မက်စ် အာရွန်ဟာ အင်္ဂလန်ရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ပြီး နော်ဝစ်အသင်းနဲ့ တန်းဆင်းခဲ့ရပေမယ့် ဘိုင်ယန်မြူးနစ်လို ထိပ်တန်းအသင်းက စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ကစားသမားဖြစ်ပါတယ်။

သူ့ရဲ့ ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲအဖြစ် အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ရင်ဆိုင်ကစားခဲ့ရတာဖြစ်တယ်။ အာရွန်ဟာ အဆိုပါပွဲမှာ တိုက်စစ်သမား ဖာမင်နိုရဲ့ ခြေစွမ်းတွေကို အထင်ကြီးခဲ့ပြီး ဘရာဇီးသား ကစားပြမှပဲ ထိပ်တန်းအဆင့်ဆိုတာ ဒီလိုပါလားဆိုပြီး နားလည်ခဲ့တယ်လို့ ဆိုပါတယ်။

The Athletic နဲ့ အင်တာဗျူးမှာ အာရွန်က “ ပထမပိုင်း မပြီးခင်မှာပဲ ၄-၀ ဖြစ်နေခဲ့ပါပြီ။ အဲ့ချိန်မှာ ရော်ဘတ်တို ဖာမင်နိုက သူ့ရဲ့ ခြေထောက် ထိချက်တွေနဲ့ အကောင်းဆုံး ဆက်ကစားနေဆဲဖြစ်တယ်။ အဝတ်လဲခန်းကို ဝင်ရတဲ့အချိန်မှာ ‘အား..။ ထိပ်တန်း အသင်းဆိုတဲ့ လီဗာပူးက ဒီလိုကို ကောင်းတာပါလား’ ဆိုပြီး ပြောဖြစ်ခဲ့တာကိုတောင် သတိရပါသေးတယ် ” လို့ ပြောပြခဲ့တယ်။

” ခင်ဗျားတို့လည်း တီဗီထဲမှာ မြင်ရမှာပေါ့။ ကြည့်လို့ သိပ်ကောင်းခဲ့တယ်မို့လား။ သွင်းဂိုးတွေကိုလည်း ခင်ဗျားတို့ ကြိုက်ခဲ့မှာဖြစ်သလို အသိအမှတ် ပြုကြမှာပါ။ သူတို့က သိပ်ကို ပုံစံကောင်းပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ ထိပ်တိုက်ရင်ဆိုင်စဉ် သူတို့ ဘယ်လောက်တောင် ပုံစံကောင်းမှာ ရှိနေလဲ၊ မြန်သလဲဆိုတာ ပြောပြဖို့ သိပ်ခက်ပါတယ်။ တကယ် ရင်ဆိုင်ရမှ သိတာပါ။ မယုံနိုင်လောက်အောင်ပါပဲဗျာ ” လို့ အာရွန်က ဆက်ပြီး ပြောခဲ့သေးတာဖြစ်တယ်။

လီဗာပူး ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အဖွင့်ပွဲမှာတော့ လီဗာပူးက နော်ဝစ်ကို ၄-၁ နဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး ဖာမင်နိုအပြင် ဆာလက်၊ ဗန်ဒိုက်တို့ကလည်း ခြေစွမ်းပြ ဂိုးတွေ ယူခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

မက္စ္ အာရြန္ဟာ အဂၤလန္ရဲ႕ ၾကယ္ပြင့္တစ္ဦးျဖစ္ျပီး ေနာ္ဝစ္အသင္းနဲ႔ တန္းဆင္းခဲ့ရေပမယ့္ ဘိုင္ယန္ျမဴးနစ္လို ထိပ္တန္းအသင္းက စိတ္ဝင္စားျခင္းကို ခံေနရတဲ့ ကစားသမားျဖစ္ပါတယ္။

သူ႔ရဲ႕ ကစားသမားဘဝ ပထမဆံုးေသာ ပရီးမီးယားလိဂ္ပြဲအျဖစ္ အန္ဖီးကြင္းမွာ လီဗာပူးနဲ႔ ရင္ဆိုင္ကစားခဲ့ရတာျဖစ္တယ္။ အာရြန္ဟာ အဆိုပါပြဲမွာ တိုက္စစ္သမား ဖာမင္ႏိုရဲ႕ ေျခစြမ္းေတြကို အထင္ၾကီးခဲ့ျပီး ဘရာဇီးသား ကစားျပမွပဲ ထိပ္တန္းအဆင့္ဆိုတာ ဒီလိုပါလားဆိုျပီး နားလည္ခဲ့တယ္လို႔ ဆိုပါတယ္။

The Athletic နဲ႔ အင္တာဗ်ဴးမွာ အာရြန္က “ ပထမပိုင္း မျပီးခင္မွာပဲ ၄-၀ ျဖစ္ေနခဲ့ပါျပီ။ အဲ့ခ်ိန္မွာ ေရာ္ဘတ္တို ဖာမင္ႏိုက သူ႔ရဲ႕ ေျခေထာက္ ထိခ်က္ေတြနဲ႔ အေကာင္းဆံုး ဆက္ကစားေနဆဲျဖစ္တယ္။ အဝတ္လဲခန္းကို ဝင္ရတဲ့အခ်ိန္မွာ ‘အား..။ ထိပ္တန္း အသင္းဆိုတဲ့ လီဗာပူးက ဒီလိုကို ေကာင္းတာပါလား’ ဆိုျပီး ေျပာျဖစ္ခဲ့တာကိုေတာင္ သတိရပါေသးတယ္ ” လို႔ ေျပာျပခဲ့တယ္။

” ခင္ဗ်ားတို႔လည္း တီဗီထဲမွာ ျမင္ရမွာေပါ့။ ၾကည့္လို႔ သိပ္ေကာင္းခဲ့တယ္မို႔လား။ သြင္းဂိုးေတြကိုလည္း ခင္ဗ်ားတို႔ ၾကိဳက္ခဲ့့မွာျဖစ္သလို အသိအမွတ္ ျပဳၾကမွာပါ။ သူတို႔က သိပ္ကို ပံုစံေကာင္းပါတယ္။ ဒါေပမယ့္ ကြင္းထဲမွာ ထိပ္တိုက္ရင္ဆုိင္စဥ္ သူတို႔ ဘယ္ေလာက္ေတာင္ ပံုစံေကာင္းမွာ ရွိေနလဲ၊ ျမန္သလဲဆိုတာ ေျပာျပဖို႔ သိပ္ခက္ပါတယ္။ တကယ္ ရင္ဆိုင္ရမွ သိတာပါ။ မယံုနုိင္ေလာက္ေအာင္ပါပဲဗ်ာ ” လို႔ အာရြန္က ဆက္ျပီး ေျပာခဲ့ေသးတာျဖစ္တယ္။

လီဗာပူး ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ အဖြင့္ပြဲမွာေတာ့ လီဗာပူးက ေနာ္ဝစ္ကို ၄-၁ နဲ႔ အႏုိင္ယူခဲ့တာျဖစ္ျပီး ဖာမင္ႏိုအျပင္ ဆာလက္၊ ဗန္ဒိုက္တို႔ကလည္း ေျခစြမ္းျပ ဂိုးေတြ ယူခဲ့ေသးတာျဖစ္ပါတယ္။