လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘောလုံးရာသီအတွက် အိမ်ကွင်း ဂျာစီဒီဇိုင်းကို ထုတ်ပြခဲ့ပြီဖြစ်ပါတယ်။

အနီရောင်ကိုမှ ဗီပုံစံ ကော်လံပါဝင်မှာဖြစ်ပြီး ခါးမှာတော့ အဖြူကြောင်းလည်း ပါဝင်ပါမယ်။ ဂျာစီဒီဇိုင်းဟာ လီဗာပူးရဲ့ ၁၉၉၃ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်က ဒီဇိုင်းကို ဆင့်ပွားယူခြင်းဖြစ်သလို အရောင်တွဲစပ်မှုက လီဗာပူးသမိုင်းအပေါ် အခြေခံတဲ့ ဒီဇိုင်းလည်းဖြစ်ပါတယ်။

ဂျာစီပါ ဗီပုံစံ အစိမ်းလွှာဟာ လီဗာပူးမြို့က ကျော်ကြားတဲ့ လိုင်ဗာ အဆောက်အဦးပေါ်က လီဗာငှက်ရဲ့ အရောင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ထည့်တွင်းခြင်းဖြစ်ကာ နီ၊ ဖြူ၊ စိမ်း သုံးရောင်ဟာ လီဗာပူးမြို့နဲ့ လီဗာပူးရဲ့ အစဉ်အလာကို အခြေခံ ထည့်သွင်းခြင်း ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း လီဗာပူးဟာ အထက်က သုံးရောင်နဲ့ပဲ လိုဂိုဒီဇိုင်းကို ၁၈ နှစ်လောက် သုံးစွဲခဲ့ပါတယ်။

Nike အကြီးအကဲ စကော့ မန်ဆန်က ” ဘယ်လို ပေါင်းစည်းမှု အသစ်မှာမဆို အမြင့်ဆုံးသော လေးစားမှုကို ပြသနိုင်ဖို့က အရေးကြီးပါတယ်။ ကျနေ်ာတို့ကလည်း လီဗာပူးရဲ့ အချက်အချာ အမှတ်လက္ခဏာကို အာရုံစိုက် ထည့်သွင်းထားပါတယ်။ သန့်ရှင်းပြီး အားကောင်းတဲ့ ဒီဇိုင်းဟာ လီဗာပူးနဲ့ တွဲလျက် တည်ရှိတယ်ဆိုတာကို ဘယ်ပရိသတ်မဆို သိကြပါတယ်။

အနီ၊ အဖြူနဲ့ နက်ပြာစိမ်းရောင်တွေဟာ ကုန်ခဲ့တဲ့ နှစ်တွေမှာ လီဗာပူးအတွက် အစဉ်အလာ ပေါင်းစပ်မှု အရောင်တွေဖြစ်တယ်။ နောက်ပြီး ကလပ်ရဲ့ အစဉ်အလာ ရင်ဘတ်လိုဂိုကိုလည်း ထည့်သွင်းထားပါတယ်။ နက်ပြာစိမ်းရောင်ဟာ လီဗာပူးရဲ့ အထင်ကရဖြစ်ပြီး ၁၈၉၂ ခုနှစ်က ကလပ် စတည်ထောင်စဉ်တည်းက ပါဝင်ခဲ့တဲ့ လိုင်ဗာငှက်ရဲ့ ဆက်နွယ်မှုကို ကိုယ်စားပြုပါတယ်။

ကောင်းမွန်တဲ့ နည်းလမ်းတွေဖြင့် စိတ်ဝင်စားစရာတွေကို ကိုးကားထားခဲ့တာဖြစ်ပေမယ့် အခြားသော အရောင်တွေ ထည့်သွင်းမှုကို သိပ် အာရုံမစိုက်ပဲ အနီရောင်အပေါ် အခြေခံဖို့ကိုပဲ ကျနေ်ာတို့ ကြိုးစားထားပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ တစ်ထည်ကို ၉၉.၅ ပေါင် နှုန်းဖြင့် ရောင်းချနေတဲ့ လီဗာပူးဂျာစီဟာ Nike ဝဘ်ဆိုဒ်မှာတော့ အားလုံး ရောင်းကုန်ခဲ့ပါပြီ။ လီဗာပူးအသင်း ဝဘ်ဆိုဒ်မှာတော့ အော်ဒါတင်လို့ ရနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၂၀-၂၀၂၁ ခုႏွစ္ ေဘာလံုးရာသီအတြက္ အိမ္ကြင္း ဂ်ာစီဒီဇိုင္းကို ထုတ္ျပခဲ့ျပီျဖစ္ပါတယ္။

