ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ဆုကြေး ပေါင် သန်း ၁၅၀-၁၇၅ သန်းကြား ရမယ့် လီဗာပူးအသင်းဟာ ကမ္ဘာတန်ကြေး အရှိဆုံး ကလပ်များစာရင်းမှာ ယူနိုက်တက်နဲ့ ကွာဟချက် ပိုကျဉ်းလာခဲ့ပြီဖြစ်ပါတယ်။

Brand Finance Football က ထုတ်ပြန်တဲ့ အဆိုပါ တန်းဖိုးတက်မှချက်မှာတော့ လီဗာပူးရဲ့ တန်ကြေးဟာ ၆% တိုးတက်လာခဲ့ပြီး ပေါင် ၁.၁၄၃ ဘီလီယမ် တန်ကြေးရှိလာခဲ့ပြီဖြစ်တယ်။ ဒါဟာ ယူနိုက်တက်ရဲ့ ပေါင် ၁.၁၁၉၀ နဲ့ ပေါင် ၄၇ သန်းပဲ ကွာဟတော့သလို မန်စီးတီးကို ကျော်တက်သွားခဲ့ပြီဖြစ်ပါတယ်။

FSG လွဲပြောင်းယူမှု အစောပိုင်းမှာ ကမ္ဘာဈေးအကြီးဆုံး ထိပ်တန်း ၁၀ သင်းရဲ့ ပြင်ပမှာပဲ ရှိခဲ့တဲ့ လီဗာပူးဟာ ဒီဘက်နှစ်တွေမှာ ထိပ်ဆုံးစာရင်းတွေထဲ ဆက်တိုက် တိုးဝင်လာခဲ့တယ်။ အဓိက အားသာချက်က အန်ဖီးကွင်းကို အဆင့်မြင့်တင်လာခဲ့ခြင်းကြောင့် ကွင်းဝင်နှုန်း ပိုမြင့်တက်လာခြင်း၊ ဆုဖလားတွေ ရယူလာနိုင်ခြင်းတွေကြောင့်ဖြစ်တယ်။

လီဗာပူးဟာ နှစ်တိုင်းမှာ တန်ဖိုးသက်မှတ်ချက် တိုးတက်လာပေမယ့် ကမ္ဘာလုံးဆိုင်ရာ အဆင့်ကို ဝင်တိုးဖို့အတွက် စပွန်ဆာပိုင်း ချုပ်ဆိုမှုကိုတော့ ကုန်ခဲ့တဲ့ ၂ ရာသီကမှ မြင့်တင်လာနိုင်ပါတယ်။ လာမယ့် ရာသီအတွက် NIKE ဂျာစီဟာလည်း လီဗာပူးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ်မှာ ပုံမှန် ပေးနေကျ မဟုတ်တဲ့ အကျိုးခံစားခွင့်မျိုး ပါဝင်တဲ့ စာချုပ်ဖြစ်ပါတယ်။

ကမ္ဘာဈေးအကြီးဆုံး ထိပ်ဆုံး ၁၀ သင်းစာရင်းမှာတော့ လီဗာပူးအပြင်၊ ပီအက်ဂျီ၊ စပါး၊ ဘာစီလိုနာတို့က တန်ဖိုးတက်လာခဲ့ပေမယ့် လီဗာပူးကတော့ တန်ဖိုးအတက်ဆုံးဖြစ်တယ်။ ဈေးကျဆင်းမှုမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်တို့က ပေါင် သန်း ၂၀၀ ကျော် ကျဆင်းခဲ့ပြီး မန်ချက်စတာကလပ်တွေက သန်း ၁၀၀ ကျော် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ ဆုေၾကး ေပါင္ သန္း ၁၅၀-၁၇၅ သန္းၾကား ရမယ့္ လီဗာပူးအသင္းဟာ ကမၻာတန္ေၾကး အရွိဆံုး ကလပ္မ်ားစာရင္းမွာ ယူႏုိက္တက္နဲ႔ ကြာဟခ်က္ ပိုက်ဥ္းလာခဲ့ျပီျဖစ္ပါတယ္။

Brand Finance Football က ထုတ္ျပန္တဲ့ အဆိုပါ တန္းဖိုးတက္မွခ်က္မွာေတာ့ လီဗာပူးရဲ႕ တန္ေၾကးဟာ ၆% တိုးတက္လာခဲ့ျပီး ေပါင္ ၁.၁၄၃ ဘီလီယမ္ တန္ေၾကးရွိလာခဲ့ျပီျဖစ္တယ္။ ဒါဟာ ယူႏုိက္တက္ရဲ႕ ေပါင္ ၁.၁၁၉၀ နဲ႔ ေပါင္ ၄၇ သန္းပဲ ကြာဟေတာ့သလို မန္စီးတီးကို ေက်ာ္တက္သြားခဲ့ျပီျဖစ္ပါတယ္။

FSG လြဲေျပာင္းယူမႈ အေစာပိုင္းမွာ ကမၻာေစ်းအၾကီးဆံုး ထိပ္တန္း ၁၀ သင္းရဲ႕ ျပင္ပမွာပဲ ရွိခဲ့တဲ့ လီဗာပူးဟာ ဒီဘက္ႏွစ္ေတြမွာ ထိပ္ဆံုးစာရင္းေတြထဲ ဆက္တိုက္ တိုးဝင္လာခဲ့တယ္။ အဓိက အားသာခ်က္က အန္ဖီးကြင္းကို အဆင့္ျမင့္တင္လာခဲ့ျခင္းေၾကာင့္ ကြင္းဝင္ႏႈန္း ပိုျမင့္တက္လာျခင္း၊ ဆုဖလားေတြ ရယူလာႏုိင္ျခင္းေတြေၾကာင့္ျဖစ္တယ္။

လီဗာပူးဟာ ႏွစ္တိုင္းမွာ တန္ဖိုးသက္မွတ္ခ်က္ တိုးတက္လာေပမယ့္ ကမၻာလံုးဆုိင္ရာ အဆင့္ကို ဝင္တိုးဖို႔အတြက္ စပြန္ဆာပိုင္း ခ်ဳပ္ဆိုမႈကိုေတာ့ ကုန္ခဲ့တဲ့ ၂ ရာသီကမွ ျမင့္တင္လာႏုိင္ပါတယ္။ လာမယ့္ ရာသီအတြက္ NIKE ဂ်ာစီဟာလည္း လီဗာပူးအတြက္ စိန္ေခၚမႈတစ္ခုျဖစ္ျပီး ဒါဟာ ပရီးမီးယားလိဂ္မွာ ပံုမွန္ ေပးေနက် မဟုတ္တဲ့ အက်ိဳးခံစားခြင့္မ်ိဳး ပါဝင္တဲ့ စာခ်ဳပ္ျဖစ္ပါတယ္။

ကမၻာေစ်းအၾကီးဆံုး ထိပ္ဆံုး ၁၀ သင္းစာရင္းမွာေတာ့ လီဗာပူးအျပင္၊ ပီအက္ဂ်ီ၊ စပါး၊ ဘာစီလိုနာတို႔က တန္ဖိုးတက္လာခဲ့ေပမယ့္ လီဗာပူးကေတာ့ တန္ဖိုးအတက္ဆံုးျဖစ္တယ္။ ေစ်းက်ဆင္းမႈမွာေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘိုင္ယန္တို႔က ေပါင္ သန္း ၂၀၀ ေက်ာ္ က်ဆင္းခဲ့ျပီး မန္ခ်က္စတာကလပ္ေတြက သန္း ၁၀၀ ေက်ာ္ က်ဆင္းခဲ့တာ ျဖစ္ပါတယ္။