လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ကလပ်အသင်း တိုးတက်ဖို့ဟာ သူအပါအဝင် ကလပ်တာဝန်ရှိသူတွေ တာဝန်ယူထားရတာဖြစ်လို့ အစောတလျင် လှုပ်ရှားမှုတွေအစား စိတ်ရှည်မှုတွေ ပေးကြဖို့ သတိပေးလိုက်ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ မသေချာမှုတွေကြားမှာ အနာဂတ်နဲ့ ပက်သက်တဲ့ အစီအစဉ်တွေကို လုပ်ဆောင်ဖို့ အချိန်ယူမယ်လို့ ကလော့ပ်က ဆိုတယ်။ လီဗာပူးအသင်း၊ လီဗာပူးလူစာရင်းကို ကိုယ်စားပြုရသူအဖြစ် သူဟာ ဘယ်ကိစ္စကိုမှ မသေချာဘဲ ဆုံးဖြတ်မှာ မဟုတ်ဘူးလို့လည်း ကလော့ပ်က ပြောထားတာဖြစ်တယ်။

ဒါကြောင့် အကယ်လို့ ဈေးကွက်ထဲ ဝင်မယ်လို့ ဆုံးဖြတ်ခဲ့ရင် လီဗာပူးက အဆင်သင့် ဖြစ်မလားဆိုတဲ့ အခြေအနေကို The Independent က ဖော်ပြရာမှာ ခပ်မြန်မြန် လုပ်ရမယ့် ကိစ္စတွေအတွက် လက်ရှိချန်ပီယံက လုပ်နိုင်စွမ်းရှိတယ်လို့ ဖော်ပြပါတယ်။

လီဗာပူးအသင်းဟာ မနှစ်က နွေမှာလည်း ကစားသမားသစ်တွေ တစ်ဦးမှ ခေါ်ယူခြင်း မရှိပါဘဲ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာခဲ့တာပါ။ ဒါကြောင့် ကလော့ပ်က လက်ရှိ လူစာရင်းကို ယုံကြည်နေတာဖြစ်တယ်။ ဒါပေမယ့်လို့ ဒါက လူသစ်ခေါ်ယူဖို့ရာ လီဗာပူးအသင်း အဆင်သင့် မဖြစ်ဘူးလို့ မဆိုလိုကြောင်း အဆိုပါ သတင်းကပဲ ဖော်ပြပါတယ်။

ယာဂင်ကလော့ပ် ဦးဆောင်တဲ့ လက်ရှိ လီဗာပူးအသင်းဟာ ပြိုင်ဘက်တွေက ဘယ်လို ကစားသမားတွေကို ခေါ်ယူသည်ဖြစ်စေ အင်အားတောင့်တင်းတဲ့ ဆုဖလား စိန်ခေါ်သူ စာရင်းမှာတော့ ဆက်ရှိနေပါမယ်။ မာနေး၊ ဆာလက်၊ ဖာမင်နိုလို အဓိက တိုက်စစ်သမာေးတွအပြင် အယ်လီဆန်၊ ဗန်ဒိုက်၊ ထရန့်၊ ရော်ဘတ်ဆန်တို့ ရှိနေတဲ့ လီဗာပူးရဲ့ စီနီယာအသင်းဟာ ချန်ပီယံအသင်းအဖြစ် အင်အားအပြည့် ရှိနေဆဲဖြစ်တယ်။

လိုဗရန်၊ လယ်လာနာ၊ ကလိုင်းတို့ကို ရှင်းထုတ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ပြန်ထွက်လာအောင် လုပ်ထားတဲ့ လီဗာပူးဟာ ကားရီးယက်စ်၊ ဂရုဂျစ်၊ ဝဲလ်ဆန်၊ ဝုဒ်ဘမ်း၊ ရှာကွီရီနဲ့ လာရီုစီတို့ရဲ့ အနာဂတ်ကို ဒီနွေမှာ အပြတ်ဖြတ်နိုင်သလောက်ဖြစ်အောင် ကြိုးစားမှာဖြစ်တယ်။

