လီဗာပူးအသင်းဟာ နွေမှာ အင်အားဖြည့်ဖို့ ဦးစားပေးအဖြစ် ရွေးချယ်ထားတဲ့ နေရာတွေထဲမှာ ဘယ်အစွန်က အရေးကြီး နေရာတစ်ခုဖြစ်ပြီး ကစားသမား သုံးဦးလောက်ထိ ချိန်ရွယ်ထားတယ်လို့ Goal သတင်းထောက် Neil Jones က ဖော်ပြသွားပါတယ်။

လီဗာပူး စိတ်ဝင်စားနေတဲ့ ဘယ်အစွန်လူတွေကတော့ လူငယ် ကစားသမားတွေဖြစ်ပြီး အင်္ဂလန်သားတွေဖြစ်တဲ့ လွိူက် ကယ်လီ၊ ဂျမယ် လူးဝစ်နဲ့ ဂရိ လူငယ် ဘယ်အစွန်လူ ကွန်စတန်တီနို တစ်ဆီမီကတ်စ်တို့ ဖြစ်ကြတယ်လို့ ၎င်းက ဆိုပါတယ်။

လွိုက်ကယ်လီကိုတော့ ဘုန်းမောက်အသင်းက ချန်ပီယံရှစ်ကလပ် ဘရစ္စတိုစီးတီးကနေ ပေါင် ၁၃ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်တယ်။ လွိုက်ကယ်လီဟာ ခံစစ်ပိုင်းမှာ စွယ်စုံရသူဖြစ်ပြီး ဘုန်းမောက်အသင်းရဲ့ ၇ ဦးမြောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး အဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။ အင်္ဂလန် ယူ-၂၁ ခံစစ်သမားဟာ ရာသီကြိုမှာ ဗဟိုခံစစ်နေရာက ကစားခဲ့သလို နောက်ပိုင်း ရာသီသိမ်းချိန်မှာ ဘယ်အစွန်ကော ဗဟိုခံစစ်မှာပါ ကစားခဲ့ပါတယ်။

မနှစ်က နွေမှာ လွိုက်ကယ်လီကို ခေါ်ယူဖို့ လီဗာပူးအသင်းကလည်း ကြိုးစားခဲ့သေးပေမယ့် ဘုန်းမောက်က ပြောင်းရွှေ့ကြေး ပိုပေးခဲ့တာဖြစ်တယ်။ ၎င်းတို့ဘက်က ပွဲထွက်ခွင့်လည်း အာမခံချက် ပေးခဲ့ပြီး တံကောက်ကြော ဒဏ်ရာကြောင့် ရာသီသိမ်းမှ ပွဲထွက် ကစားနိုင်ခဲ့ခြင်းဖြစ်တယ်။ အင်္ဂလန်သားလေးဟာ အလားအလာကောင်းတွေရှိတဲ့ ခံစစ်မှူးလို့တော့ သိထားရတယ်။

ဂျမယ် လူးဝစ်ကတော့ နော်ဝစ်နဲ့အတူ ပွဲကစားခွင့်တွေ ရခဲ့သူပါ။ ညာအစွန်မှာ အာရွန်၊ ဘယ်အစွန်မှာ လူးဝစ်တို့ကို အသုံးပြုပေမယ့် ငယ်ရွယ်သေးတဲ့ အစွန်သမားတွေက သူတို့ အလားအလာကို ပြသနိုင်ခဲ့တာကလွဲလို့ နော်ဝစ်ကို တန်းမဆင်းရအောင် ကြိုးစားပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

ဂရိလူငယ်လေး တစ်ဆီမီကတ်စ်က အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်ပြီး သူ့ကို လေ့လာဖို့ လီဗာပူးဘက်က ကင်းထောက်လွှတ်ထားခဲ့ဖူးတယ်လို့ ဆိုတယ်။ အိုလံပီယာကိုစ့် ဘယ်အစွန်လူဟာ တောင်ပံကနေ တိုက်စစ် လိုက်ပါဖို့ထက် ခံစစ်ပိုင်း ကူညီနိုင်စွမ်း ပိုကောင်းတယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြမွာ အင္အားျဖည့္ဖို႔ ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားတဲ့ ေနရာေတြထဲမွာ ဘယ္အစြန္က အေရးၾကီး ေနရာတစ္ခုျဖစ္ျပီး ကစားသမား သံုးဦးေလာက္ထိ ခ်ိန္ရြယ္ထားတယ္လို႔ Goal သတင္းေထာက္ Neil Jones က ေဖာ္ျပသြားပါတယ္။

