လီဗာပူးအသင်းဟာ ကလပ်ရဲ့ လေးဦးမြောက် ပိုလန်ကစားသမားဖြစ်လာမယ့် လူငယ်လေး Mateusz Musialowski ကို အကယ်ဒမီအသင်းထံ အပြီးသတ် ခေါ်ယူထားခဲ့ပြီဖြစ်ပါတယ်။

ပိုလန်သားလေးဟာ အသက် ၁၆ နှစ်အရွယ်ပဲ ရှိသေးသူဖြစ်ကာ လီဗာပူးက စကော်လားရှစ် ပေးထားမှာဖြစ်ပြီး သူ့အသက် ၁၇ နှစ်ပြည့်မယ့် အောက်တိုဘာမှာ ပရော်ဖက်ရှင်နယ် စာချုပ်ကို ပေးမှဖြစ်တယ်။ လူငယ်လေးဟာ တောင်ပံတိုက်စစ်နဲ့ တိုက်စစ်မှူးနေရာတွေအပြင် တိုက်စစ်ပိုင်း နေရာစုံမှာ ကစားနိုင်စွမ်း ရှိသူဖြစ်တယ်။

ပိုလန်ကလပ် SMS Lodz အသင်း လူငယ်ပြိုင်ပွဲတွေမှာ ပွဲပေါင်း ၈၀ ကစားထားကာ ဂိုးပေါင်း ၁၃၀ သွင်းယူထားနိုင်တာကြောင့် ပိုလန်ရဲ့ အံ့ဖွယ်လူငယ်လေးလို့လည်း လူသိများသူဖြစ်တယ်။ လီဗာပူးအကယ်ဒမီကတော့ ဒီကောင်လေးဟာ စီနီယာအဆင့်ကို ရောက်သွားနိုင်မယ့်သူအဖြစ် မျှော်လင့်ထားပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ဟာ ဥရောပအလယ်ပိုင်းက ကစားသမားတွေနဲ့ အလုပ်တွဲလုပ်ရာမှာ အတွေ့အကြုံရှိသူဖြစ်တယ်။ ဂျာမနီမှာတော့ သူဟာ အနီးအနား နိုင်ငံတွေက မထင်မရှား ကစားသမားတွေကို မြေတောင်မြောက်ပေးလေ့ရှိပါတယ်။ ကမ္ဘာအကောင်းဆုံး တိုက်စစ်မှူးစာရင်းဝင် လီဝမ်ဒေါစကီးဟာလည်း အခုလိုပဲ မထင်မရှား ကစားသမားအဖြစ်ကနေ ကလော့ပ်လက်အောက် တောက်ပလာခဲ့သူဖြစ်တယ်။

လီဗာပူး အကယ်ဒမီဟာ နိုင်ငံခြားသား ကြယ်ပွင့်တွေကိုလည်း အချိုးကျကျ ခေါ်ယူနေပြီး နယ်သာလန်နဲ့ ပိုလန်က ကစားသမားတွေကို ခေါ်ယူမှု မြင့်မားပါတယ်။ ဒါ့အပြင် အင်္ဂလန်၊ ဝေလ်းနဲ့ လီဗာပူးဒေသခံ ဗြိတိန်လူငယ်လေးတွေကိုလည်း နေရာပေးပြီး အကယ်ဒမီကျောင်းမှာ အလားအလာတွေ စောင့်ကြည့်နေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကလပ္ရဲ႕ ေလးဦးေျမာက္ ပိုလန္ကစားသမားျဖစ္လာမယ့္ လူငယ္ေလး Mateusz Musialowski ကို အကယ္ဒမီအသင္းထံ အျပီးသတ္ ေခၚယူထားခဲ့ျပီျဖစ္ပါတယ္။

ပိုလန္သားေလးဟာ အသက္ ၁၆ ႏွစ္အရြယ္ပဲ ရွိေသးသူျဖစ္ကာ လီဗာပူးက စေကာ္လားရွစ္ ေပးထားမွာျဖစ္ျပီး သူ႔အသက္ ၁၇ ႏွစ္ျပည့္မယ့္ ေအာက္တိုဘာမွာ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ကို ေပးမွျဖစ္တယ္။ လူငယ္ေလးဟာ ေတာင္ပံတိုက္စစ္နဲ႔ တိုက္စစ္မွဴးေနရာေတြအျပင္ တိုက္စစ္ပိုင္း ေနရာစံုမွာ ကစားႏုိင္စြမ္း ရွိသူျဖစ္တယ္။

ပိုလန္ကလပ္ SMS Lodz အသင္း လူငယ္ျပိဳင္ပြဲေတြမွာ ပြဲေပါင္း ၈၀ ကစားထားကာ ဂိုးေပါင္း ၁၃၀ သြင္းယူထားနုိင္တာေၾကာင့္ ပိုလန္ရဲ႕ အံ့ဖြယ္လူငယ္ေလးလို႔လည္း လူသိမ်ားသူျဖစ္တယ္။ လီဗာပူးအကယ္ဒမီကေတာ့ ဒီေကာင္ေလးဟာ စီနီယာအဆင့္ကို ေရာက္သြားႏုိင္မယ့္သူအျဖစ္ ေမွ်ာ္လင့္ထားပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ဥေရာပအလယ္ပိုင္းက ကစားသမားေတြနဲ႔ အလုပ္တြဲလုပ္ရာမွာ အေတြ႔အၾကံဳရွိသူျဖစ္တယ္။ ဂ်ာမနီမွာေတာ့ သူဟာ အနီးအနား ႏုိင္ငံေတြက မထင္မရွား ကစားသမားေတြကို ေျမေတာင္ေျမာက္ေပးေလ့ရွိပါတယ္။ ကမၻာအေကာင္းဆံုး တိုက္စစ္မွဴးစာရင္းဝင္ လီဝမ္ေဒါစကီးဟာလည္း အခုလိုပဲ မထင္မရွား ကစားသမားအျဖစ္ကေန ကေလာ့ပ္လက္ေအာက္ ေတာက္ပလာခဲ့သူျဖစ္တယ္။

လီဗာပူး အကယ္ဒမီဟာ ႏုိင္ငံျခားသား ၾကယ္ပြင့္ေတြကိုလည္း အခ်ိဳးက်က် ေခၚယူေနျပီး နယ္သာလန္နဲ႔ ပိုလန္က ကစားသမားေတြကို ေခၚယူမႈ ျမင့္မားပါတယ္။ ဒါ့အျပင္ အဂၤလန္၊ ေဝလ္းနဲ႔ လီဗာပူးေဒသခံ ျဗိတိန္လူငယ္ေလးေတြကိုလည္း ေနရာေပးျပီး အကယ္ဒမီေက်ာင္းမွာ အလားအလာေတြ ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။