လီဗာပူး ရှင်းထုတ်နေတဲ့ အနေအထားဟာ အရန်ကစားသမားတွေကို ဦးစားပေး ရှင်းထုတ်နေတာဖြစ်ပြီး သူတို့အထဲမှာ အတွေ့အကြုံရင့် ကစားသမားတွေ ပါဝင်သွားပေမယ့် ပြန်လည် အစားဝင်လာမယ့် ကစားသမားတွေထဲမှာ ချိန်ဘာလိန်၊ ကီတာ လို ကစားသမားတွေ ပါနေပါတယ်။ ချိန်ဘာလိန်ဟာ ကလော့ပ်အတွက် စွယ်စုံရ ကစားသမား ဖြစ်လာနိုင်သလို ကီတာဟာ ကွင်းလယ်မှာ ဖန်တီးမှုမြင့်တဲ့ စကေးသမားအဖြစ် ကိုဗစ်ကာလမှာ တောက်ပနေသူဖြစ်ပါတယ်။

လီဗာပူးက ဘိုင်ယန်မြူးနစ်က ကွင်းလယ်လူ အယ်ကန်တာရာနဲ့ သတင်းတွေ ထွက်ထားခဲ့ပြီး အရေးကြီးလာခဲ့ရင် ချက်ခြင်း ခေါ်ယူဖို့ရာ အဆင်သင့် ရှိနေတဲ့ အနေအထားဖြစ်တယ်။ ကလပ်ရဲ့ လူစာရင်းကို စိစစ်မှုတွေ လုပ်ရာမှာ အဓိက ကွင်းလယ်လူ ဝိုက်နယ်ဒမ် စွန့်ခွာခဲ့ရင် တိုက်ရိုက် အစားထိုးဖို့ရာ အယ်ကန်တာရာကို ချိန်ရွယ်ထားတယ်။

ဝိုက်နယ်ဒမ်ဟာ အသက် ၂၉ နှစ်အရွယ်ဖြစ်ပြီး လက်ရွေးစင်အသင်းမှာလည်း အဓိက ကစားသမားဖြစ်ကာ လီဗာပူးရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တယ်။ သူ့လို ကစားသမားကို ဆုံးရံှူးခဲ့မယ်ဆိုရင် ထိခိုက်မှု ကြီးနိုင်ပေမယ့် ပြန်အစားထိုးဖို့ ချိန်ရွယ်ထားတဲ့ အယ်ကန်တာရာဟာလည်း ဝိုက်နယ်ဒမ်နဲ့ အသက်တူ အတွေ့အကြုံတူ ကစားသမားဖြစ်သလို သူကလည်း လီဗာပူးကို ပြောင်းလာလိုတာကြောင့် ဒီရွေးချယ်မှုက လီဗာပူးရဲ့ ဒေတာအဖွဲ့ဟာ အရေးပေါ် အခြေအနေအတွက် အသင့်ရှိနေတာ မြင်သာပါတယ်။

ခံစစ်အတွက်လည်း အသက် ၂၂ နှစ်အရွယ် လူငယ်လေး ဘမ်ဝိုက် အပြင် ရှော်ကေးအသင်းမှ ၂၃ နှစ်အရွယ် အိုဇန်ကာဘတ်ဟာ လီဗာပူးရဲ့ ပစ်မှတ်ထဲမှာ ရှိနေပါတယ်။ ဒါဟာ ဒီဂျန်လိုဗရန် နေရာမှာ အစားထိုးဖို့ဖြစ်ပြီး ကလပ်ရဲ့ စတုတ္ထ ဦးစားပေး ခံစစ်သမားအတွက် ပြင်ဆင်ထားခြင်းဖြစ်တယ်။ လီဗာပူးဘက်က ခြေရာကောက်ထားမှုမှာ သူတို့ နှစ်ဦးတင် မဟုတ်ပဲ အသက် ၂၉ နှစ်ဝန်းကျင် ဝါရင့် ခံစစ်မှူး အချို့လည်း ရှိနေပါသေးတယ်။

ဝတ်ဖိုဒ့် တောင်ပံသမား ဆာ၊ လက်စတာမှ ဟာဗေး ဘန်းစ်တို့လို လူငယ်တွေကိုလည်း စောင့်ကြည့်ထားတဲ့ လီဗာပူးဟာ အသင်းလူစာရင်းအတွက် လူငယ်တွေကို အင်အားဖြည့်ဖို့လည်း အဆင်သင့် စောင့်ကြည့်နေတယ်။ ဒါ့အပြင် ရာသီကြိုမှာ ကာတစ်ဂျုံး၊ နီကိုးတို့ကို ပိုမို နေရာပေးဖို့အတွက်လည်း နည်းပြအဖွဲ့ဝင်တွေနဲ့ ကလော့ပ်ကြား ဆွေးနွေး သုံးသပ်ထားမှုတွေ ရှိထားပါတယ်။

