လီဗာပူးအသင်းဟာ လာလီဂါကလပ် ရီးရဲလ်ဘက်တစ်မှ အယ်ဂျီးရီးယား ခံစစ်မှူး မန်ဒီအတွက် ပေါင် ၁၀ သန်းဖြင့် ကမ်းလှမ်းပါကြောင်း စပိန်သတင်းတွေက ဖော်ပြလာပါတယ်။

အသက် ၂၈ နှစ်အရွယ် ခံစစ်မှူးဟာ ပြင်သစ်နဲ့ စပိန်တို့မှာ ပုံမှန် ပွဲထွက်ခွင့်တွေ ယူထားနိုင်တဲ့ ခံစစ်မှူးကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ လိုဗရန်နေရာ အစားထိုးဖို့အတွက် မန်ဒီလို အတွေ့အကြုံရှိ ခံစစ်မှူးကို ခေါ်ယူဖို့ လီဗာပူး တာဝန်ရှိသူတွေ စဉ်းစားထားပါတယ်။ သူဟာ ဘက်တစ်နဲ့ စာချုပ် တစ်နှစ်ပဲ ကျန်ရှိတာကြောင့် ပြောင်းရွှေ့ကြေး မများနိုင်ဘူးလို့ သိရတယ်။

ဘိုင်ယန်နဲ့ သက်တမ်းတိုး အဆင်မပြေဖြစ်နေဆဲ အလာဘာနဲ့ ပက်သက်လို့လည်း သူ့ရဲ့ အေးဂျင့်က ကစားသမားအတွက် တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းထိ ရလိုကြောင်း ဘိုင်ယန်ကို တောင်းဆိုထားပါတယ်။ လီဗာပူးဟာ ဘိုင်ယန်အသင်း ခံစစ်သမား အလာဘာကို ကမ်းလှမ်းဖို့အတွက် စုံစမ်းမေးမြန်းမှုတွေ လုပ်ထားသော်လည်း ဘဏ္ဍာရေးဆိုင်ရာ မတည်ငြိမ်တဲ့ ဒီအခြေအနေမှာ အဆိုပါ လုပ်ခဖြင့် ကမ်းလှမ်းမှု ဝင်မှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းဟာ နွေမှာ အင်အားဖြည့်ဖို့ ဘယ်အစွန်က အရေးကြီး နေရာတစ်ခုဖြစ်ကြောင်း သက်မှတ်ထားတယ်။ လီဗာပူး စိတ်ဝင်စားနေတဲ့ ဘယ်အစွန်လူတွေကတော့ လူငယ် ကစားသမားတွေဖြစ်ပြီး အဆိုပါထဲမှာ ဘုန်းမောက် ခံစစ်သမား လွိူက် ကယ်လီက နာမည်အထွက်ဆုံး ဖြစ်လာပါတယ်။

အင်္ဂလန်လူငယ်လေးကို မနှစ်က လီဗာပူးက ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ဘုန်းမောက်က ကြေးပိုပေးခဲ့ကာ ပွဲကစားခွင့် အာမခံချက်ဖြင့် ခေါ်ယူခဲ့တာပါ။ ပေါင် ၁၃ သန်းတန် ကစားသမားဟာ ချန်ပီယံရှစ်မှာ ကစားဖို့ထက် ပရီးမီးယားလိဂ်မှာ ပိုကစားလိုနေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လာလီဂါကလပ္ ရီးရဲလ္ဘက္တစ္မွ အယ္ဂ်ီးရီးယား ခံစစ္မွဴး မန္ဒီအတြက္ ေပါင္ ၁၀ သန္းျဖင့္ ကမ္းလွမ္းပါေၾကာင္း စပိန္သတင္းေတြက ေဖာ္ျပလာပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ခံစစ္မွဴးဟာ ျပင္သစ္နဲ႔ စပိန္တို႔မွာ ပံုမွန္ ပြဲထြက္ခြင့္ေတြ ယူထားႏုိင္တဲ့ ခံစစ္မွဴးေကာင္း တစ္ဦးလည္း ျဖစ္ပါတယ္။ လိုဗရန္ေနရာ အစားထိုးဖို႔အတြက္ မန္ဒီလို အေတြ႔အၾကံဳရွိ ခံစစ္မွဴးကို ေခၚယူဖို႔ လီဗာပူး တာဝန္ရွိသူေတြ စဥ္းစားထားပါတယ္။ သူဟာ ဘက္တစ္နဲ႔ စာခ်ဳပ္ တစ္ႏွစ္ပဲ က်န္ရွိတာေၾကာင့္ ေျပာင္းေရႊ႔ေၾကး မမ်ားႏုိင္ဘူးလို႔ သိရတယ္။

ဘိုင္ယန္နဲ႔ သက္တမ္းတိုး အဆင္မေျပျဖစ္ေနဆဲ အလာဘာနဲ႔ ပက္သက္လို႔လည္း သူ႔ရဲ႕ ေအးဂ်င့္က ကစားသမားအတြက္ တစ္ပတ္လုပ္ခ ေပါင္ ၄ သိန္းထိ ရလိုေၾကာင္း ဘိုင္ယန္ကို ေတာင္းဆိုထားပါတယ္။ လီဗာပူးဟာ ဘိုင္ယန္အသင္း ခံစစ္သမား အလာဘာကို ကမ္းလွမ္းဖို႔အတြက္ စံုစမ္းေမးျမန္းမႈေတြ လုပ္ထားေသာ္လည္း ဘ႑ာေရးဆိုင္ရာ မတည္ျငိမ္တဲ့ ဒီအေျခအေနမွာ အဆိုပါ လုပ္ချဖင့္ ကမ္းလွမ္းမႈ ဝင္မွာ မဟုတ္ပါဘူး။

လီဗာပူးအသင္းဟာ ေႏြမွာ အင္အားျဖည့္ဖို႔ ဘယ္အစြန္က အေရးၾကီး ေနရာတစ္ခုျဖစ္ေၾကာင္း သက္မွတ္ထားတယ္။ လီဗာပူး စိတ္ဝင္စားေနတဲ့ ဘယ္အစြန္လူေတြကေတာ့ လူငယ္ ကစားသမားေတြျဖစ္ျပီး အဆိုပါထဲမွာ ဘုန္းေမာက္ ခံစစ္သမား လိြဴက္ ကယ္လီက နာမည္အထြက္ဆံုး ျဖစ္လာပါတယ္။

အဂၤလန္လူငယ္ေလးကို မႏွစ္က လီဗာပူးက ကမ္းလွမ္းမႈ လုပ္ခဲ့ေပမယ့္ ဘုန္းေမာက္က ေၾကးပိုေပးခဲ့ကာ ပြဲကစားခြင့္ အာမခံခ်က္ျဖင့္ ေခၚယူခဲ့တာပါ။ ေပါင္ ၁၃ သန္းတန္ ကစားသမားဟာ ခ်န္ပီယံရွစ္မွာ ကစားဖို႔ထက္ ပရီးမီးယားလိဂ္မွာ ပိုကစားလိုေနတယ္လို႔ သတင္းေတြ ထြက္လာပါတယ္။