ဆွမ်ဆီးမန်နေဂျာ ကူပါက လီဗာပူးကနေ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး ရာဟမ် ဘရူးစတားကို နောက်ရာသီမှာလည်း ဆက်ပြီး ခေါ်ထားလိုပါတယ်။

ဘရူးစတားဟာ ဒီရာသီ ရာသီဝက်ကမှ ဆွမ်ဆီးကို အငှားထွက်ခဲ့တာဖြစ်ပေမယ့် ၂၂ ပွဲ ကစားပြီး ၁၁ ဂိုးထိ သွင်းယူခဲ့ကာ ချန်ပီယံရှစ် playoff မှာ ဆီမီးအဆင့်ထိ ရောက်အောင် ကြိုးစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က ရာသီကြိုမှာ သူ့ရဲ့ အခြေအနေကို ဆန်းစစ်လိုနေပေမယ့် ဆွမ်ဆီးမန်နေဂျာကလည်း အငှားခေါ်ယူနိုင်ဖို့ အကောင်းမြင်နေပါတယ်။

ကူပါက “ ရာဟမ်ကို ကျနော်တို့ တကယ်ကို နှစ်သက်ပါတယ်။ သူ ဆွမ်ဆီးမှာ ရှိနေလို့လည်း လူတိုင်းက အကျိုးအမြတ်ရနေတယ်။ သူကိုယ်တိုင်ကော ကျနေ်ာတို့ အသင်းကောပါပဲ။ လီဗာပူးက သူ့ကို ဆက်ပြီး အငှားချပေးမယ်ဆိုရင် ကျနေ်ာတို့ ထပ်ပြီး ခေါ်ယူလိုပါတယ်။

လီဗာပူးက အငှားပေးကစားဦးမယ်ဆိုရင် ရာဟမ်အတွက် ကျနေ်ာတို့ ရှိနေတယ်။ သူ့ကို ပရိသတ်တွေကလည်း သဘောတွေ့ကျပါတယ်။ အသင်းနဲ့ အံဝင်တဲ့ ကစားသမားဖြစ်ပြီး ကစားသမားကောင်း၊ လူကောင်လေးလည်း ဟုတ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ လီဗာပူးက သူ့ကို အငှားထပ်ချရင် ကျနေ်ာတို့ကို အငှားစေလွှတ်ပေးမယ်လို့ ထင်ပါတယ်။ သူ တိုးတက်လာဖို့ ကျနေ်ာတို့ ဆက်ပြီး အကူအညီပေးနိုင်မယ်လို့ မျှော်လင့်တယ်။ အဲ့လိုဖြစ်လာဖို့ တကယ်ကို မျှော်လင့်ပါတယ် ” လို့ ဆိုပါတယ်။

လီဗာပူးက လာမယ့်ရာသီ အိုရီဂီထက် ဘရူးစတားကို ပိုမိုနေရာပေးလိုတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ အခြေအနေတွေက ရာသီကြို မရောက်သေးသ၍ တည်ငြိမ်ဦးမှာ မဟုတ်ပါဘူး။ ကူပါကတော့ သူနဲ့ လီဗာပူးအသင်းကြား ဆက်ဆံရေးကောင်းတွေ ရှိပါတယ်လို့ ပြောပါတယ်။

“ အသေအချာပါပဲ။ လီဗာပူးနဲ့ ကျနေ်ာတို့ကြားမှာ ဆက်ဆံရေးကောင်း ရှိပါတယ်။ ရာဟမ်ကို အငှား ဆက်ခေါ်ယူဖို့ ကျနော်တို့ စကားပြောမှာပါ။ သူတို့ကလည်း ဆွေးနွေးမှုနဲ့ ပက်သက်ပြီး အကောင်းမြင်ထားပါတယ်။ ဒါပေမယ့် အားလုံးကတော့ လီဗာပူးအပေါ် မူတည်ပြီး သူတို့ကပဲ ဆုံးဖြတ်ပေးရမှာပါ ” လို့ ကူပါက ပြောဆိုသွားပါတယ်။

ZAWGYI

ဆြမ္ဆီးမန္ေနဂ်ာ ကူပါက လီဗာပူးကေန အငွားေခၚယူထားတဲ့ တိုက္စစ္မွဴး ရာဟမ္ ဘရူးစတားကို ေနာက္ရာသီမွာလည္း ဆက္ျပီး ေခၚထားလိုပါတယ္။