အစောပိုင်းမှာ လီဗာပူးက နွေမှာ ကစားသမားသစ် မခေါ်ဘူးလို့ သတင်းထွက်ထားပေမယ့် ဈေးကွက်ဖွင့်ချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေက စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ပထမအချက်မှာ Nike နဲ့ လီဗာပူးစာချုပ်ဟာ ဂျာစီရောင်းအားကို အခြေခံတာကြောင့် လီဗာပူးအသင်းကို ထိပ်တန်း ကစားသမားနဲ့ ပက်သက်ပြီး အာမခံချက်ကို Nike ဘက်က တောင်းဆိုထားတဲ့ အချက်ပါ။ ဒုတိယအချက်က သိက္ခာရှိ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ် ကိုယ်တိုင်က ကလော့ပ်ဟာ လူသစ် ၂ ဦး၊ ၃ ဦးကို သေချာပေါက် ခေါ်ပါလိမ့်မယ်လို့ ထုတ်ပြောထားတယ်။

ဒီအချက်တွေအရ ကလော့ပ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမား ခေါ်ယူရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ ဒေတာပိုင်း တွက်ချက်သူတွေဟာ ဈေးကွက်ထဲ ဝင်ရမယ်ဆိုတဲ့ အခြေအနေအတွက်လည်း အဆင်သင့် ပြင်ဆင်ထားပါတယ်လို့ သုံးသပ်ထားတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကလပ္အသင္း တိုးတက္ဖို႔ဟာ သူအပါအဝင္ ကလပ္တာဝန္ရွိသူေတြ တာဝန္ယူထားရတာျဖစ္လို႔ အေစာတလ်င္ လႈပ္ရွားမႈေတြအစား စိတ္ရွည္မႈေတြ ေပးၾကဖို႔ သတိေပးလိုက္ပါတယ္။

ဘ႑ာေရးဆိုင္ရာ မေသခ်ာမႈေတြၾကားမွာ အနာဂတ္နဲ႔ ပက္သက္တဲ့ အစီအစဥ္ေတြကို လုပ္ေဆာင္ဖို႔ အခ်ိန္ယူမယ္လို႔ ကေလာ့ပ္က ဆိုတယ္။ လီဗာပူးအသင္း၊ လီဗာပူးလူစာရင္းကို ကိုယ္စားျပဳရသူအျဖစ္ သူဟာ ဘယ္ကိစၥကိုမွ မေသခ်ာဘဲ ဆံုးျဖတ္မွာ မဟုတ္ဘူးလို႔လည္း ကေလာ့ပ္က ေျပာထားတာျဖစ္တယ္။

ဒါေၾကာင့္ အကယ္လို႔ ေစ်းကြက္ထဲ ဝင္မယ္လို႔ ဆံုးျဖတ္ခဲ့ရင္ လီဗာပူးက အဆင္သင့္ ျဖစ္မလားဆိုတဲ့ အေျခအေနကို The Independent က ေဖာ္ျပရာမွာ ခပ္ျမန္ျမန္ လုပ္ရမယ့္ ကိစၥေတြအတြက္ လက္ရွိခ်န္ပီယံက လုပ္ႏုိင္စြမ္းရွိတယ္လို႔ ေဖာ္ျပပါတယ္။

လီဗာပူးအသင္းဟာ မႏွစ္က ေႏြမွာလည္း ကစားသမားသစ္ေတြ တစ္ဦးမွ ေခၚယူျခင္း မရွိပါဘဲ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္လာခဲ့တာပါ။ ဒါေၾကာင့္ ကေလာ့ပ္က လက္ရွိ လူစာရင္းကို ယံုၾကည္ေနတာျဖစ္တယ္။ ဒါေပမယ့္လို႔ ဒါက လူသစ္ေခၚယူဖို႔ရာ လီဗာပူးအသင္း အဆင္သင့္ မျဖစ္ဘူးလို႔ မဆိုလိုေၾကာင္း အဆိုပါ သတင္းကပဲ ေဖာ္ျပပါတယ္။

