ဂျာမနီသတင်းဌာန Kicker က ဒေါ့မွန်တောင်ပံသမား ဆန်ချိုဟာ ယူနိုက်တက်ထက် လီဗာပူးကို ပြန်လာပြီး ဆုဖလား စိန်ခေါ်လိုကြောင်း ဖော်ပြလာပါတယ်။

ဒီသတင်းကိုတော့ ဂျာမနီသတင်းကို ကိုးကားပြီး အင်္ဂလန်သတင်းတွေက လိုက်ဖော်ပြနေမှုတွေလည်း ရှိလာနေတာဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းဟာ ဆန်ချိုအတွက် ယူရို သန်း ၁၂၀ သုံးဖို့ကို စဉ်းစားမှာ မဟုတ်ဘဲ အင်္ဂလန်သားကို ကမ်းလှမ်းမှုလုပ်ဖို့ ကိစ္စတွေ ရှိလာမှာ မဟုတ်ပါဘူး။

မန်နေဂျာကလော့ပ်ကလည်း ဆန်ချိုကို သဘောကျသူပါ။ ကစားသမားအတွက် ဒေါ့မွန်ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးက လီဗာပူး ပေါ်လစီနဲ့ မကိုက်သလို စွန့်စားမှုများပြီး ပုံမှန်ပွဲကစားခွင့် ပေးရခက်တဲ့ ကစားသမားတစ်ဦးအတွက် ကမ်းလှမ်းမှုလုပ်ဖို့ လီဗာပူးက စိတ်ဝင်စားခြင်း မရှိပါဘူး။

ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ညိုရဲ့ အေးဂျင့်ကတော့ ” ကော်တင်ညိုက ပရီးမီးယားလိဂ်ကို ပြန်လိုပြီး အခွင့်အရေးရရင် ပြန်လာဖို့ စဉ်းစားမှာက လျှိုဝှက်ချက် မဟုတ်ပါဘူး။ သူက ပရီးမီးယားလိဂ်ကို မြတ်နိုးပြီး အထင်ကြီးမှု ရှိပါတယ်။ ဒါက သူ့ရဲ့ ဦးစားပေးဖြစ်ကာ အားလုံးကို လမ်းဖွင့်ထားပါတယ် ” လို့ ထုတ်ပြောထားတယ်။

တယ်လီဂရပ်ကတော့ ဘာစီလိုနာဟာ မန်နေဂျာကို ရာထူးမှာ ဆက်ထားဖို့ မသေချာသေးတာကြောင့် ကော်တင်ညို အပါအဝင် အသင်းသားတွေကို ရောင်းထုတ်ခြင်း အငှားချခြင်းတွေကို ရပ်ဆိုင်းထားဦးမှာဖြစ်တယ်။ ဒါပေမယ့် ကစားသမားရဲ့ လုပ်ခ ပေါင် ၂ သိန်းကို ညိနှိုင်းမှုနဲ့အတူ ပရီးမီးယားလိဂ်ကလပ်တွေက ကမ်းလှမ်းမှု ဝင်လာလိုတယ်။

ကော်တင်ညိုဟာ ပရီးမီးယားလိဂ်ကို ပြန်ပြောင်းဖို့ကိုပဲ စိတ်ထဲရှိထားကာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းထံ ပြောင်းဖို့ကိုပဲ ဦးစားပေး ရွေးချယ်ပါမယ် လို့ ဖော်ပြခဲ့တာဖြစ်တယ်။ လီဗာပူး၊ မန်စီးတီး၊ ချယ်ဆီး၊ ယူနိုက်တက်တို့မှာ ကော်တင်ညိုကို ခေါ်ယူဖို့ သတင်းထွက်ထားတာက လီဗာပူးနဲ့ ချယ်ဆီးဖြစ်ပြီး လန်ဒန်ကလပ်ကတော့ ကိုင်းဟာဗက်ကို ပြောင်းလဲ ရွေးချယ်ထားတာ ဖြစ်ပါတယ်။

ZAWGYI

ဂ်ာမနီသတင္းဌာန Kicker က ေဒါ့မြန္ေတာင္ပံသမား ဆန္ခ်ိဳဟာ ယူႏုိက္တက္ထက္ လီဗာပူးကို ျပန္လာျပီး ဆုဖလား စိန္ေခၚလိုေၾကာင္း ေဖာ္ျပလာပါတယ္။

