လီဗာပူးအသင်းဟာ ရှော်ကေးအသင်း ထိပ်တန်း ခံစစ်သမား အိုဇန် ကာဘတ်ကို ခေါ်ယူဖို့အတွက် မေးမြန်းမှု လုပ်ထားခဲ့တယ်ဆိုပြီး Bild သတင်းဌာနက ဖော်ပြမှုကို ကိုးကားပြီး ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ကာဘတ်ကို လီဗာပူးစိတ်ဝင်စားနေကြောင်း သတင်းကို ဂျာမနီ အကြီးတန်း သတင်းထောက် Christian Falk ကိုယ်တိုင်ကလည်း မှန်ကန်ပါတယ်လို့ အတည်ပြုပေးလိုက်ပါတယ်။

ရှော်ကေးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ ရုန်းကန်နေရမှုတွေ ရှိတာကြောင့် ၎င်းတို့အသင်းရဲ့ လူငယ် ခံစစ်သမားကို ရောင်းထုတ်ရမယ့် အခြေအနေကို ရင်ဆိုင်နေရတာဖြစ်တယ်။ အသက် ၂၀ အရွယ် တူရကီ လက်ရွေးစင် ကာဘတ်ကို ခေါ်ယူဖို့အတွက် မန်စီးတီး၊ ဂျူဗင်တပ်တို့ကလည်း စိတ်ဝင်စားမှု ပြသထားခဲ့ဖူးပါတယ်။

မန်နေဂျာကလော့ပ်က ခံစစ်မှူး လိုဗရန်ကို ဇင်းနစ်ထံ ရောင်းထုတ်ပြီးရင် ပြန်လည် ခေါ်ယူဖို့အတွက် ဗဟိုခံစစ်မှူးသစ် ရှာဖွေနေတာပါ။ ဘရိုက်တန်အသင်းမှ ဘမ်ဝိုက်ကို ခေါ်ယူဖို့အားလည်း လီဗာပူးက စိတ်ဝင်စားထားပါတယ်။ လက်ရှိ ရှော်ကေးမန်နေဂျာ ဒေးဗစ်ဝဂ်နာဟာ ကလော့ပ်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်ခြင်းကလည်း ဒီအပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ကြောင်း ဂျာမနီသတင်းဌာနက ယူဆထားတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

ရှော်ကေးဘက်က ကာဘတ်အတွက် ယူရို သန်း ၄၀ လောက်ထိ ရလိုနေပေမယ့် လီဗာပူးဘက်က ကမ်းလှမ်းမှု လုပ်ခဲ့မယ်ဆိုရင် အဆိုပါ ပြောင်းရွှေ့ကြေးမျိုး လုံးဝ ပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆုကြေးတွေ ပေးမယ့် ညိနှိုင်းမှုမျိုးကိုတော့ ရှော်ကေးကို ပေးဖွယ် ရှိပါတယ်။

ဒီရာသီ ဘွန်ဒက်လီဂါပွဲ ၂၆ ပွဲ ကစားထားတဲ့ ကာဘတ်ဟာ သွင်းဂိုးလည်း ၃ ဂိုး ရယူထားပါတယ်။ သူဟာ အရပ်အမောင်း ကောင်းသူဖြစ်သလို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းကလည်း ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့မယ်ဆိုရင် အသားကျမှု မြန်ဆန်နိုင်တယ်လို့ တွက်ဆထားကြပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေရွာ္ေကးအသင္း ထိပ္တန္း ခံစစ္သမား အိုဇန္ ကာဘတ္ကို ေခၚယူဖို႔အတြက္ ေမးျမန္းမႈ လုပ္ထားခဲ့တယ္ဆိုျပီး Bild သတင္းဌာနက ေဖာ္ျပမႈကို ကိုးကားျပီး ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

ကာဘတ္ကို လီဗာပူးစိတ္ဝင္စားေနေၾကာင္း သတင္းကို ဂ်ာမနီ အၾကီးတန္း သတင္းေထာက္ Christian Falk ကိုယ္တိုင္ကလည္း မွန္ကန္ပါတယ္လို႔ အတည္ျပဳေပးလိုက္ပါတယ္။

ေရွာ္ေကးအသင္းဟာ ဘ႑ာေရးဆုိင္ရာ ရုန္းကန္ေနရမႈေတြ ရွိတာေၾကာင့္ ၄င္းတို႔အသင္းရဲ႕ လူငယ္ ခံစစ္သမားကို ေရာင္းထုတ္ရမယ့္ အေျခအေနကို ရင္ဆိုင္ေနရတာျဖစ္တယ္။ အသက္ ၂၀ အရြယ္ တူရကီ လက္ေရြးစင္ ကာဘတ္ကို ေခၚယူဖို႔အတြက္ မန္စီးတီး၊ ဂ်ဴဗင္တပ္တို႔ကလည္း စိတ္ဝင္စားမႈ ျပသထားခဲ့ဖူးပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ခံစစ္မွဴး လိုဗရန္ကို ဇင္းနစ္ထံ ေရာင္းထုတ္ျပီးရင္ ျပန္လည္ ေခၚယူဖို႔အတြက္ ဗဟိုခံစစ္မွဴးသစ္ ရွာေဖြေနတာပါ။ ဘရိုက္တန္အသင္းမွ ဘမ္ဝိုက္ကို ေခၚယူဖို႔အားလည္း လီဗာပူးက စိတ္ဝင္စားထားပါတယ္။ လက္ရွိ ေရွာ္ေကးမန္ေနဂ်ာ ေဒးဗစ္ဝဂ္နာဟာ ကေလာ့ပ္ရဲ႕ အရင္းႏွီးဆံုး မိတ္ေဆြျဖစ္ျခင္းကလည္း ဒီအေျပာင္းအေရႊ႔ ျဖစ္ေျမာက္ႏုိင္ေၾကာင္း ဂ်ာမနီသတင္းဌာနက ယူဆထားတဲ့ အခ်က္တစ္ခ်က္ ျဖစ္ပါတယ္။

ေရွာ္ေကးဘက္က ကာဘတ္အတြက္ ယူရို သန္း ၄၀ ေလာက္ထိ ရလိုေနေပမယ့္ လီဗာပူးဘက္က ကမ္းလွမ္းမႈ လုပ္ခဲ့မယ္ဆိုရင္ အဆိုပါ ေျပာင္းေရႊ႔ေၾကးမ်ိဳး လံုးဝ ေပးမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဆုေၾကးေတြ ေပးမယ့္ ညိႏိႈင္းမႈမ်ိဳးကိုေတာ့ ေရွာ္ေကးကို ေပးဖြယ္ ရွိပါတယ္။

ဒီရာသီ ဘြန္ဒက္လီဂါပြဲ ၂၆ ပြဲ ကစားထားတဲ့ ကာဘတ္ဟာ သြင္းဂိုးလည္း ၃ ဂိုး ရယူထားပါတယ္။ သူဟာ အရပ္အေမာင္း ေကာင္းသူျဖစ္သလို ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္ျခင္းကလည္း ပရီးမီးယားလိဂ္ကို ေျပာင္းလာခဲ့မယ္ဆိုရင္ အသားက်မႈ ျမန္ဆန္ႏုိင္တယ္လို႔ တြက္ဆထားၾကပါတယ္။