ယာဂင္ကေလာ့ပ္ ဦးေဆာင္တဲ့ လက္ရွိ လီဗာပူးအသင္းဟာ ျပိဳင္ဘက္ေတြက ဘယ္လို ကစားသမားေတြကို ေခၚယူသည္ျဖစ္ေစ အင္အားေတာင့္တင္းတဲ့ ဆုဖလား စိန္ေခၚသူ စာရင္းမွာေတာ့ ဆက္ရွိေနပါမယ္။ မာေနး၊ ဆာလက္၊ ဖာမင္ႏိုလို အဓိက တိုက္စစ္သမာေးတြအျပင္ အယ္လီဆန္၊ ဗန္ဒိုက္၊ ထရန္႔၊ ေရာ္ဘတ္ဆန္တို႔ ရွိေနတဲ့ လီဗာပူးရဲ႕ စီနီယာအသင္းဟာ ခ်န္ပီယံအသင္းအျဖစ္ အင္အားအျပည့္ ရွိေနဆဲျဖစ္တယ္။

လိုဗရန္၊ လယ္လာနာ၊ ကလိုင္းတို႔ကို ရွင္းထုတ္ျပီး တစ္ပတ္လုပ္ခ ေပါင္ ၃ သိန္း ျပန္ထြက္လာေအာင္ လုပ္ထားတဲ့ လီဗာပူးဟာ ကားရီးယက္စ္၊ ဂရုဂ်စ္၊ ဝဲလ္ဆန္၊ ဝုဒ္ဘမ္း၊ ရွာကီြရီနဲ႔ လာရီုစီတို႔ရဲ႕ အနာဂတ္ကို ဒီေႏြမွာ အျပတ္ျဖတ္ႏုိင္သေလာက္ျဖစ္ေအာင္ ၾကိဳးစားမွာျဖစ္တယ္။

လီဗာပူး ရွင္းထုတ္ေနတဲ့ အေနအထားဟာ အရန္ကစားသမားေတြကို ဦးစားေပး ရွင္းထုတ္ေနတာျဖစ္ျပီး သူတို႔အထဲမွာ အေတြ႔အၾကံဳရင့္ ကစားသမားေတြ ပါဝင္သြားေပမယ့္ ျပန္လည္ အစားဝင္လာမယ့္ ကစားသမားေတြထဲမွာ ခ်ိန္ဘာလိန္၊ ကီတာ လို ကစားသမားေတြ ပါေနပါတယ္။ ခ်ိန္ဘာလိန္ဟာ ကေလာ့ပ္အတြက္ စြယ္စံုရ ကစားသမား ျဖစ္လာႏုိင္သလို ကီတာဟာ ကြင္းလယ္မွာ ဖန္တီးမႈျမင့္တဲ့ စေကးသမားအျဖစ္ ကိုဗစ္ကာလမွာ ေတာက္ပေနသူျဖစ္ပါတယ္။

လီဗာပူးက ဘိုင္ယန္ျမဴးနစ္က ကြင္းလယ္လူ အယ္ကန္တာရာနဲ႔ သတင္းေတြ ထြက္ထားခဲ့ျပီး အေရးၾကီးလာခဲ့ရင္ ခ်က္ျခင္း ေခၚယူဖို႔ရာ အဆင္သင့္ ရွိေနတဲ့ အေနအထားျဖစ္တယ္။ ကလပ္ရဲ႕ လူစာရင္းကို စိစစ္မႈေတြ လုပ္ရာမွာ အဓိက ကြင္းလယ္လူ ဝိုက္နယ္ဒမ္ စြန္႔ခြာခဲ့ရင္ တိုက္ရိုက္ အစားထိုးဖို႔ရာ အယ္ကန္တာရာကို ခ်ိန္ရြယ္ထားတယ္။

ဝိုက္နယ္ဒမ္ဟာ အသက္ ၂၉ ႏွစ္အရြယ္ျဖစ္ျပီး လက္ေရြးစင္အသင္းမွာလည္း အဓိက ကစားသမားျဖစ္ကာ လီဗာပူးရဲ႕ ေခါင္းေဆာင္ေတြထဲက တစ္ဦးျဖစ္တယ္။ သူ႔လို ကစားသမားကို ဆံုးရံွဴးခဲ့မယ္ဆိုရင္ ထိခိုက္မႈ ၾကီးႏုိင္ေပမယ့္ ျပန္အစားထိုးဖို႔ ခ်ိန္ရြယ္ထားတဲ့ အယ္ကန္တာရာဟာလည္း ဝိုက္နယ္ဒမ္နဲ႔ အသက္တူ အေတြ႔အၾကံဳတူ ကစားသမားျဖစ္သလို သူကလည္း လီဗာပူးကို ေျပာင္းလာလိုတာေၾကာင့္ ဒီေရြးခ်ယ္မႈက လီဗာပူးရဲ႕ ေဒတာအဖြဲ႔ဟာ အေရးေပၚ အေျခအေနအတြက္ အသင့္ရွိေနတာ ျမင္သာပါတယ္။

