လီဗာပူးဟာ ဒီနွေမှာတော့ ကလပ်ရဲ့ ဝါရင့် ကစားသမားတွေဖြစ်တဲ့ ကလိုင်း၊ အဒမ် လယ်လာနာနဲ့ ဒီဂျန် လိုဗရန်တို့ကို လက်လွတ်ခဲ့ပြီဖြစ်ပါတယ်။

သူတို့ သုံးဦးဟာ ၂၀၁၄ နဲ့ ၂၀၁၅ နွေတွေမှာ လီဗာပူးအသင်းထံ မန်နေဂျာဟောင်း ဘရန်ဒန် ရော်ဂျာရဲ့ ခေါ်ယူမှုတွေကြောင့် ရောက်လာခဲ့ပြီး ကလော့ပ် လက်ထက်မှာ အဓိက ကစားသမားတွေအဖြစ် ပါဝင်ခဲ့ကြသူတွေဖြစ်တယ်။ သုံးဦးလုံးဟာ အဓိက ပွဲထွက် ကစားသမားတွေအဖြစ် နေရာရခဲ့ပေမယ့် ကလိုင်းနဲ့ လယ်လာနာဟာ ကာလရှည် ဒဏ်ရာတွေကြောင့် အစားထိုးခံခဲ့ရတာဖြစ်တယ်။

လိုဗရန်ကလည်း နောက်ဆုံး ၂ ရာသီမှာ ဒဏ်ရာ ပြဿနာတွေ ရှိခဲ့တာကြောင့် ပုံမှန် ပွဲကစားခွင့်တွေ ဆုံးရံှူးခဲ့ရသူဖြစ်ပါတယ်။ သူတို့ သုံးဦးအတွက် လီဗာပူးဟာ ပေါင် ၅၅ သန်းကျော် အကုန်အကျခံ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ကလိုင်းနဲ့ လယ်လာနာတို့ကို အလွတ်တွေနဲ့ ထွက်ခွင့်ပေးခဲ့ပြီး လိုဗရန်ကိုတော့ ပေါင် ၁၁ သန်းဖြင့် ရောင်းထုတ်ခဲ့ခြင်း ဖြစ်တယ်။

ကလိုင်းဟာ လီဗာပူးမှာ တစ်ပတ်လုပ်ခ ပေါင် ၉ သောင်း၊ လယ်လာနာက တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းနဲ့ လိုဗရန်က တစ်ပတ်လုပ်ခ ပေါင် ၁၁၀၀၀၀ ရရှိနေခဲ့ကာ သုံးဦးပေါင်း လုပ်ခက တစ်ပတ်ကို ပေါင် ၃ သိန်းဖြစ်ပါတယ်။

ရာသီသစ်အတွက် လီဗာပူးက ဒီလောက်ထိ များပြားတဲ့ လုပ်ခကို ရှင်းလင်းနိုင်ခဲ့တာက ကစားသမားသစ် ခေါ်ယူရေးအတွက် လမ်းစတစ်ခု ပွင့်ခဲ့ပြီဖြစ်တယ်။ ဒါ့အပြင် ရှင်းလင်းလိုက်တဲ့ ဒီလုပ်ခဟာ လီဗာပူးရဲ့ ဦးစားပေး ရည်မှန်းချက်ဖြစ်တဲ့ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ကို ကာလရှည် သက်တမ်းတိုးမှုတွေ စတင်တဲ့အခါလည်း အကျိုးုဖြစ်စေလိမ့်မယ်လို့ မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနက ဖော်ပြသွားပါတယ်။

ZAWGYI

လီဗာပူးဟာ ဒီေႏြမွာေတာ့ ကလပ္ရဲ႕ ဝါရင့္ ကစားသမားေတြျဖစ္တဲ့ ကလိုင္း၊ အဒမ္ လယ္လာနာနဲ႔ ဒီဂ်န္ လိုဗရန္တို႔ကို လက္လြတ္ခဲ့ျပီျဖစ္ပါတယ္။

သူတို႔ သံုးဦးဟာ ၂၀၁၄ နဲ႔ ၂၀၁၅ ေႏြေတြမွာ လီဗာပူးအသင္းထံ မန္ေနဂ်ာေဟာင္း ဘရန္ဒန္ ေရာ္ဂ်ာရဲ႕ ေခၚယူမႈေတြေၾကာင့္ ေရာက္လာခဲ့ျပီး ကေလာ့ပ္ လက္ထက္မွာ အဓိက ကစားသမားေတြအျဖစ္ ပါဝင္ခဲ့ၾကသူေတြျဖစ္တယ္။ သံုးဦးလံုးဟာ အဓိက ပြဲထြက္ ကစားသမားေတြအျဖစ္ ေနရာရခဲ့ေပမယ့္ ကလိုင္းနဲ႔ လယ္လာနာဟာ ကာလရွည္ ဒဏ္ရာေတြေၾကာင့္ အစားထိုးခံခဲ့ရတာျဖစ္တယ္။

လိုဗရန္ကလည္း ေနာက္ဆံုး ၂ ရာသီမွာ ဒဏ္ရာ ျပႆနာေတြ ရွိခဲ့တာေၾကာင့္ ပံုမွန္ ပြဲကစားခြင့္ေတြ ဆံုးရံွဴးခဲ့ရသူျဖစ္ပါတယ္။ သူတို႔ သံုးဦးအတြက္ လီဗာပူးဟာ ေပါင္ ၅၅ သန္းေက်ာ္ အကုန္အက်ခံ ေခၚယူခဲ့တာျဖစ္ေပမယ့္ ကလိုင္းနဲ႔ လယ္လာနာတို႔ကို အလြတ္ေတြနဲ႔ ထြက္ခြင့္ေပးခဲ့ျပီး လိုဗရန္ကိုေတာ့ ေပါင္ ၁၁ သန္းျဖင့္ ေရာင္းထုတ္ခဲ့ျခင္း ျဖစ္တယ္။

ကလိုင္းဟာ လီဗာပူးမွာ တစ္ပတ္လုပ္ခ ေပါင္ ၉ ေသာင္း၊ လယ္လာနာက တစ္ပတ္လုပ္ခ ေပါင္ ၁ သိန္းနဲ႔ လိုဗရန္က တစ္ပတ္လုပ္ခ ေပါင္ ၁၁၀၀၀၀ ရရွိေနခဲ့ကာ သံုးဦးေပါင္း လုပ္ခက တစ္ပတ္ကို ေပါင္ ၃ သိန္းျဖစ္ပါတယ္။

ရာသီသစ္အတြက္ လီဗာပူးက ဒီေလာက္ထိ မ်ားျပားတဲ့ လုပ္ခကို ရွင္းလင္းႏုိင္ခဲ့တာက ကစားသမားသစ္ ေခၚယူေရးအတြက္ လမ္းစတစ္ခု ပြင့္ခဲ့ျပီျဖစ္တယ္။ ဒါ့အျပင္ ရွင္းလင္းလိုက္တဲ့ ဒီလုပ္ခဟာ လီဗာပူးရဲ႕ ဦးစားေပး ရည္မွန္းခ်က္ျဖစ္တဲ့ ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ကို ကာလရွည္ သက္တမ္းတိုးမႈေတြ စတင္တဲ့အခါလည္း အက်ိဳးုျဖစ္ေစလိမ့္မယ္လို႔ မာေဆးဆိုဒ္ အေျခစိုက္ သတင္းဌာနက ေဖာ္ျပသြားပါတယ္။