ဒီသတင္းကိုေတာ့ ဂ်ာမနီသတင္းကို ကိုးကားျပီး အဂၤလန္သတင္းေတြက လိုက္ေဖာ္ျပေနမႈေတြလည္း ရွိလာေနတာျဖစ္ပါတယ္။ ဒါေပမယ့္ လီဗာပူးအသင္းဟာ ဆန္ခ်ိဳအတြက္ ယူရို သန္း ၁၂၀ သံုးဖို႔ကို စဥ္းစားမွာ မဟုတ္ဘဲ အဂၤလန္သားကို ကမ္းလွမ္းမႈလုပ္ဖို႔ ကိစၥေတြ ရွိလာမွာ မဟုတ္ပါဘူး။

မန္ေနဂ်ာကေလာ့ပ္ကလည္း ဆန္ခ်ိဳကို သေဘာက်သူပါ။ ကစားသမားအတြက္ ေဒါ့မြန္ဘက္က ေတာင္းဆိုတဲ့ ေျပာင္းေရႊ႔ေၾကးက လီဗာပူး ေပၚလစီနဲ႔ မကိုက္သလို စြန္႔စားမႈမ်ားျပီး ပံုမွန္ပြဲကစားခြင့္ ေပးရခက္တဲ့ ကစားသမားတစ္ဦးအတြက္ ကမ္းလွမ္းမႈလုပ္ဖို႔ လီဗာပူးက စိတ္ဝင္စားျခင္း မရွိပါဘူး။

ဘာစီလိုနာ ကြင္းလယ္လူ ေကာ္တင္ညိဳရဲ႕ ေအးဂ်င့္ကေတာ့ ” ေကာ္တင္ညိဳက ပရီးမီးယားလိဂ္ကို ျပန္လိုျပီး အခြင့္အေရးရရင္ ျပန္လာဖို႔ စဥ္းစားမွာက လွ်ိဳဝွက္ခ်က္ မဟုတ္ပါဘူး။ သူက ပရီးမီးယားလိဂ္ကို ျမတ္ႏိုးျပီး အထင္ၾကီးမႈ ရွိပါတယ္။ ဒါက သူ႔ရဲ႕ ဦးစားေပးျဖစ္ကာ အားလံုးကို လမ္းဖြင့္ထားပါတယ္ ” လို႔ ထုတ္ေျပာထားတယ္။

တယ္လီဂရပ္ကေတာ့ ဘာစီလိုနာဟာ မန္ေနဂ်ာကို ရာထူးမွာ ဆက္ထားဖို႔ မေသခ်ာေသးတာေၾကာင့္ ေကာ္တင္ညိဳ အပါအဝင္ အသင္းသားေတြကို ေရာင္းထုတ္ျခင္း အငွားခ်ျခင္းေတြကို ရပ္ဆိုင္းထားဦးမွာျဖစ္တယ္။ ဒါေပမယ့္ ကစားသမားရဲ႕ လုပ္ခ ေပါင္ ၂ သိန္းကို ညိႏိႈင္းမႈနဲ႔အတူ ပရီးမီးယားလိဂ္ကလပ္ေတြက ကမ္းလွမ္းမႈ ဝင္လာလိုတယ္။

ေကာ္တင္ညိဳဟာ ပရီးမီးယားလိဂ္ကို ျပန္ေျပာင္းဖို႔ကိုပဲ စိတ္ထဲရွိထားကာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရ အသင္းထံ ေျပာင္းဖို႔ကိုပဲ ဦးစားေပး ေရြးခ်ယ္ပါမယ္ လို႔ ေဖာ္ျပခဲ့တာျဖစ္တယ္။ လီဗာပူး၊ မန္စီးတီး၊ ခ်ယ္ဆီး၊ ယူႏုိက္တက္တို႔မွာ ေကာ္တင္ညိဳကို ေခၚယူဖို႔ သတင္းထြက္ထားတာက လီဗာပူးနဲ႔ ခ်ယ္ဆီးျဖစ္ျပီး လန္ဒန္ကလပ္ကေတာ့ ကိုင္းဟာဗက္ကို ေျပာင္းလဲ ေရြးခ်ယ္ထားတာ ျဖစ္ပါတယ္။