ခံစစ္အတြက္လည္း အသက္ ၂၂ ႏွစ္အရြယ္ လူငယ္ေလး ဘမ္ဝိုက္ အျပင္ ေရွာ္ေကးအသင္းမွ ၂၃ ႏွစ္အရြယ္ အိုဇန္ကာဘတ္ဟာ လီဗာပူးရဲ႕ ပစ္မွတ္ထဲမွာ ရွိေနပါတယ္။ ဒါဟာ ဒီဂ်န္လိုဗရန္ ေနရာမွာ အစားထိုးဖို႔ျဖစ္ျပီး ကလပ္ရဲ႕ စတုတၳ ဦးစားေပး ခံစစ္သမားအတြက္ ျပင္ဆင္ထားျခင္းျဖစ္တယ္။ လီဗာပူးဘက္က ေျခရာေကာက္ထားမႈမွာ သူတို႔ ႏွစ္ဦးတင္ မဟုတ္ပဲ အသက္ ၂၉ ႏွစ္ဝန္းက်င္ ဝါရင့္ ခံစစ္မွဴး အခ်ိဳ႔လည္း ရွိေနပါေသးတယ္။

ဝတ္ဖုိဒ့္ ေတာင္ပံသမား ဆာ၊ လက္စတာမွ ဟာေဗး ဘန္းစ္တို႔လို လူငယ္ေတြကိုလည္း ေစာင့္ၾကည့္ထားတဲ့ လီဗာပူးဟာ အသင္းလူစာရင္းအတြက္ လူငယ္ေတြကို အင္အားျဖည့္ဖို႔လည္း အဆင္သင့္ ေစာင့္ၾကည့္ေနတယ္။ ဒါ့အျပင္ ရာသီၾကိဳမွာ ကာတစ္ဂ်ံဳး၊ နီကိုးတို႔ကို ပိုမို ေနရာေပးဖို႔အတြက္လည္း နည္းျပအဖြဲ႔ဝင္ေတြနဲ႔ ကေလာ့ပ္ၾကား ေဆြးေႏြး သံုးသပ္ထားမႈေတြ ရွိထားပါတယ္။

အေစာပိုင္းမွာ လီဗာပူးက ေႏြမွာ ကစားသမားသစ္ မေခၚဘူးလို႔ သတင္းထြက္ထားေပမယ့္ ေစ်းကြက္ဖြင့္ခ်ိန္မွာ ထြက္ေပၚလာတဲ့ သတင္းေတြက စိတ္ဝင္စားဖို႔ ေကာင္းလာပါတယ္။ ပထမအခ်က္မွာ Nike နဲ႔ လီဗာပူးစာခ်ဳပ္ဟာ ဂ်ာစီေရာင္းအားကို အေျခခံတာေၾကာင့္ လီဗာပူးအသင္းကို ထိပ္တန္း ကစားသမားနဲ႔ ပက္သက္ျပီး အာမခံခ်က္ကို Nike ဘက္က ေတာင္းဆိုထားတဲ့ အခ်က္ပါ။ ဒုတိယအခ်က္က သိကၡာရွိ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္ ကိုယ္တုိင္က ကေလာ့ပ္ဟာ လူသစ္ ၂ ဦး၊ ၃ ဦးကို ေသခ်ာေပါက္ ေခၚပါလိမ့္မယ္လို႔ ထုတ္ေျပာထားတယ္။

ဒီအခ်က္ေတြအရ ကေလာ့ပ္နဲ႔ သူ႔ရဲ႕ နည္းျပအဖြဲ႔ဝင္ေတြ၊ ကစားသမား ေခၚယူေရးဆုိင္ရာ တာဝန္ရွိသူေတြ၊ ေဒတာပိုင္း တြက္ခ်က္သူေတြဟာ ေစ်းကြက္ထဲ ဝင္ရမယ္ဆိုတဲ့ အေျခအေနအတြက္လည္း အဆင္သင့္ ျပင္ဆင္ထားပါတယ္လုိ႔ သံုးသပ္ထားတာျဖစ္ပါတယ္။