လီဗာပူးကို ပြောင်းလာခဲ့ပြီး နှစ်ရာသီအတွင်း အောင်မြင်မှုတွေ ရခဲ့တဲ့နောက် ဘရာဇီး ဂိုးသမား အယ်လီဆန်က မာဆေးဆိုဒ်မှာ သူ့ရဲ့ အသားကျနေမှုကို ထုတ်ဖော် ပြောဆိုပါတယ်။

လီဗာပူးဝဘ်ဆိုဒ်က လုပ်တဲ့ ချန်ပီယံစီးရီးအတွက် အင်တာဗျူးမှာ အယ်လီဆန်က အသင်းကို ရောက်လာရပြီး လက်ရှိမှာ သူခံစားနေရတဲ့ အခြေအနေတွေကို ထုတ်ပြောလိုက်တာဖြစ်တယ်။ ၂၀၁၈ ခုနှစ်မှာ ဂိုးသမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေးရှင် ဖြစ်ခဲ့တဲ့ အယ်လီဆန်ဟာ လိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ်လည်း လက်စွမ်းပြနေတာ ဖြစ်ပါတယ်။

အယ်လီဆန်က ” ဒီအခြေအနေမှာ ကျနော်အတွက်တော့ လီဗာပူးက အရာအားလုံးလို့ အဓိပ္ပာယ်ရပါတယ်။ ဘောလုံးနဲ့ ပက်သက်ပြီး ကျနော် ရလိုက်တဲ့ အကြီးမားဆုံး အောင်မြင်မှုက လီဗာပူးအသင်းထံ ပြောင်းလာရတာဖြစ်တယ်။ ဒီကလပ်ကို ရောက်လာခဲ့ပြီး တစ်ဦးချင်းကော အသင်းဖော်တွေနဲ့ပါ ကျနော်နဲ့ ကျနော် မိသားစုကို အများကြီး အဓိပ္ပာယ် ရှိစေခဲ့ပါတယ်။

ဒီကို ရောက်လာပြီးတည်းက ခြားနားတဲ့ အသင်းအဖြစ် ခံစားခဲ့ရတယ်။ ကလပ်က ကျနော်တို့ကို မိသားစုတွေလို ဆက်ဆံတယ်။ ကျနေ်ာတို့ အားလုံး ဘောလုံးကစားနိုင်ဖို့ ဘောလုံးအပေါ် အာရုံစိုက်ဖို့အတွက် ထောက်ပံ့မှုတွေ အားလုံးကို လုပ်ပေးပါတယ်။

လီဗာပူးမှာ နေရာတာ ကျနေ်ာတို့အတွက် သက်သောင့်သက်သာ ရှိလွန်းပါတယ်။ ဒီနေရာကို ကျနေ်ာတို့ နှစ်သက်တယ်။ ပရိသတ်တွေထံက နွေထွေး မြတ်နိုးမှုကို ခံစားရပြီး သူတို့တွေကလည်း လီဗာပူးအသင်းရဲ့ အစိတ်အပိုင်းပါပဲ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အယ်လီဆန်ဟာ လီဗာပူးကို ရောက်လာတဲ့ ပထမနှစ်မှာတင် ချန်ပီယံလိဂ်ဖလားကို အနိုင်ရခဲ့တယ်။ သူဟာ ပရီးမီးယားလိဂ် ရွှေလက်အိတ်၊ ချန်ပီယံလိဂ် ရွှေလက်အိတ်၊ ကိုပါအမေရိက ရွှေလက်အိတ်ဆုတို့ကို ရရှိခဲ့သလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ဆုဖလားကို လီဗာပူးအသင်းနဲ့အတူ ကိုင်မြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကို ေျပာင္းလာခဲ့ျပီး ႏွစ္ရာသီအတြင္း ေအာင္ျမင္မႈေတြ ရခဲ့တဲ့ေနာက္ ဘရာဇီး ဂိိုးသမား အယ္လီဆန္က မာေဆးဆိုဒ္မွာ သူ႔ရဲ႕ အသားက်ေနမႈကို ထုတ္ေဖာ္ ေျပာဆိုပါတယ္။

