လီဗာပူးအသင်းဟာ ဘောလုံးရာသီတိုင်းမှာ တန်းဆင်းသွားတဲ့ ကလပ်တွေထံက ကစားသမား တစ်ဦးစီတော့ ခေါ်ယူလေ့ရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ ဝိုက်နယ်ဒမ်၊ ၂၀၁၇ မှာ ရော်ဘတ်ဆန်၊ ၂၀၁၈ မှာ ရှာကွီရီနဲ့ ၂၀၁၉ ခုနှစ်မှာ အီလီယော့တို့ကို လီဗာပူးက ခေါ်ယူခဲ့တာဖြစ်တယ်။ လီဗာပူးရဲ့ ဒေတာစိစစ်ရေး အဖွဲ့ဟာ အသင်းရဲ့ ကစားဟန်ကို ထောက်ပံ့ပေးနိုင်မယ့် ကစားသမားမျိုးတွေကို ရှာဖွေရာမှာ တန်းဆင်းဇုန်အသင်းတွေက အလားအလာရှိ ကစားသမားတွေကိုလည်း မျက်ကွယ်ပြုလေ့ မရှိပါဘူး။

ဒီရာသီမှာလည်း လီဗာပူးအသင်းက အသင်းနဲ့ အံဝင်မယ့် ကစားသမားကောင်းတွေကို ခေါ်ယူဦးမှာဖြစ်တယ်။ ဒီအတွက် တန်းဆင်းဇုန်အသင်းတွေထံက ကစားသမားကောင်းတွေကို စောင့်ကြည့်နေမယ်ဆိုရင် ခေါ်ယူစေလိုတဲ့ ကစားသမား နှစ်ဦးကို အပြိုင် မှတ်ချက်ပေးနေကြပါတယ်။

တစ်ဦးကကတော့ ဆာဖြစ်ပါတယ်။ ရီးနက်စ်ကနေ ပရီးမီးယားလိဂ် ဝတ်ဖိုဒ့်အသင်းကို ပေါင် ၃၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားက မာနေးကို အကိုကြီးတစ်ဦးလို ယုံကြည်ကိုးစားသူဖြစ်တယ်။ နယ်မြေသစ်မှာ ကျင်လယ်ရသလို ဘာသာစကား အခက်အခဲကြောင့် ဆာဟာ လီဂူးဝမ်းက ခြေစွမ်းမျိုး မပြသနိုင်ခဲ့ပါဘူး။ လီဗာပူးပရိသတ်တွေ အများအပြားကတော့ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ ဆာကို တောင်းဆိုမှုတွေ ရှိပါတယ်။

နောက်တစ်ဦးကတော့ ဘုန်းမောက်အသင်းသားဖြစ်တဲ့ ဝေလ်းလူငယ်လေး ဘရွတ်ဖြစ်ပါတယ်။ သူ့ကိုတော့ ဖန်တီးမှုကောင်းတဲ့ ကွင်းလယ်လူအဖြစ် လီဗာပူးပရိသတ်တွေက အလိုရှိနေတာပါ။ ဒါပေမယ့်လို့ ဆာကို လီဗာပူးဘက်က စောင့်ကြည့်ထားပေမယ့် ဘရွန်ကိုတော့ စောင့်ကြည့်နေတယ်လို့ သတင်းကြားထားရခြင်း မရှိသေးပါဘူး။

သူတို့ နှစ်ဦးဟာ ၂၂ နဲ့ ၂၃ နှစ် အရွယ်တွေပဲ ရှိသေးပြီး ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ အလားအလာတွေကို အများကြီး မပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီကောင်လေးတွေဟာ လီဗာပူးကို ရောက်လာခဲ့ရင် ဝိုက်နယ်ဒမ် လက်သစ် ရော်ဘတ်ဆန် လက်သစ်တွေအဖြစ် ကမ္ဘာအဆင့်ထိ တိုးတက်လာနိုင်မယ့်သူတွေလို့ ပရိသတ်တွေဘက်က တောင်းဆိုမှု မြင့်မားနေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေဘာလံုးရာသီတုိင္းမွာ တန္းဆင္းသြားတဲ့ ကလပ္ေတြထံက ကစားသမား တစ္ဦးစီေတာ့ ေခၚယူေလ့ရွိခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္မွာ ဝိုက္နယ္ဒမ္၊ ၂၀၁၇ မွာ ေရာ္ဘတ္ဆန္၊ ၂၀၁၈ မွာ ရွာကီြရီနဲ႔ ၂၀၁၉ ခုႏွစ္မွာ အီလီေယာ့တို႔ကို လီဗာပူးက ေခၚယူခဲ့တာျဖစ္တယ္။ လီဗာပူးရဲ႕ ေဒတာစိစစ္ေရး အဖြဲ႔ဟာ အသင္းရဲ႕ ကစားဟန္ကို ေထာက္ပံ့ေပးႏုိင္မယ့္ ကစားသမားမ်ိဳးေတြကို ရွာေဖြရာမွာ တန္းဆင္းဇုန္အသင္းေတြက အလားအလာရွိ ကစားသမားေတြကိုလည္း မ်က္ကြယ္ျပဳေလ့ မရွိပါဘူး။

