လီဗာပူး အဓိက ကစားသမားတွေဖြစ်တဲ့ ဟန်ဒိုနဲ့ ဗန်ဒိုက်တို့က အသင်းဖော် နာဘီကီတာကို ထုတ်ဖော် ချီးကျူးမှုတွေ လုပ်ခဲ့ပါတယ်။

၂၀၁၈ မှာ လိုက်ဇစ်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ နာဘီကီတာဟာ အစောပိုင်း ကာလတွေမှာ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရသူပါ။ ဒီရာသီမှာတော့ သူဟာ ပုံစံကောင်းတွေ ပြသလာခဲ့ပြီး အဓိက အချိန်တွေမှာ အသေးစား ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရတယ်။ ဒါပေမယ့်လို့ ကိုဗစ်နောက်ပိုင်းမှာ သူ့ရဲ့ ကြံ့ခိုင်မှုက အကောင်းဆုံး အခြေအနေမှာ ရှိလာခဲ့တာဖြစ်ပါတယ်။

ဟန်ဒါဆန်က “ နာဘီက အများကြီး တိုးတက်လာတယ်လို့ ကျနော် ထင်ပါတယ်။ လီဗာပူးအသင်းမှာ တိုးတက်လာဖို့ လူငယ်တစ်ယောက်အနေနဲ့ သူ အချိန်ယူခဲ့ရပါတယ်။

ဘောလုံးပွဲတွေ ပြန်စတင်လာအပြီးမှာ သူ့ရဲ့ စွမ်းဆောင်ရည်က သိပ်ကောင်းတဲ့ အဆင့်မှာ ရှိပါတယ်။ အဲ့မတိုင်ခင်ကလည်း သူက ကောင်းမွန်တဲ့ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဒဏ်ရာ ပြဿနာ နည်းနည်းရခဲ့သေးတာဖြစ်တယ်။ သူက ဘယ်လောက်တောင် အရည်အချင်းရှိတဲ့ ကစားသမားကောင်းလဲဆိုတာကို အားလုံးပဲ မြင်နိုင်ပါတယ်။ လူတိုင်းက နာဘီဟာ ဘယ်လောက်တောင် ထူးချွန်တဲ့ ကစားသမားလည်းဆိုတာ မြင်လာကြပြီလို့ ကျနော် ထင်တယ် ” လို့ ဆိုခဲ့တယ်။

ခံစစ်မှူးကြီး ဗန်ဒိုက်ကလည်း နာဘီရဲ့ အရည်အချင်းတွေကို မြင်မိတယ်လို့ ဆိုပါတယ်။ ဂူနီယာ ကွင်းလယ်လူဟာ လီဗာပူးရဲ့ အဓိက ကစားသမားအဖြစ် နေရာရလာဖို့ လာမယ့်ရာသီမှာ စွမ်းဆောင်နိုင်မယ်လို့လည်း ဗန်ဒိုက်က မြင်ပါတယ်။

ဗန်ဒိုက်ကလည်း “ နာဘီရဲ့ အရည်အချင်းတွေကို မြင်ရတာအတွက် ကျနော်ကတော့ ပျော်ရွှင်မိပါတယ်။ သူက ကစားသမားကောင်းပါ။ အလုပ်လည်း အတော်လုပ်ပါတယ်။ ဒါကို အပတ်တိုင်းမှာ မြင်နေရတယ်။ ကံမကောင်းစွာပဲ သူက ဒဏ်ရာတွေ ရင်ဆိုင်ခဲ့ရတယ်။ လာမယ့် ရာသီမှာတော့ သူ ကြံ့ခိုင်မှု ကောင်းနေဖို့ မျှော်လင့်ပါတယ်။

ကျနော် ဒီတစ်ခုကို ရိုးရိုးသားသားကို ပြောမယ်ဗျာ။ ကီတာက ကမ္ဘာအဆင့် ကစားသမားတစ်ယောက်လို့ မြင်တယ်။ ဘောလုံးရချိန်မှာ သူ့ရဲ့ စမတ်ကျတဲ့ လှုပ်ရှားမှု၊ သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး သိပ်ကောင်းလွန်းတာကို ကျနော် မြင်ထားရတယ်။ သူ့ရဲ့ ကစားဟန်က အံ့အားသင့်စရာပဲ။ ” လို့ ချီးကျူးထားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး အဓိက ကစားသမားေတြျဖစ္တဲ့ ဟန္ဒိုနဲ႔ ဗန္ဒိုက္တို႔က အသင္းေဖာ္ နာဘီကီတာကို ထုတ္ေဖာ္ ခ်ီးက်ဴးမႈေတြ လုပ္ခဲ့ပါတယ္။