အနီေရာင္ကိုမွ ဗီပုံစံ ေကာ္လံပါဝင္မွာျဖစ္ျပီး ခါးမွာေတာ့ အျဖဴေၾကာင္းလည္း ပါဝင္ပါမယ္။ ဂ်ာစီဒီဇိုင္းဟာ လီဗာပူးရဲ႕ ၁၉၉၃ ခုႏွစ္နဲ႔ ၁၉၉၆ ခုႏွစ္က ဒီဇိုင္းကို ဆင့္ပြားယူျခင္းျဖစ္သလို အေရာင္တြဲစပ္မႈက လီဗာပူးသမိုင္းအေပၚ အေျခခံတဲ့ ဒီဇိုင္းလည္းျဖစ္ပါတယ္။

ဂ်ာစီပါ ဗီပံုစံ အစိမ္းလႊာဟာ လီဗာပူးျမိဳ႔က ေက်ာ္ၾကားတဲ့ လိုင္ဗာ အေဆာက္အဦးေပၚက လီဗာငွက္ရဲ႕ အေရာင္ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ ထည့္တြင္းျခင္းျဖစ္ကာ နီ၊ ျဖဴ၊ စိမ္း သံုးေရာင္ဟာ လီဗာပူးျမိဳ႕နဲ႔ လီဗာပူးရဲ႕ အစဥ္အလာကို အေျခခံ ထည့္သြင္းျခင္း ျဖစ္ပါတယ္။ ၁၉၉၉ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အတြင္း လီဗာပူးဟာ အထက္က သံုးေရာင္နဲ႔ပဲ လိုဂိုဒီဇိုင္းကို ၁၈ နွစ္ေလာက္ သံုးစြဲခဲ့ပါတယ္။

Nike အၾကီးအကဲ စေကာ့ မန္ဆန္က ” ဘယ္လို ေပါင္းစည္းမႈ အသစ္မွာမဆို အျမင့္ဆံုးေသာ ေလးစားမႈကို ျပသႏုိင္ဖို႔က အေရးၾကီးပါတယ္။ က်ေန္ာတို႔ကလည္း လီဗာပူးရဲ႕ အခ်က္အခ်ာ အမွတ္လကၡဏာကို အာရံုစိုက္ ထည့္သြင္းထားပါတယ္။ သန္႔ရွင္းျပီး အားေကာင္းတဲ့ ဒီဇိုင္းဟာ လီဗာပူးနဲ႔ တြဲလ်က္ တည္ရွိတယ္ဆိုတာကို ဘယ္ပရိသတ္မဆို သိၾကပါတယ္။

အနီ၊ အျဖဴနဲ႔ နက္ျပာစိမ္းေရာင္ေတြဟာ ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ လီဗာပူးအတြက္ အစဥ္အလာ ေပါင္းစပ္မႈ အေရာင္ေတြျဖစ္တယ္။ ေနာက္ျပီး ကလပ္ရဲ႕ အစဥ္အလာ ရင္ဘတ္လိုဂိုကိုလည္း ထည့္သြင္းထားပါတယ္။ နက္ျပာစိမ္းေရာင္ဟာ လီဗာပူးရဲ႕ အထင္ကရျဖစ္ျပီး ၁၈၉၂ ခုႏွစ္က ကလပ္ စတည္ေထာင္စဥ္တည္းက ပါဝင္ခဲ့တဲ့ လိုင္ဗာငွက္ရဲ႕ ဆက္ႏြယ္မႈကို ကိုယ္စားျပဳပါတယ္။

ေကာင္းမြန္တဲ့ နည္းလမ္းေတြျဖင့္ စိတ္ဝင္စားစရာေတြကို ကိုးကားထားခဲ့တာျဖစ္ေပမယ့္ အျခားေသာ အေရာင္ေတြ ထည့္သြင္းမႈကို သိပ္ အာရံုမစိုက္ပဲ အနီေရာင္အေပၚ အေျခခံဖို႔ကိုပဲ က်ေန္ာတို႔ ၾကိဳးစားထားပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ တစ္ထည္ကို ၉၉.၅ ေပါင္ ႏႈန္းျဖင့္ ေရာင္းခ်ေနတဲ့ လီဗာပူးဂ်ာစီဟာ Nike ဝဘ္ဆိုဒ္မွာေတာ့ အားလံုး ေရာင္းကုန္ခဲ့ပါျပီ။ လီဗာပူးအသင္း ဝဘ္ဆိုဒ္မွာေတာ့ ေအာ္ဒါတင္လို႔ ရေနတာ ျဖစ္ပါတယ္။