ဘရူးစတားဟာ ဒီရာသီ ရာသီဝက္ကမွ ဆြမ္ဆီးကို အငွားထြက္ခဲ့တာျဖစ္ေပမယ့္ ၂၂ ပြဲ ကစားျပီး ၁၁ ဂိုးထိ သြင္းယူခဲ့ကာ ခ်န္ပီယံရွစ္ playoff မွာ ဆီမီးအဆင့္ထိ ေရာက္ေအာင္ ၾကိဳးစားေပးႏုိင္ခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္က ရာသီၾကိဳမွာ သူ႔ရဲ႕ အေျခအေနကို ဆန္းစစ္လိုေနေပမယ့္ ဆြမ္ဆီးမန္ေနဂ်ာကလည္း အငွားေခၚယူႏုိင္ဖို႔ အေကာင္းျမင္ေနပါတယ္။

ကူပါက “ ရာဟမ္ကို က်ေနာ္တို႔ တကယ္ကို ႏွစ္သက္ပါတယ္။ သူ ဆြမ္ဆီးမွာ ရွိေနလို႔လည္း လူတိုင္းက အက်ိဳးအျမတ္ရေနတယ္။ သူကိုယ္တုိင္ေကာ က်ေန္ာတို႔ အသင္းေကာပါပဲ။ လီဗာပူးက သူ႔ကို ဆက္ျပီး အငွားခ်ေပးမယ္ဆိုရင္ က်ေန္ာတို႔ ထပ္ျပီး ေခၚယူလိုပါတယ္။

လီဗာပူးက အငွားေပးကစားဦးမယ္ဆိုရင္ ရာဟမ္အတြက္ က်ေန္ာတို႔ ရွိေနတယ္။ သူ႔ကို ပရိသတ္ေတြကလည္း သေဘာေတြ႔က်ပါတယ္။ အသင္းနဲ႔ အံဝင္တဲ့ ကစားသမားျဖစ္ျပီး ကစားသမားေကာင္း၊ လူေကာင္ေလးလည္း ဟုတ္ပါတယ္။ ပုဂၢိဳလ္ေရးအရ လီဗာပူးက သူ႔ကို အငွားထပ္ခ်ရင္ က်ေန္ာတို႔ကို အငွားေစလႊတ္ေပးမယ္လို႔ ထင္ပါတယ္။ သူ တိုးတက္လာဖို႔ က်ေန္ာတို႔ ဆက္ျပီး အကူအညီေပးႏုိင္မယ္လို႔ ေမွ်ာ္လင့္တယ္။ အဲ့လိုျဖစ္လာဖို႔ တကယ္ကို ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုပါတယ္။

လီဗာပူးက လာမယ့္ရာသီ အိုရီဂီထက္ ဘရူးစတားကို ပိုမိုေနရာေပးလိုတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေနပါတယ္။ အေျခအေနေတြက ရာသီၾကိဳ မေရာက္ေသးသ၍ တည္ျငိမ္ဦးမွာ မဟုတ္ပါဘူး။ ကူပါကေတာ့ သူနဲ႔ လီဗာပူးအသင္းၾကား ဆက္ဆံေရးေကာင္းေတြ ရွိပါတယ္လို႔ ေျပာပါတယ္။

“ အေသအခ်ာပါပဲ။ လီဗာပူးနဲ႔ က်ေန္ာတို႔ၾကားမွာ ဆက္ဆံေရးေကာင္း ရွိပါတယ္။ ရာဟမ္ကို အငွား ဆက္ေခၚယူဖို႔ က်ေနာ္တို႔ စကားေျပာမွာပါ။ သူတို႔ကလည္း ေဆြးေႏြးမႈနဲ႔ ပက္သက္ျပီး အေကာင္းျမင္ထားပါတယ္။ ဒါေပမယ့္ အားလံုးကေတာ့ လီဗာပူးအေပၚ မူတည္ျပီး သူတို႔ကပဲ ဆံုးျဖတ္ေပးရမွာပါ ” လို႔ ကူပါက ေျပာဆိုသြားပါတယ္။