လီဗာပူးအသင်းဟာ ၂၀၁၇ ခုနှစ်မှာ ကလပ်ကို စီအီးအိုအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ပီတာမိုးနေရာမှာ ဘီလီ ဟိုဂန်ကို အစားထိုးခြင်းနဲ့အတူ အပြောင်းအလဲကြီးတစ်ရပ်ကို စတင်လိုက်ပါပြီ။

အမေရိကန်ပိုင်ရှင်တွေ လက်လွဲယူပြီးနောက်မှာ လီဗာပူးဟာ ရှေးဆန်တဲ့ အစဉ်အလာတွေကို စွန့်လွှတ်ပြီး စီးပွားရေးဆိုင်ရာ အကြီးအကဲတွေ ခန့်အပ်ခဲ့သလို Sega, Microsoft နဲ့ Electronic Arts တို့မှာ အကြီးအကဲအဖြစ် အလုပ်လုပ်နေတဲ့ ပီတာမိုးလို ဝါရင့်ပုဂ္ဂိုလ်အား ကလပ်အသင်း စီအီးအိုအသစ်အဖြစ် တာဝန်ယူစေခဲ့ပါတယ်။ ပီတာမိုးဟာ ဘဝတစ်လျှောက်လုံး လီဗာပူးကို အမာခံအားပေပးခဲ့သူဖြစ်တယ်။

ပီတာမိုး တာဝန်ယူမှုမှာ သူဟာ စီမံခန့်ခွဲမှုကောင်းသလို ကိုယ်တိုင်ကလည်း မာဆေးဆိုဒ်ဖွား လီဗာပူးသားစစ်စစ်ဖြစ်လို့ ဒေသခံ အဖွဲ့အစည်းတွေနဲ့ အလုပ်တွဲလုပ်ခြင်းတွေမှာ အဆင်ပြေခဲ့တယ်။ ကလပ်ရဲ့ အုပ်ချုပ်ရေးအတွင်း အသင်းပိုင်ရှင်တွေနဲ့ တိုက်ရိုက် ဆက်သွယ်ခွင့်ရသူဖြစ်ကာ လီဗာပူးသားတွေရဲ့ စိတ်ဓါတ်ပိုင်းနဲ့ အသင်းအပေါ် အောင်မြင်မှု ဆာလောင်စိတ်တွေအတွက် အဓိက ပဲ့ကိုင်ရှင် ဖြစ်ခဲ့ပါတယ်။

ဥပမာအားဖြင့် ကိုဗစ်ကာလ အသင်းဝန်ထမ်းတွေကို အစိုးရထံက အကူအညီယူပြီး လုပ်ခပေးမယ့် ကိစ္စမှာ ပိုင်ရှင်တွေကို ရှင်းပြပြီး ဦးပြန်လှည့်စေခဲ့သူက ပီတာမိုးဖြစ်ပါတယ်။ သူဟာ ဒေသခံ ပရိသတ် အဖွဲ့အစည်းတွေ၊ အန်ဖီးကွင်းအနားက ဒေသခံတွေကို ပြေလည်အောင် အမြဲတမ်း ညိနှိုင်းပေးနိုင်ခြင်းကြောင့်လည်း ပရိသတ်တွေ ချစ်ခင်ခြင်း ခံရသူဖြစ်တယ်။

ဒါပေမယ့်လို့ သူ့ရဲ့ စာချုပ် ကုန်ဆုံးအပြီးမှာ ပီတာမိုးဟာ လီဗာပူးနဲ့ လမ်းခွဲမှာဖြစ်ပြီး သူ့နေရာမှာတော့ လက်ရှိ လီဗာပူးအသင်းရဲ့ စီးပွားရေးဆိုင်ရာ အကြီးအကဲ (CCO) လည်းဖြစ် မန်နေးဂျင်းဒါရိုက်တာလည်းဖြစ်တဲ့ ဘီလီ ဟိုဂန် အစားဝင်လာမှာဖြစ်ပါတယ်။ ဟိုဂန်ဟာ ၂၀၀၄ ခုနှစ်မှာ FSG လုပ်ငန်းစုကို ဝင်ရောက်ခဲ့သူဖြစ်ပြီး လက်ရှိ လီဗာပူးအသင်းရဲ့ အကြီးတန်း အရာရှိလည်းဖြစ်ပါတယ်။

