲ့ရပါတယ္။

ကေလာ့ပ္က “ ရက္အတိအက်ေတာ့ မသိေပမယ့္ ေဘာလံုးရာသီကေတာ့ ၃၆၅ ရက္ မဟုတ္ဘူးေပါ့။ ဒါ့ေပမယ္ ့အခ်ိန္ အၾကာၾကီး ငါတုိ႔ အတူတကြ အခ်ိန္ေတြကို ကုန္ဆံုးရတယ္။ တစ္ရက္ကို တစ္နာရီခြဲ ႏွစ္နာရီေလာက္ ကြင္းထဲမွာ အတူရွိရျပီး က်န္အခ်ိန္ေတြကို မဲဝုဒ္မွာ ငါတုိ႔ အားလံုး အတူရွိခဲ့ရတာျဖစ္တယ္။

ထပ္ထပ္ျပီး ယွဥ္ျပိဳင္ဖို႔ ငါတို႔မွာ အင္အားေတြ ယူၾကရတယ္။ တစ္ေနရာအတြက္ ကစားသမားက ၄ ဦးေလာက္ ရွိေနတာပါ။ အားလံုးကလည္း ဒဏ္ရာရေနတာ မဟုတ္ဘူး။ ဒီေတာ့ ငါတို႔ေတြ ဘယ္လို အင္အားယူခဲ့ရသလဲ။ အခ်င္းခ်င္း စြမ္းအင္ေတြ ေဝမွ်ရင္းပဲ ငါတို႔ အလုပ္လုပ္ခဲ့ရတာပါ ” လို႔ ဆိုသြားခ့ဲတာ ျဖစ္ပါတယ္။