ဒီမနက်မှာပဲ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ လိဂ်မန်နေဂျာများ အစည်းအရုံးကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီနှစ်အတွက် အဆိုပါ ဆုကို ကလော့ပ် အနိုင်ရသွားကြောင်းကို ကြေညာပေးခဲ့သူက ယူနိုက်တက်မန်နေဂျာဟောင်း ဖြစ်သူ ဆာအဲလက်စ်ဖြစ်တယ်။ ဆာအဲလက်ကပဲ ချန်ပီယံဖြစ်တဲ့နေ့က သူ့ကို မနက်အစောကြီး ဖုန်းဆက်နိုးကာ လီဗာပူး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီလို့ ထုတ်ကြွားသွားတဲ့ ကလော့ပ်ကိုလည်း ခွင့်လွှတ်ပါတယ်လို့ ရယ်မော် ပြောဆိုသွားပါသေးတယ်။

ဆာအဲလက်စ်က “ လိဒ်အသင်း ချန်ပီယံရှစ်မှာ ၁၆ နှစ်ကြာ ကျင်လယ်ခဲ့တဲ့ အကြောင်းကို ငါတို့ စကားပြောခဲ့တယ်။ ဒါပေမယ့် လီဗာပူးအသင်း နှစ် ၃၀ အတွင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရလိုက်တာက မယုံနိုင်လောက် စရာပါပဲ။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

“ ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာဆုက မင်း (ကလော့ပ်) နဲ့ ထိုက်တန်ပါတယ်။ လီဗာပူးရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းတယ်။ မင်းရဲ့ ပုဂ္ဂိုလ်ရေးက တစ်သင်းလုံးကို မောင်းနင်နိုင်ခဲ့တယ်။ တကယ်ကို ကောင်းမွန်လွန်းတဲ့ စွမ်းဆောင်ရည်ပါပဲ။ မင်းတို့ ချန်ပီယံဖြစ်တာကို မနက် ၃း၃၀ ကြီး ငါ့ကို ဖုန်းဆက်နိုးတာအတွက် ငါ ခွင့်လွှတ်ပါတယ် ” လို့ ဆာအဲလက်စ်က ပြောဆိုခဲ့တာဖြစ်တယ်။

ယာဂင်ကလော့ပ်ကလည်း အဆိုပါ ဆုကို အသင်းနည်းပြအဖွဲ့နဲ့အတူ လက်ခံ ရယူသွားခဲ့တယ်။ ဒါ့အပြင် ဆုချီးမြှင့်ပေးတဲ့ ဆာအဲလက်စ်ကိုလည်း တုန့်ပြန်မှု လုပ်သွားပါတယ်။

“ လီဗာပူး မန်နေဂျာအဖြစ် ဒီလို ပြောဆိုမှုက ရာနှုန်းပြည့် ထောက်ခံခြင်း မခံရဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကျနော်က ဆာအဲလက်စ်ကို အထင်ကြီးပါတယ်။ သူက ကျနော် တွေ့ဆုံဖူးတဲ့ ပထမဆုံး ဗြိတိန်မန်နေဂျာပါ။ ကျနေ်ာတို့ မနက်စာတောင် အတူ စားခဲ့ဖူးပါတယ်။

ကျနော်နဲ့ ပက်သက်လို့ သူ ဘယ်လောက် မှတ်မိသလဲ မသိပေမယ့် ကျနော်ကတော့ သူ့နဲ့ တွေ့လိုက်ရတာက ပုပ်ရဟန်းမင်းကို တွေ့သလိုပဲမို့ မှတ်မိနေပါတယ်။ တကယ်ကို ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်ခဲ့ပါတယ် ” လို့ ကလော့ပ်က ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီမနက္မွာပဲ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ လိဂ္မန္ေနဂ်ာမ်ား အစည္းအရံုးကေပးတဲ့ တစ္ႏွစ္တာ အေကာင္းဆံုး မန္ေနဂ်ာဆုကို ရရွိသြားခဲ့ျပီ ျဖစ္ပါတယ္။

