ဘိုင်ယန်မြူးနစ်ရဲ့ ကြယ်ပွင့် တိုက်စစ်သမား လီဝမ်ဒေါစကီးက ဒီအပတ် ကာနိုဘောလုံးနဲ့ အင်တာဗျူးမှာ မန်နေဂျာဟောင်း ယာဂင်ကလော့ပ်အကြောင်း ထည့်ပြောခဲ့ပါတယ်။

တချိန်က ဒေါ့မွန်အသင်းမှာ တွဲလုပ်ခဲ့စဉ်မှာ ပိုလန်က မထင်မရှား ကောင်းလေးကို ကမ္ဘာအကောင်းဆုံး တိုက်စစ်သမား ဖြစ်လာဖို့ ယာဂင်ကလော့ပ်က ပျိုးထောင်ပေးခဲ့တာဖြစ်တယ်။ သူတို့ နှစ်ဦးကြားမှာတော့ အခုချိန်ထိ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။

လီဝမ်ဒေါစကီးက ” တစ်ခါတစ်လေမှာ ယာဂင် ဘာလုပ်နေလဲဆိုတာကို ကျနော် နားမလည်နိုင်အောင်ပဲ ” လို့ Cano Football အတွက် ဘာစီလိုနာခံစစ်မှူး ဂျရတ်ပီကေးနဲ့အတူ စကားပြောစဉ် ဖွင့်ပြောခဲ့တယ်။ ” ကျနော် အံ့အားသင့်ခဲ့ရတယ်။ အဲ့တာ တကယ်ပဲ ယာဂင်ကလော့ပ်လားလို့ပေါ့။ ”

” သူက ဖခင်တစ်ယောက်လိုပါပဲ။ ကျနော် ပြောချင်တာကို သူ့ကို ပြောပြလို့ ရပါတယ်။ မနက် ၅ နာရီ သူ့ကို ဖုန်းခေါ်ပြီး ကိုယ်ရဲ့ ပြဿနာကို ပြောပြလို့လည်းရတယ်။ ကလော့ပ်က အရောက်လာလိမ့်မယ်။ ယာဂင်ကလော့ပ်ကို အခင်ရဆုံး သူငယ်ချင်း တစ်ယောက်လို စကားပြောရတာကို မှတ်မိနေတာအတွက် ကျနော် ပျော်ရွှင်ရပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဝမ်ဒေါစကီးဟာ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အတွင်း ကလော့ပ်လက်အောက် ဒေါ့မွန်မှာ အလုပ်အတူ တွဲလုပ်ခဲ့တာပါ။ တိုက်စစ်သမားဟာ ပွဲပေါင်း ၁၈၇ ပွဲမှာ သွင်းဂိုး ၁၀၃ ဂိုး သွင်းယူနိုင်ခဲ့တယ်။ သူဟာ ဒေါ့မွန်အသင်းကို ဆုဖလား ၄ ခု အနိုင်ရအောင်လည်း ကူညီပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ZAWGYI

ဘိုင္ယန္ျမဴးနစ္ရဲ႕ ၾကယ္ပြင့္ တိုုက္စစ္သမား လီဝမ္ေဒါစကီးက ဒီအပတ္ ကာႏိုေဘာလံုးနဲ႔ အင္တာဗ်ဴးမွာ မန္ေနဂ်ာေဟာင္း ယာဂင္ကေလာ့ပ္အေၾကာင္း ထည့္ေျပာခဲ့ပါတယ္။

တခ်ိန္က ေဒါ့မြန္အသင္းမွာ တြဲလုပ္ခဲ့စဥ္မွာ ပုိလန္က မထင္မရွား ေကာင္းေလးကို ကမၻာအေကာင္းဆံုး တိုက္စစ္သမား ျဖစ္လာဖို႔ ယာဂင္ကေလာ့ပ္က ပ်ိဳးေထာင္ေပးခဲ့တာျဖစ္တယ္။ သူတို႔ ႏွစ္ဦးၾကားမွာေတာ့ အခုခ်ိန္ထိ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိေနဆဲလည္း ျဖစ္ပါတယ္။

လီဝမ္ေဒါစကီးက ” တစ္ခါတစ္ေလမွာ ယာဂင္ ဘာလုပ္ေနလဲဆိုတာကို က်ေနာ္ နားမလည္ႏုိင္ေအာင္ပဲ ” လို႔ Cano Football အတြက္ ဘာစီလိုနာခံစစ္မွဴး ဂ်ရတ္ပီေကးနဲ႔အတူ စကားေျပာစဥ္ ဖြင့္ေျပာခဲ့တယ္။ ” က်ေနာ္ အံ့အားသင့္ခဲ့ရတယ္။ အဲ့တာ တကယ္ပဲ ယာဂင္ကေလာ့ပ္လားလို႔ေပါ့။ ”

” သူက ဖခင္တစ္ေယာက္လိုပါပဲ။ က်ေနာ္ ေျပာခ်င္တာကို သူ႔ကို ေျပာျပလို႔ ရပါတယ္။ မနက္ ၅ နာရီ သူ႔ကို ဖုန္းေခၚျပီး ကိုယ္ရဲ႕ ျပႆနာကို ေျပာျပလို႔လည္းရတယ္။ ကေလာ့ပ္က အေရာက္လာလိမ့္မယ္။ ယာဂင္ကေလာ့ပ္ကို အခင္ရဆံုး သူငယ္ခ်င္း တစ္ေယာက္လို စကားေျပာရတာကို မွတ္မိေနတာအတြက္ က်ေနာ္ ေပ်ာ္ရႊင္ရပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီဝမ္ေဒါစကီးဟာ ၂၀၁၀ ကေန ၂၀၁၄ ခုႏွစ္အတြင္း ကေလာ့ပ္လက္ေအာက္ ေဒါ့မြန္မွာ အလုပ္အတူ တြဲလုပ္ခဲ့တာပါ။ တိုက္စစ္သမားဟာ ပြဲေပါင္း ၁၈၇ ပြဲမွာ သြင္းဂိုး ၁၀၃ ဂိုး သြင္းယူႏုိင္ခဲ့တယ္။ သူဟာ ေဒါ့မြန္အသင္းကို ဆုဖလား ၄ ခု အႏုိင္ရေအာင္လည္း ကူညီေပးႏုိင္ခဲ့သူ ျဖစ္ပါတယ္။