မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက သူ့ရဲ့ မန်နေဂျာဘဝ အခက်ခဲဆုံး ပြိုင်ဘက်က ယာဂင်ကလော့ပ်နဲ့ လီဗာပူးအသင်းဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။

ဂွာဒီယိုလာနဲ့ ကလော့ပ်တို့ဟာ ဂျာမနီမှာလည်း ပြိုင်ဆိုင်မှုတွေ ရှိခဲ့သလို အခုချိန်ထိလည်း ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်နေကြတာဖြစ်တယ်။ ဂွာဒီယိုလာလက်ထဲက ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို လီဗာပူးက ရယူထားသလိုပဲ ဒီရာသီ ချန်ပီယံလိဂ်အိပ်မက်အတွက် မန်စီးတီးကလည်း ရှေ့ဆက်နေတာဖြစ်တယ်။

ဂွာဒီယိုလာက ” ကျနော် အမြဲ ပြောခဲ့ပါတယ်။ ကျနော် ရင်ဆိုင်ခဲ့တဲ့ အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်က သိပ်ကို သန်မာတဲ့ အသင်းဖြစ်တယ်။ မော်ရင်ညို၊ ပယ်လီဂရီနီလို မန်နေဂျာကောင်းတွေကို ပိုင်ဆိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ကျနော်ကို ပိုကောင်းတဲ့ မန်နေဂျာဖြစ်လာစေခဲ့တဲ့ အသင်းဖြစ်ပါတယ်။

ကျနော်ရဲ့ မန်နေဂျာဘဝ အခက်ခဲဆုံး ပြိုင်ဘက်ကို အဖြေပေးရမယ် ဆိုရင်တော့ လီဗာပူးဖြစ်ပါတယ်။ အင်္ဂလန်ကို ကျနော် စရောက်လာတုန်းက လီဗာပူးက အခုလောက် အားမကောင်းခဲ့တာကြောင့် အဲ့တုန်းကတော့ ရီးရဲလ်မက်ဒရစ်က ပိုခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်ပါလိမ့်မယ်။ ဒီအခြေအနေမှာတော့ ကျနော်အတွက် အခက်ခဲဆုံး ပြိုင်ဘက်က လီဗာပူးဖြစ်ပါတယ်။

မန်နေဂျာဘဝ အခက်ခဲဆုံး ပြိုင်ဘက်က မနှစ်ကရာသီနဲ့ ဒီရာသီ လီဗာပူးအသင်းပါ။ သူတို့က လွှမ်းမိုးကစားခွင့်တာရရင် ပြိုင်ဘက်တွေကို ပိတ်ဆို့ပြီး သူတို့ရဲ့ ချုပ်ကိုင်မှုကနေ ရုန်းထွက်လို့မရအောင် လုပ်နိုင်စွမ်း ရှိပါတယ်။

လီဗာပူးကို လွှမ်းမိုးပြီး ချုပ်ကိုင်ဖို့ ကြိုးစားမယ်ဆိုရင် သူတို့က လူမရှိတဲ့ နေရတွေကို ပြေးထွက်ပြီး အဲ့လိုလုပ်ဖို့ကလည်း သိပ်မြန်တယ်။ နေသားတကျရှိမှုမှာ လီဗာပူးက သိပ်ကောင်းပါတယ်။ သူတို့ရဲ့ စိတ်ဓါတ်ပိုင်းကလည်း သိပ်ကို ကြံ့ခိုင်တဲ့ အသင်းဖြစ်သလို ကလော့ပ်ကလည်း ရင်ဆိုင်ရ သိပ်ခက်တဲ့ ပြိုင်ဘက်ဖြစ်ပါတယ် ” လို့ ဆိုသွားတာဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက သူ႔ရဲ႕ မန္ေနဂ်ာဘဝ အခက္ခဲဆံုး ျပိဳင္ဘက္က ယာဂင္ကေလာ့ပ္နဲ႔ လီဗာပူးအသင္းျဖစ္တယ္လို႔ ဝန္ခံလိုက္ပါတယ္။

