မန်နေဂျာယာဂင်ကလော့ပ်ဟာ ဒီနွေမှာ ချစ်ကြည်ရေးပွဲ ကစားခွင့်ရမှာ မဟုတ်ပေမယ့် နောက်ထပ် ရာသီကြို ခရီးစဉ်ကိုတော့ ပြင်သစ်ကိုသွားပြီး လေ့ကျင့်နိုင်ဖို့ မျှော်လင့်နေပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီကိုတော့ ကြားမှာ သုံးလ ရက်နားခဲ့ရမှုကြောင့် ပွဲကျင်းပဖို့ နောက်ကျပြီး စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်နိုင်မှာဖြစ်ပါတယ်။ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီးနောက် နားရက် ၂ ပတ် ရရှိထားတယ်။ နားရက်အပြီးမှာ လေ့ကျင့်ရေး ပြန်ဝင်ရမှာဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ ပွဲကစားရမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းသားတွေက ပထမဆုံးအနေနဲ့ မဲဝုဒ်ကို ပြန်လာရမှာဖြစ်ပြီး သြဂုတ်လ ၁၅ ရက်နေ့မှာ လေ့ကျင့်ရေး စတင်မှာပါ။ အာဆင်နယ် (သို့) ချယ်ဆီးနဲ့ ပွဲ မတိုင်ခင်မှာ ကလော့ပ်က ပြင်သစ်က Evian ကို နောက်ထပ် ခရီးထွက်လိုနေတာဖြစ်တယ်။

The Athletic သတင်းထောက် ဂျိမ်းပီရက်စ်ကတော့ “ ပင်လယ်ရပ်ခြားမှာ ချစ်ကြည်ရေးပွဲ ကစားကြတဲ့ ရာသီကြို ခရီးစဉ်မျိုး ရှိတော့မှာ မဟု်တကြောင်းနဲ့ ခရီးသွားလာမှုဆိုင်ရာအတွက် ကန့်သတ်ချက်တွေကို လာမယ့် အပတ်မှာ မိတ်ဆက်လိမ့်မယ် ” လို့ ဖော်ပြခဲ့တာဖြစ်တယ်။

ကုန်ခဲ့တဲ့ နှစ်ရာသီအတွင်းမှာ လီဗာပူးအသင်းဟာ Evian ကို နှစ်ကြိမ်တိုင် ရာသီကြို ဆင်းခဲ့တာပါ။ ကလော့ပ်ကတော့ တစ်ရက်ကို လေ့ကျင့်ချိန် သုံးချိန်နဲ့အတူ ကစားသမားတွေကို လေ့ကျင့်ရေး ဆင်းခိုင်စေဖို့ ရည်ရွယ်ထားသလို စပွန်ဆာဆိုင်ရာ ကိစ္စတွေနဲ့ ကွင်းဖွင့် လေ့ကျင့်ရေးတွေ ပါမှာ မဟုတ်သလို မီဒီယာ တွေ့ဆုံမှုလည်း လုံးဝ လုပ်မှာ မဟုတ်ဘူးလို့ သိလာရတာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ဒီေႏြမွာ ခ်စ္ၾကည္ေရးပြဲ ကစားခြင့္ရမွာ မဟုတ္ေပမယ့္ ေနာက္ထပ္ ရာသီၾကိဳ ခရီးစဥ္ကိုေတာ့ ျပင္သစ္ကိုသြားျပီး ေလ့က်င့္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီကိုေတာ့ ၾကားမွာ သံုးလ ရက္နားခဲ့ရမႈေၾကာင့္ ပြဲက်င္းပဖို႔ ေနာက္က်ျပီး စက္တင္ဘာလ ၁၂ ရက္ေန႔မွ စတင္ႏုိင္မွာျဖစ္ပါတယ္။ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ျပီးေနာက္ နားရက္ ၂ ပတ္ ရရွိထားတယ္။ နားရက္အျပီးမွာ ေလ့က်င့္ေရး ျပန္ဝင္ရမွာျဖစ္ျပီး စက္တင္ဘာလ ၁၂ ရက္ေန႔မွာေတာ့ ပြဲကစားရမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းသားေတြက ပထမဆံုးအေနနဲ႔ မဲဝုဒ္ကို ျပန္လာရမွာျဖစ္ျပီး ၾသဂုတ္လ ၁၅ ရက္ေန႔မွာ ေလ့က်င့္ေရး စတင္မွာပါ။ အာဆင္နယ္ (သို႔) ခ်ယ္ဆီးနဲ႔ ပြဲ မတိုင္ခင္မွာ ကေလာ့ပ္က ျပင္သစ္က Evian ကို ေနာက္ထပ္ ခရီးထြက္လိုေနတာျဖစ္တယ္။

The Athletic သတင္းေထာက္ ဂ်ိမ္းပီရက္စ္ကေတာ့ “ ပင္လယ္ရပ္ျခားမွာ ခ်စ္ၾကည္ေရးပြဲ ကစားၾကတဲ့ ရာသီၾကိဳ ခရီးစဥ္မ်ိဳး ရွိေတာ့မွာ မဟု္တေၾကာင္းနဲ႔ ခရီးသြားလာမႈဆိုင္ရာအတြက္ ကန္႔သတ္ခ်က္ေတြကို လာမယ့္ အပတ္မွာ မိတ္ဆက္လိမ့္မယ္ ” လို႔ ေဖာ္ျပခဲ့တာျဖစ္တယ္။

ကုန္ခဲ့တဲ့ ႏွစ္ရာသီအတြင္းမွာ လီဗာပူးအသင္းဟာ Evian ကို ႏွစ္ၾကိမ္တိုင္ ရာသီၾကိဳ ဆင္းခဲ့တာပါ။ ကေလာ့ပ္ကေတာ့ တစ္ရက္ကို ေလ့က်င့္ခ်ိန္ သံုးခ်ိန္နဲ႔အတူ ကစားသမားေတြကို ေလ့က်င့္ေရး ဆင္းခိုင္ေစဖို႔ ရည္ရြယ္ထားသလို စပြန္ဆာဆိုင္ရာ ကိစၥေတြနဲ႔ ကြင္းဖြင့္ ေလ့က်င့္ေရးေတြ ပါမွာ မဟုတ္သလို မီဒီယာ ေတြ႔ဆံုမႈလည္း လံုးဝ လုပ္မွာ မဟုတ္ဘူးလို႔ သိလာရတာ ျဖစ္ပါတယ္။