ဒီႏွစ္အတြက္ အဆိုပါ ဆုကို ကေလာ့ပ္ အႏုိင္ရသြားေၾကာင္းကို ေၾကညာေပးခဲ့သူက ယူႏုိက္တက္မန္ေနဂ်ာေဟာင္း ျဖစ္သူ ဆာအဲလက္စ္ျဖစ္တယ္။ ဆာအဲလက္္ကပဲ ခ်န္ပီယံျဖစ္တဲ့ေန႔က သူ႔ကို မနက္အေစာၾကီး ဖုန္းဆက္ႏိုးကာ လီဗာပူး ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ျပီလို႔ ထုတ္ၾကြားသြားတဲ့ ကေလာ့ပ္ကိုလည္း ခြင့္လႊတ္ပါတယ္လို႔ ရယ္ေမာ္ ေျပာဆိုသြားပါေသးတယ္။

ဆာအဲလက္စ္က “ လိဒ္အသင္း ခ်န္ပီယံရွစ္မွာ ၁၆ ႏွစ္ၾကာ က်င္လယ္ခဲ့တဲ့ အေၾကာင္းကို ငါတို႔ စကားေျပာခဲ့တယ္။ ဒါေပမယ့္ လီဗာပူးအသင္း ႏွစ္ ၃၀ အတြင္း ပရီးမီးယားလိဂ္ဖလား အႏုိင္ရလိုက္တာက မယံုႏုိင္ေလာက္ စရာပါပဲ။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

“ ပရီးမီးယားလိဂ္ အေကာင္းဆံုး မန္ေနဂ်ာဆုက မင္း (ကေလာ့ပ္) နဲ႔ ထိုက္တန္ပါတယ္။ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္က အရမ္းေကာင္းတယ္။ မင္းရဲ႕ ပုဂၢိဳလ္ေရးက တစ္သင္းလံုးကို ေမာင္းနင္ႏိုင္ခဲ့တယ္။ တကယ္ကို ေကာင္းမြန္လြန္းတဲ့ စြမ္းေဆာင္ရည္ပါပဲ။ မင္းတို႔ ခ်န္ပီယံျဖစ္တာကို မနက္ ၃း၃၀ ၾကီး ငါ့ကို ဖုန္းဆက္ႏိုးတာအတြက္ ငါ ခြင့္လႊတ္ပါတယ္ ” လို႔ ဆာအဲလက္စ္က ေျပာဆိုခဲ့တာျဖစ္တယ္။

ယာဂင္ကေလာ့ပ္ကလည္း အဆိုပါ ဆုကို အသင္းနည္းျပအဖြဲ႔နဲ႔အတူ လက္ခံ ရယူသြားခဲ့တယ္။ ဒါ့အျပင္ ဆုခ်ီးျမွင့္ေပးတဲ့ ဆာအဲလက္စ္ကိုလည္း တုန္႔ျပန္မႈ လုပ္သြားပါတယ္။

“ လီဗာပူး မန္ေနဂ်ာအျဖစ္ ဒီလို ေျပာဆိုမႈက ရာႏႈန္းျပည့္ ေထာက္ခံျခင္း မခံရဘူးဆိုတာ သိပါတယ္။ ဒါေပမယ့္ က်ေနာ္က ဆာအဲလက္စ္ကို အထင္ၾကီးပါတယ္။ သူက က်ေနာ္ ေတြ႔ဆံုဖူးတဲ့ ပထမဆံုး ျဗိတိန္မန္ေနဂ်ာပါ။ က်ေန္ာတို႔ မနက္စာေတာင္ အတူ စားခဲ့ဖူးပါတယ္။

က်ေနာ္နဲ႔ ပက္သက္လို႔ သူ ဘယ္ေလာက္ မွတ္မိသလဲ မသိေပမယ့္ က်ေနာ္ကေတာ့ သူ႔နဲ႔ ေတြ႔လိုက္ရတာက ပုပ္ရဟန္းမင္းကို ေတြ႔သလိုပဲမို႔ မွတ္မိေနပါတယ္။ တကယ္ကို ေကာင္းမြန္တဲ့ ေတြ႔ဆံုမႈ ျဖစ္ခဲ့ပါတယ္ ” လို႔ ကေလာ့ပ္က ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။