၂၀၁၈ မွာ လိုက္ဇစ္ကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ နာဘီကီတာဟာ အေစာပိုင္း ကာလေတြမွာ ဒဏ္ရာ ျပႆနာေတြ ရင္ဆိုင္ခဲ့ရသူပါ။ ဒီရာသီမွာေတာ့ သူဟာ ပံုစံေကာင္းေတြ ျပသလာခဲ့ျပီး အဓိက အခ်ိန္ေတြမွာ အေသးစား ဒဏ္ရာေတြနဲ႔ ရုန္းကန္ေနခဲ့ရတယ္။ ဒါေပမယ့္လို႔ ကိုဗစ္ေနာက္ပိုင္းမွာ သူ႔ရဲ႕ ၾကံ႕ခိုင္မႈက အေကာင္းဆံုး အေျခအေနမွာ ရွိလာခဲ့တာျဖစ္ပါတယ္။

ဟန္ဒါဆန္က “ နာဘီက အမ်ားၾကီး တိုးတက္လာတယ္လို႔ က်ေနာ္ ထင္ပါတယ္။ လီဗာပူးအသင္းမွာ တိုးတက္လာဖို႔ လူငယ္တစ္ေယာက္အေနနဲ႔ သူ အခ်ိန္ယူခဲ့ရပါတယ္။

ေဘာလံုးပြဲေတြ ျပန္စတင္လာအျပီးမွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္က သိပ္ေကာင္းတဲ့ အဆင့္မွာ ရွိပါတယ္။ အဲ့မတိုင္ခင္ကလည္း သူက ေကာင္းမြန္တဲ့ ပံုစံေကာင္းေတြ ျပသႏုိင္ခဲ့ေပမယ့္ ဒဏ္ရာ ျပႆနာ နည္းနည္းရခဲ့ေသးတာျဖစ္တယ္။ သူက ဘယ္ေလာက္ေတာင္ အရည္အခ်င္းရွိတဲ့ ကစားသမားေကာင္းလဲဆိုတာကို အားလံုးပဲ ျမင္ႏုိင္ပါတယ္။ လူတိုင္းက နာဘီဟာ ဘယ္ေလာက္ေတာင္ ထူးခၽြန္တဲ့ ကစားသမားလည္းဆိုတာ ျမင္လာၾကျပီလို႔ က်ေနာ္ ထင္တယ္ ” လို႔ ဆိုခဲ့တယ္။

ခံစစ္မွဴးၾကီး ဗန္ဒိုက္ကလည္း နာဘီရဲ႔ အရည္အခ်င္းေတြကို ျမင္မိတယ္လို႔ ဆိုပါတယ္။ ဂူနီယာ ကြင္းလယ္လူဟာ လီဗာပူးရဲ႕ အဓိက ကစားသမားအျဖစ္ ေနရာရလာဖို႔ လာမယ့္ရာသီမွာ စြမ္းေဆာင္ႏုိင္မယ္လို႔လည္း ဗန္ဒိုက္က ျမင္ပါတယ္။

ဗန္ဒိုက္ကလည္း “ နာဘီရဲ႕ အရည္အခ်င္းေတြကို ျမင္ရတာအတြက္ က်ေနာ္ကေတာ့ ေပ်ာ္ရႊင္မိပါတယ္။ သူက ကစားသမားေကာင္းပါ။ အလုပ္လည္း အေတာ္လုပ္ပါတယ္။ ဒါကို အပတ္တိုင္းမွာ ျမင္ေနရတယ္။ ကံမေကာင္းစြာပဲ သူက ဒဏ္ရာေတြ ရင္ဆိုင္ခဲ့ရတယ္။ လာမယ့္ ရာသီမွာေတာ့ သူ ၾကံ႕ခိုင္မႈ ေကာင္းေနဖို႔ ေမွ်ာ္လင့္ပါတယ္။

က်ေနာ္ ဒီတစ္ခုကို ႐ိုး႐ိုးသားသားကို ေျပာမယ္ဗ်ာ။ ကီတာက ကမာၻအဆင့္ ကစားသမားတစ္ေယာက္လို႔ ျမင္တယ္။ ေဘာလုံးရခ်ိန္မွာ သူ႔ရဲ႕ စမတ္က်တဲ့ လႈပ္ရွားမႈ၊ သူ႔ရဲ႕ ဉာဏ္ရည္ဉာဏ္ေသြး သိပ္ေကာင္းလြန္းတာကို က်ေနာ္ ျမင္ထားရတယ္။ သူ႔ရဲ႕ ကစားဟန္က အံ့အားသင့္စရာပဲ။ ” လို႔ ခ်ီးက်ဴးထားတာ ျဖစ္ပါတယ္။