ဘီလီဟိုဂန်ဟာ လီဗာပူးအသင်းရဲ့ စီးပွားရေးဆိုင်ရာ ကိစ္စအားလုံးကို တာဝန်ယူ ကိုင်တွယ်သူဖြစ်ကာ ဒီ နှစ်နှစ်အတွင်း စပွန်ဆာအသစ်တွေ အများကြီးကို ရှာဖွေပေးထားနိုင်သူဖြစ်တယ်။ ယခင်တုန်းကတော့ ပီတာမိုးက အုပ်ချုပ်မှုပိုင်းကို တာဝန်ယူခန့်ခွဲပြီး ဟိုဂန်က စီးပွားရေးပိုင်းကို စီမံသူဖြစ်တယ်။ ဟိုဂန်ဟာ လီဗာပူး၊ NB နဲ့ NIKE ကြား ညိနှိုင်းမှုတွေနဲ့ စာချုပ်တွေအတွက် အဓိက တာဝန်ယူသူဖြစ်တယ်။

၂၀၁၇ ခုနှစ်မှာ လီဗာပူးကို အိုင်ရန် အေရီအစား ပီတာမိုး ဝင်ရောက်လာပြီးနောက်ပိုင်း ကလပ်ဟာ အောင်မြင်မှုတွေ အများကြီး ရလာခဲ့တာပါ။ အိုင်ရန် အေရီဟာ ပရိသတ်တွေနဲ့ အဆင်မပြေသလို ကလပ်ကို လမ်းကြောင်းမှန်ပေါ် ပြန်တည့်ပေးဖို့ လိုအပ်ချက် များခဲ့သူအဖြစ်လည်း ဝေဖန်မှုတွေ ရခဲ့တာဖြစ်တယ်။ ဒီတစ်ကြိမ် ပီတာမိုးကနေ ဘီလီ ဟိုဂန်ထံ လက်လွဲမှုကတော့ စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၁၇ ခုႏွစ္မွာ ကလပ္ကို စီအီးအိုအျဖစ္ စတင္တာဝန္ယူခဲ့တဲ့ ပီတာမိုးေနရာမွာ ဘီလီ ဟိုဂန္ကို အစားထိုးျခင္းနဲ႔အတူ အေျပာင္းအလဲၾကီးတစ္ရပ္ကို စတင္လိုက္ပါျပီ။

အေမရိကန္ပိုင္ရွင္ေတြ လက္လြဲယူျပီးေနာက္မွာ လီဗာပူးဟာ ေရွးဆန္တဲ့ အစဥ္အလာေတြကို စြန္႔လႊတ္ျပီး စီးပြားေရးဆုိင္ရာ အၾကီးအကဲေတြ ခန္႔အပ္ခဲ့သလို Sega, Microsoft နဲ႔ Electronic Arts တို႔မွာ အၾကီးအကဲအျဖစ္ အလုပ္လုပ္ေနတဲ့ ပီတာမိုးလို ဝါရင့္ပုဂၢိဳလ္အား ကလပ္အသင္း စီအီးအိုအသစ္အျဖစ္ တာဝန္ယူေစခဲ့ပါတယ္။ ပီတာမိုးဟာ ဘဝတစ္ေလွ်ာက္လံုး လီဗာပူးကို အမာခံအားေပပးခဲ့သူျဖစ္တယ္။

ပီတာမိုး တာဝန္ယူမႈမွာ သူဟာ စီမံခန္႔ခြဲမႈေကာင္းသလို ကိုယ္တိုင္ကလည္း မာေဆးဆိုဒ္ဖြား လီဗာပူးသားစစ္စစ္ျဖစ္လို႔ ေဒသခံ အဖြဲ႔အစည္းေတြနဲ႔ အလုပ္တြဲလုပ္ျခင္းေတြမွာ အဆင္ေျပခဲ့တယ္။ ကလပ္ရဲ႕ အုပ္ခ်ဳပ္ေရးအတြင္း အသင္းပိုင္ရွင္ေတြနဲ႔ တိုက္ရိုက္ ဆက္သြယ္ခြင့္ရသူျဖစ္ကာ လီဗာပူးသားေတြရဲ႕ စိတ္ဓါတ္ပိုင္းနဲ႔ အသင္းအေပၚ ေအာင္ျမင္မႈ ဆာေလာင္စိတ္ေတြအတြက္ အဓိက ပဲ့ကိုင္ရွင္ ျဖစ္ခဲ့ပါတယ္။