လီဗာပူးဝဘ္ဆိုဒ္က လုပ္တဲ့ ခ်န္ပီယံစီးရီးအတြက္ အင္တာဗ်ဴးမွာ အယ္လီဆန္က အသင္းကို ေရာက္လာရျပီး လက္ရွိမွာ သူခံစားေနရတဲ့ အေျခအေနေတြကို ထုတ္ေျပာလိုက္တာျဖစ္တယ္။ ၂၀၁၈ ခုႏွစ္မွာ ဂိုးသမားတစ္ဦးအတြက္ ကမၻာစံခ်ိန္တင္ေၾကးရွင္ ျဖစ္ခဲ့တဲ့ အယ္လီဆန္ဟာ လိဂ္ရဲ႕ အေကာင္းဆံုး ဂိုးသမားတစ္ဦးအျဖစ္လည္း လက္စြမ္းျပေနတာ ျဖစ္ပါတယ္။

အယ္လီဆန္က ” ဒီအေျခအေနမွာ က်ေနာ္အတြက္ေတာ့ လီဗာပူးက အရာအားလံုးလို႔ အဓိပၸာယ္ရပါတယ္။ ေဘာလံုးနဲ႔ ပက္သက္ျပီး က်ေနာ္ ရလိုက္တဲ့ အၾကီးမားဆံုး ေအာင္ျမင္မႈက လီဗာပူးအသင္းထံ ေျပာင္းလာရတာျဖစ္တယ္။ ဒီကလပ္ကို ေရာက္လာခဲ့ျပီး တစ္ဦးခ်င္းေကာ အသင္းေဖာ္ေတြနဲ႔ပါ က်ေနာ္နဲ႔ က်ေနာ္ မိသားစုကို အမ်ားၾကီး အဓိပၸာယ္ ရွိေစခဲ့ပါတယ္။

ဒီကို ေရာက္လာျပီးတည္းက ျခားနားတဲ့ အသင္းအျဖစ္ ခံစားခဲ့ရတယ္။ ကလပ္က က်ေနာ္တို႔ကို မိသားစုေတြလို ဆက္ဆံတယ္။ က်ေန္ာတို႔ အားလံုး ေဘာလံုးကစားႏုိင္ဖို႔ ေဘာလံုးအေပၚ အာရံုစိုက္ဖို႔အတြက္ ေထာက္ပံ့မႈေတြ အားလံုးကို လုပ္ေပးပါတယ္။

လီဗာပူးမွာ ေနရာတာ က်ေန္ာတို႔အတြက္ သက္ေသာင့္သက္သာ ရွိလြန္းပါတယ္။ ဒီေနရာကို က်ေန္ာတို႔ ႏွစ္သက္တယ္။ ပရိသတ္ေတြထံက ေႏြေထြး ျမတ္ႏိုးမႈကို ခံစားရျပီး သူတို႔ေတြကလည္း လီဗာပူးအသင္းရဲ႕ အစိတ္အပိုင္းပါပဲ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။

အယ္လီဆန္ဟာ လီဗာပူးကို ေရာက္လာတဲ့ ပထမႏွစ္မွာတင္ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရခဲ့တယ္။ သူဟာ ပရီးမီးယားလိဂ္ ေရႊလက္အိတ္၊ ခ်န္ပီယံလိဂ္ ေရႊလက္အိတ္၊ ကိုပါအေမရိက ေရႊလက္အိတ္ဆုတို႔ကို ရရွိခဲ့သလို ဒီရာသီမွာလည္း ပရီးမီးယားလိဂ္ ဆုဖလားကို လီဗာပူးအသင္းနဲ႔အတူ ကိုင္ေျမာက္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။