ဒီရာသီမွာလည္း လီဗာပူးအသင္းက အသင္းနဲ႔ အံဝင္မယ့္ ကစားသမားေကာင္းေတြကို ေခၚယူဦးမွာျဖစ္တယ္။ ဒီအတြက္ တန္းဆင္းဇုန္အသင္းေတြထံက ကစားသမားေကာင္းေတြကို ေစာင့္ၾကည့္ေနမယ္ဆိုရင္ ေခၚယူေစလိုတဲ့ ကစားသမား ႏွစ္ဦးကို အျပိဳင္ မွတ္ခ်က္ေပးေနၾကပါတယ္။

တစ္ဦးကကေတာ့ ဆာျဖစ္ပါတယ္။ ရီးနက္စ္ကေန ပရီးမီးယားလိဂ္ ဝတ္ဖိုဒ့္အသင္းကို ေပါင္ ၃၁ သန္းနဲ႔ ေျပာင္းေရႊ႔ခဲ့တဲ့ အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္သမားက မာေနးကို အကိုၾကီးတစ္ဦးလို ယံုၾကည္ကိုးစားသူျဖစ္တယ္။ နယ္ေျမသစ္မွာ က်င္လယ္ရသလို ဘာသာစကား အခက္အခဲေၾကာင့္ ဆာဟာ လီဂူးဝမ္းက ေျခစြမ္းမ်ိဳး မျပသႏုိင္ခဲ့ပါဘူး။ လီဗာပူးပရိသတ္ေတြ အမ်ားအျပားကေတာ့ တိုက္စစ္ပိုင္း အင္အားျဖည့္ဖို႔ ဆာကို ေတာင္းဆိုမႈေတြ ရွိပါတယ္။

ေနာက္တစ္ဦးကေတာ့ ဘုန္းေမာက္အသင္းသားျဖစ္တဲ့ ေဝလ္းလူငယ္ေလး ဘရြတ္ျဖစ္ပါတယ္။ သူ႔ကိုေတာ့ ဖန္တီးမႈေကာင္းတဲ့ ကြင္းလယ္လူအျဖစ္ လီဗာပူးပရိသတ္ေတြက အလိုရွိေနတာပါ။ ဒါေပမယ့္လို႔ ဆာကို လီဗာပူးဘက္က ေစာင့္ၾကည့္ထားေပမယ့္ ဘရြန္ကိုေတာ့ ေစာင့္ၾကည့္ေနတယ္လို႔ သတင္းၾကားထားရျခင္း မရွိေသးပါဘူး။

သူတို႔ ႏွစ္ဦးဟာ ၂၂ နဲ႔ ၂၃ ႏွစ္ အရြယ္ေတြပဲ ရွိေသးျပီး ပရီးမီးယားလိဂ္မွာ သူတို႔ရဲ႕ အလားအလာေတြကို အမ်ားၾကီး မျပႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္ ဒီေကာင္ေလးေတြဟာ လီဗာပူးကို ေရာက္လာခဲ့ရင္ ဝိုက္နယ္ဒမ္ လက္သစ္ ေရာ္ဘတ္ဆန္ လက္သစ္ေတြအျဖစ္ ကမၻာအဆင့္ထိ တိုးတက္လာႏုိင္မယ့္သူေတြလို႔ ပရိသတ္ေတြဘက္က ေတာင္းဆိုမႈ ျမင့္မားေနပါတယ္။