ဥပမာအားျဖင့္ ကိုဗစ္ကာလ အသင္းဝန္ထမ္းေတြကို အစိုးရထံက အကူအညီယူျပီး လုပ္ခေပးမယ့္ ကိစၥမွာ ပိုင္ရွင္ေတြကို ရွင္းျပျပီး ဦးျပန္လွည့္ေစခဲ့သူက ပီတာမိုးျဖစ္ပါတယ္။ သူဟာ ေဒသခံ ပရိသတ္ အဖြဲ႔အစည္းေတြ၊ အန္ဖီးကြင္းအနားက ေဒသခံေတြကို ေျပလည္ေအာင္ အျမဲတမ္း ညိႏိႈင္းေပးႏုိင္ျခင္းေၾကာင့္လည္း ပရိသတ္ေတြ ခ်စ္ခင္ျခင္း ခံရသူျဖစ္တယ္။

ဒါေပမယ့္လို႔ သူ႔ရဲ႕ စာခ်ဳပ္ ကုန္ဆံုးအျပီးမွာ ပီတာမိုးဟာ လီဗာပူးနဲ႔ လမ္းခြဲမွာျဖစ္ျပီး သူ႔ေနရာမွာေတာ့ လက္ရွိ လီဗာပူးအသင္းရဲ႕ စီးပြားေရးဆိုင္ရာ အၾကီးအကဲ (CCO) လည္းျဖစ္ မန္ေနးဂ်င္းဒါရိုက္တာလည္းျဖစ္တဲ့ ဘီလီ ဟိုဂန္ အစားဝင္လာမွာျဖစ္ပါတယ္။ ဟိုဂန္ဟာ ၂၀၀၄ ခုႏွစ္မွာ FSG လုပ္ငန္းစုကို ဝင္ေရာက္ခဲ့သူျဖစ္ျပီး လက္ရွိ လီဗာပူးအသင္းရဲ႕ အၾကီးတန္း အရာရွိလည္းျဖစ္ပါတယ္။

ဘီလီဟိုဂန္ဟာ လီဗာပူးအသင္းရဲ႕ စီးပြားေရးဆုိင္ရာ ကိစၥအားလံုးကို တာဝန္ယူ ကိုင္တြယ္သူျဖစ္ကာ ဒီ ႏွစ္ႏွစ္အတြင္း စပြန္ဆာအသစ္ေတြ အမ်ားၾကီးကို ရွာေဖြေပးထားႏုိင္သူျဖစ္တယ္။ ယခင္တုန္းကေတာ့ ပီတာမိုးက အုပ္ခ်ဳပ္မႈပိုင္းကို တာဝန္ယူခန္႔ခြဲျပီး ဟိုဂန္က စီးပြားေရးပိုင္းကို စီမံသူျဖစ္တယ္။ ဟိုဂန္ဟာ လီဗာပူး၊ NB နဲ႔ NIKE ၾကား ညိႏိႈင္းမႈေတြနဲ႔ စာခ်ဳပ္ေတြအတြက္ အဓိက တာဝန္ယူသူျဖစ္တယ္။

၂၀၁၇ ခုႏွစ္မွာ လီဗာပူးကို အိုင္ရန္ ေအရီအစား ပီတာမိုး ဝင္ေရာက္လာျပီးေနာက္ပိုင္း ကလပ္ဟာ ေအာင္ျမင္မႈေတြ အမ်ားၾကီး ရလာခဲ့တာပါ။ အိုင္ရန္ ေအရီဟာ ပရိသတ္ေတြနဲ႔ အဆင္မေျပသလို ကလပ္ကို လမ္းေၾကာင္းမွန္ေပၚ ျပန္တည့္ေပးဖို႔ လိုအပ္ခ်က္ မ်ားခဲ့သူအျဖစ္လည္း ေဝဖန္မႈေတြ ရခဲ့တာျဖစ္တယ္။ ဒီတစ္ၾကိမ္ ပီတာမိုးကေန ဘီလီ ဟိုဂန္ထံ လက္လြဲမႈကေတာ့ ေစာင့္ၾကည့္ရမယ့္ ကိစၥ ျဖစ္ပါတယ္။