လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က Goal နဲ့ လုပ်တဲ့ အင်တာဗျူးမှာ အစွန်သမားတွေဖြစ်တဲ့ ထရန့်နဲ့ ရိုဘို နေရာအတွက် အစားထိုးဖို့ ကိစ္စနဲ့ ပက်သက်ပြီး မေးမြန်ခံခဲ့ရပါတယ်။

ဒီအစွန်လူ နှစ်ဦးအနက် ထရန့်က မနှစ်က ဘောလုံးရာသီကစလို့ နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၅ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၃၁ ကြိမ် လုပ်ခဲ့တယ်။ ရိုဘိုကလည်း နှစ်ရာသီအတွင်း ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးထောက်ပံ့မှု ၂၅ ကြိမ် လုပ်ထားနိုင်တာဖြစ်ပါတယ်။

ကလော့ပ်က ” ကျနေ်ာတို့ရဲ့ အခြေအနေနဲ့ ပက်သက်ပြီး အမြဲတမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဖြေရှင်းဖို့ နည်းလမ်းနဲ့ ပက်သက်ပြီး ရှာဖွေဖို့ လိုတယ်ဆိုတာ ကျနေ်ာတို့ သိပါတယ်။ ဒါပေမယ့် အဲ့အတွက်လည်း အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

နီကိုး ဝီလီယမ်က အသင်းအတွက် တကယ်ကို အလားအလာရှိတဲ့ ကစားသမားဖြစ်ပါတယ်။ သူ့ကို ပိုင်ဆိုင်ထားတာက ကျနေ်ာတို့အတွက် အရမ်းကို ကောင်းပါတယ်။ အခြားသော ပြဿနာတွေအတွက် အဖြေရှာဖို့ကလည်း ကျနေ်ာတို့ ဆက်လက် လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

နောက်ထပ်သော ထရန့်၊ နောက်ထပ်သော ရိုဘိုလို ကစားသမားတွေ ထပ်ပြီး တွေ့ဖို့ဆိုတာက ခက်ခဲပါတယ်။ ဒါပေမယ့် သူတို့လို ကစားမျိုးတွေကို ရှာဖွေနိုင်ဖို့ကလည်း ဖြစ်နိုင်ဆဲ ကိစ္စဖြစ်ပါတယ်။ အဲ့အတွက် ကျနေ်ာတို့က ရာနှုန်းပြည့် အလုပ်လုပ်နေတာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ညာအစွန်နေရာအတွက် နီကိုး ဝင်လာနိုင်ပြီး ဘယ်အစွန်နေရာအတွက် မျှော်လင့်ထားတဲ့ လာရိုစီကတော့ လိဒ်ကို ပြောင်းဖို့ နီးနေပါတယ်။ လီဗာပူးဟာ ဘယ်အစွန်နေရာ အရန်အဖြစ်ထားဖို့ ဘုန်းမောက်အသင်းမှ လွိုက်ကယ်လီကို ပြန်လည် ချိတ်ဆက်မယ်လို့ သတင်းကြီးလာပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က Goal နဲ႔ လုပ္တဲ့ အင္တာဗ်ဴးမွာ အစြန္သမားေတြျဖစ္တဲ့ ထရန္႔နဲ႔ ရိုဘို ေနရာအတြက္ အစားထိုးဖို႔ ကိစၥနဲ႔ ပက္သက္ျပီး ေမးျမန္ခံခဲ့ရပါတယ္။

ဒီအစြန္လူ ႏွစ္ဦးအနက္ ထရန္႔က မႏွစ္က ေဘာလံုးရာသီကစလို႔ ႏွစ္ရာသီအတြင္း ျပိဳင္ပြဲစံု ၅ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၃၁ ၾကိမ္ လုပ္ခဲ့တယ္။ ရိုဘိုကလည္း ႏွစ္ရာသီအတြင္း ျပိဳင္ပြဲစံုမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးေထာက္ပံ့မႈ ၂၅ ၾကိမ္ လုပ္ထားႏုိင္တာျဖစ္ပါတယ္။

ကေလာ့ပ္က ” က်ေန္ာတို႔ရဲ႕ အေျခအေနနဲ႔ ပက္သက္ျပီး အျမဲတမ္း စစ္ေဆးမႈေတြ လုပ္ေနပါတယ္။ ေျဖရွင္းဖို႔ နည္းလမ္းနဲ႔ ပက္သက္ျပီး ရွာေဖြဖို႔ လိုတယ္ဆိုတာ က်ေန္ာတို႔ သိပါတယ္။ ဒါေပမယ့္ အဲ့အတြက္လည္း အလုပ္လုပ္ေနတာ ျဖစ္ပါတယ္။

နီကိုး ဝီလီယမ္က အသင္းအတြက္ တကယ္ကို အလားအလာရွိတဲ့ ကစားသမားျဖစ္ပါတယ္။ သူ႔ကို ပိုင္ဆိုင္ထားတာက က်ေန္ာတို႔အတြက္ အရမ္းကို ေကာင္းပါတယ္။ အျခားေသာ ျပႆနာေတြအတြက္ အေျဖရွာဖို႔ကလည္း က်ေန္ာတို႔ ဆက္လက္ လုပ္ေဆာင္ရဦးမွာ ျဖစ္ပါတယ္။

ေနာက္ထပ္ေသာ ထရန္႔၊ ေနာက္ထပ္ေသာ ရိုဘိုလို ကစားသမားေတြ ထပ္ျပီး ေတြ႔ဖို႔ဆိုတာက ခက္ခဲပါတယ္။ ဒါေပမယ့္ သူတို႔လို ကစားမ်ိဳးေတြကို ရွာေဖြႏုိင္ဖို႔ကလည္း ျဖစ္ႏုိင္ဆဲ ကိစၥျဖစ္ပါတယ္။ အဲ့အတြက္ က်ေန္ာတို႔က ရာႏႈန္းျပည့္ အလုပ္လုပ္ေနတာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာ ညာအစြန္ေနရာအတြက္ နီကိုး ဝင္လာႏုိင္ျပီး ဘယ္အစြန္ေနရာအတြက္ ေမွ်ာ္လင့္ထားတဲ့ လာရိုစီကေတာ့ လိဒ္ကို ေျပာင္းဖို႔ နီးေနပါတယ္။ လီဗာပူးဟာ ဘယ္အစြန္ေနရာ အရန္အျဖစ္ထားဖို႔ ဘုန္းေမာက္အသင္းမွ လိြဳက္ကယ္လီကို ျပန္လည္ ခ်ိတ္ဆက္မယ္လို႔ သတင္းၾကီးလာပါတယ္။