လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ BBC Football ကပေးတဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဒီဆုကိုတော့ ကလော့ပ်ဟာ ရှက်ဖီးမန်နေဂျာ ဝိုင်ဒါနဲ့ အပြိုင်ဖြစ်ခဲ့ပေမယ့် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့တာဖြစ်တယ်။ ကလော့ပ်ဟာ မဲစုစုပေါင်းရဲ့ ၄၉% ထိ ရရှိခဲ့ပြီး ဒုတိယနေရာက ဝိုင်ဒါက မဲ ၃၂% ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် လီဗာပူးကို ဦးဆောင်နိုင်ခဲ့တာကြောင့် အခုလို ဆုရခဲ့တာပါ။

ကလော့ပ်ဟာ ဒီဆုကို နှစ်ရာသီဆက် အနိုင်ရခဲ့တာဖြစ်ပြီး မနှစ်ကလည်း အနိုင်ရထားပါသေးတယ်။ ဒါ့အပြင် ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် မန်နေဂျာ အကောင်းဆုံးဆုကိုလည်း ကလော့ပ်က ရေပန်းစားနေပြီး ဝိုင်ဒါနဲ့ အပြိုင် ဖြစ်နေဆဲဖြစ်ပါတယ်။

ရှက်ဖီးမန်နေဂျာ ဝိုင်ဒါကလည်း ချန်ပီယံရှစ်ကနေ တန်းတက်လာတဲ့ အသင်းကို ဥရောပဝင်ခွင့် တစ်နေရာ ရလုအချိန်ထိ ပဲ့ကိုင်ပေးနိုင်ခဲ့တယ်။ သူ့ရဲ့ ၃-၅-၂ စနစ်ဟာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေကို အထင်ကြီးစေခဲ့တဲ့ထိ တောက်ပခဲ့တာကြောင့် ဒီနှစ် အကောင်းဆုံး မန်နေဂျာဆုတွေအတွက် ရပန်းစား မန်နေဂျာတွေထဲက တစ်ဦးအဖြစ် ပါဝင်နိုင်နေတာဖြစ်ပါတယ်။

ကလော့ပ်ဟာ မကြာသေးခင်ကပဲ ပရော်ဖက်ရှင်နယ် လိဂ်မန်နေဂျာများ အစည်းအရုံးကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုကို ရရှိခဲ့သေးတာဖြစ်တယ်။ မန်နေဂျာကလော့ပ် အဆိုပါဆု ရကြောင်းကို ပရီးမီးယားလိဂ်မန်နေဂျာဟောင်း ဆာအဲလက်စ်က ထုတ်ဖော် ကြေညာပေးထားသေးတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ BBC Football ကေပးတဲ့ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး မန္ေနဂ်ာဆုကို ရရွိသြားခဲ့ျပီျဖစ္ပါတယ္။

ဒီဆုကိုေတာ့ ကေလာ့ပ္ဟာ ရွက္ဖီးမန္ေနဂ်ာ ဝိုင္ဒါနဲ႔ အျပိဳင္ျဖစ္ခဲ့ေပမယ့္ မဲအျပတ္အသတ္ျဖင့္ အႏုိင္ရခဲ့တာျဖစ္တယ္။ ကေလာ့ပ္ဟာ မဲစုစုေပါင္းရဲ႕ ၄၉% ထိ ရရွိခဲ့ျပီး ဒုတိယေနရာက ဝိုင္ဒါက မဲ ၃၂% ကို အႏုိင္ရခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္ဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ လီဗာပူးကို ဦးေဆာင္ႏုိင္ခဲ့တာေၾကာင့္ အခုလို ဆုရခဲ့တာပါ။

ကေလာ့ပ္ဟာ ဒီဆုကို ႏွစ္ရာသီဆက္ အႏုိင္ရခဲ့တာျဖစ္ျပီး မႏွစ္ကလည္း အႏုိင္ရထားပါေသးတယ္။ ဒါ့အျပင္ ဒီႏွစ္ရဲ႕ ပရီးမီးယားလိဂ္ မန္ေနဂ်ာ အေကာင္းဆံုးဆုကိုလည္း ကေလာ့ပ္က ေရပန္းစားေနျပီး ဝိုင္ဒါနဲ႔ အျပိဳင္ ျဖစ္ေနဆဲျဖစ္ပါတယ္။

ရွက္ဖီးမန္ေနဂ်ာ ဝိုင္ဒါကလည္း ခ်န္ပီယံရွစ္ကေန တန္းတက္လာတဲ့ အသင္းကို ဥေရာပဝင္ခြင့္ တစ္ေနရာ ရလုအခ်ိန္ထိ ပဲ့ကိုင္ေပးႏုိင္ခဲ့တယ္။ သူ႔ရဲ႕ ၃-၅-၂ စနစ္ဟာ ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းေတြကို အထင္ၾကီးေစခဲ့တဲ့ထိ ေတာက္ပခဲ့တာေၾကာင့္ ဒီႏွစ္ အေကာင္းဆံုး မန္ေနဂ်ာဆုေတြအတြက္ ရပန္းစား မန္ေနဂ်ာေတြထဲက တစ္ဦးအျဖစ္ ပါဝင္ႏုိင္ေနတာျဖစ္ပါတယ္။

ကေလာ့ပ္ဟာ မၾကာေသးခင္ကပဲ ပေရာ္ဖက္ရွင္နယ္ လိဂ္မန္ေနဂ်ာမ်ား အစည္းအရံုးကေပးတဲ့ တစ္ႏွစ္တာ အေကာင္းဆံုး မန္ေနဂ်ာဆုကို ရရွိခဲ့ေသးတာျဖစ္တယ္။ မန္ေနဂ်ာကေလာ့ပ္ အဆိုပါဆု ရေၾကာင္းကို ပရီးမီးယားလိဂ္မန္ေနဂ်ာေဟာင္း ဆာအဲလက္စ္က ထုတ္ေဖာ္ ေၾကညာေပးထားေသးတာ ျဖစ္ပါတယ္။