ဂြာဒီယိုလာနဲ႔ ကေလာ့ပ္တို႔ဟာ ဂ်ာမနီမွာလည္း ျပိဳင္ဆိုင္မႈေတြ ရွိခဲ့သလို အခုခ်ိန္ထိလည္း ပရီးမီးယားလိဂ္မွာ ျပိဳင္ဆိုင္မႈ ျပင္းထန္ေနၾကတာျဖစ္တယ္။ ဂြာဒီယိုလာလက္ထဲက ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႔ကို လီဗာပူးက ရယူထားသလိုပဲ ဒီရာသီ ခ်န္ပီယံလိဂ္အိပ္မက္အတြက္ မန္စီးတီးကလည္း ေရွ႔ဆက္ေနတာျဖစ္တယ္။

ဂြာဒီယိုလာက ” က်ေနာ္ အျမဲ ေျပာခဲ့ပါတယ္။ က်ေနာ္ ရင္ဆိုင္ခဲ့တဲ့ အသင္းေတြထဲမွာ ရီးရဲလ္မက္ဒရစ္က သိပ္ကုိ သန္မာတဲ့ အသင္းျဖစ္တယ္။ ေမာ္ရင္ညိဳ၊ ပယ္လီဂရီနီလို မန္ေနဂ်ာေကာင္းေတြကို ပိုင္ဆိုင္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ဟာ က်ေနာ္ကို ပိုေကာင္းတဲ့ မန္ေနဂ်ာျဖစ္လာေစခဲ့တဲ့ အသင္းျဖစ္ပါတယ္။

က်ေနာ္ရဲ႕ မန္ေနဂ်ာဘဝ အခက္ခဲဆံုး ျပိဳင္ဘက္ကို အေျဖေပးရမယ္ ဆိုရင္ေတာ့ လီဗာပူးျဖစ္ပါတယ္။ အဂၤလန္ကို က်ေနာ္ စေရာက္လာတုန္းက လီဗာပူးက အခုေလာက္ အားမေကာင္းခဲ့တာေၾကာင့္ အဲ့တုန္းကေတာ့ ရီးရဲလ္မက္ဒရစ္က ပိုခက္ခဲတဲ့ ျပိဳင္ဘက္ ျဖစ္ပါလိမ့္မယ္။ ဒီအေျခအေနမွာေတာ့ က်ေနာ္အတြက္ အခက္ခဲဆံုး ျပိဳင္ဘက္က လီဗာပူးျဖစ္ပါတယ္။

မန္ေနဂ်ာဘဝ အခက္ခဲဆံုး ျပိဳင္ဘက္က မႏွစ္ကရာသီနဲ႔ ဒီရာသီ လီဗာပူးအသင္းပါ။ သူတို႔က လႊမ္းမိုးကစားခြင့္တာရရင္ ျပိဳင္ဘက္ေတြကို ပိတ္ဆို႔ျပီး သူတို႔ရဲ႕ ခ်ဳပ္ကိုင္မႈကေန ရုန္းထြက္လို႔မရေအာင္ လုပ္ႏုိင္စြမ္း ရွိပါတယ္။

လီဗာပူးကို လႊမ္းမိုးျပီး ခ်ဳပ္ကိုင္ဖို႔ ၾကိဳးစားမယ္ဆိုရင္ သူတို႔က လူမရွိတဲ့ ေနရေတြကို ေျပးထြက္ျပီး အဲ့လိုလုပ္ဖို႔ကလည္း သိပ္ျမန္တယ္။ ေနသားတက်ရွိမႈမွာ လီဗာပူးက သိပ္ေကာင္းပါတယ္။ သူတို႔ရဲ႕ စိတ္ဓါတ္ပိုင္းကလည္း သိပ္ကို ၾကံ႕ခိုင္တဲ့ အသင္းျဖစ္သလို ကေလာ့ပ္ကလည္း ရင္ဆိုင္ရ သိပ္ခက္တဲ့ ျပိဳင္ဘက္ျဖစ္ပါတယ္ ” လို႔ ဆိုသြားတာျဖစ္ပါတယ္။