လီဗာပူး စိတ္ဝင္စားေနတဲ့ ဘယ္အစြန္လူေတြကေတာ့ လူငယ္ ကစားသမားေတြျဖစ္ျပီး အဂၤလန္သားေတြျဖစ္တဲ့ လိြဴက္ ကယ္လီ၊ ဂ်မယ္ လူးဝစ္နဲ႔ ဂရိ လူငယ္ ဘယ္အစြန္လူ ကြန္စတန္တီႏို တစ္ဆီမီကတ္စ္တို႔ ျဖစ္ၾကတယ္လို႔ ၄င္းက ဆိုပါတယ္။

လိြဳက္ကယ္လီကိုေတာ့ ဘုန္းေမာက္အသင္းက ခ်န္ပီယံရွစ္ကလပ္ ဘရစၥတိုစီးတီးကေန ေပါင္ ၁၃ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္တယ္။ လိြဳက္ကယ္လီဟာ ခံစစ္ပိုင္းမွာ စြယ္စံုရသူျဖစ္ျပီး ဘုန္းေမာက္အသင္းရဲ႕ ၇ ဦးေျမာက္ ေျပာင္းေရႊ႔ေၾကး အျမင့္ဆံုး အျဖစ္လည္း မွတ္တမ္းဝင္ပါတယ္။ အဂၤလန္ ယူ-၂၁ ခံစစ္သမားဟာ ရာသီၾကိဳမွာ ဗဟိုခံစစ္ေနရာက ကစားခဲ့သလို ေနာက္ပိုင္း ရာသီသိမ္းခ်ိန္မွာ ဘယ္အစြန္ေကာ ဗဟိုခံစစ္မွာပါ ကစားခဲ့ပါတယ္။

မႏွစ္က ေႏြမွာ လိြဳက္ကယ္လီကို ေခၚယူဖို႔ လီဗာပူးအသင္းကလည္း ၾကိဳးစားခဲ့ေသးေပမယ့္ ဘုန္းေမာက္က ေျပာင္းေရႊ႔ေၾကး ပိုေပးခဲ့တာျဖစ္တယ္။ ၄င္းတို႔ဘက္က ပြဲထြက္ခြင့္လည္း အာမခံခ်က္ ေပးခဲ့ျပီး တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ရာသီသိမ္းမွ ပြဲထြက္ ကစားႏုိင္ခဲ့ျခင္းျဖစ္တယ္။ အဂၤလန္သားေလးဟာ အလားအလာေကာင္းေတြရွိတဲ့ ခံစစ္မွဴးလို႔ေတာ့ သိထားရတယ္။

ဂ်မယ္ လူးဝစ္ကေတာ့ ေနာ္ဝစ္နဲ႔အတူ ပြဲကစားခြင့္ေတြ ရခဲ့သူပါ။ ညာအစြန္မွာ အာရြန္၊ ဘယ္အစြန္မွာ လူးဝစ္တို႔ကို အသံုးျပဳေပမယ့္ ငယ္ရြယ္ေသးတဲ့ အစြန္သမားေတြက သူတို႔ အလားအလာကို ျပသႏုိင္ခဲ့တာကလြဲလို႔ ေနာ္ဝစ္ကို တန္းမဆင္းရေအာင္ ၾကိဳးစားေပးႏုိင္ခဲ့ျခင္း မရွိပါဘူး။

ဂရိလူငယ္ေလး တစ္ဆီမီကတ္စ္က အသက္ ၂၄ ႏွစ္အရြယ္ ရွိျပီျဖစ္ျပီး သူ႔ကို ေလ့လာဖို႔ လီဗာပူးဘက္က ကင္းေထာက္လႊတ္ထားခဲ့ဖူးတယ္လို႔ ဆုိတယ္။ အိုလံပီယာကိုစ့္ ဘယ္အစြန္လူဟာ ေတာင္ပံကေန တိုက္စစ္ လိုက္ပါဖို႔ထက္ ခံစစ္ပိုင္း ကူညီႏုိင္စြမ္း ပိုေကာင္းတယ္လို႔ သိရပါတယ္။