လီဗာပူးအသင်းဟာ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို စတင်ထားပြီး စီအီးအို ပီတာမိုးနေရာမှာ စီးပွားရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ဘီလီဟိုဂန်ကို အစားထိုးထားပါတယ်။

ဒီကနေ့မှာတော့ ဟိုဂန်ရဲ့ စီးပွားရေးပိုင်းဆိုင်ရာ တာဝန်အတွက် ယခင် ယူနိုက်တက် အကြီးအကဲဟောင်း မတ်စကမ်မယ်ကို ခေါ်ယူခဲ့ပြီဖြစ်တယ်။ အိုထရတ်ဖိုဒ့်မှာ ၉ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ စကမ်မယ်ဟာ အရောင်းနဲ့ စီးပွားရေးဆိုင်ရာ ဌာနာ၊ အားကစား၊ ဆက်သွယ်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အကြီးတန်းစီနီယာ တစ်ဦးအဖြစ် တာဝန်ထမ်းခဲ့ပြီး လီဗာပူးမှာတော့ စီပွားရေးဆိုင်ရာ ဒါရိုက်တာ ရာထူးကို ရယူပါမယ်။

စကမ်မယ်ဟာ ယူနိုက်တက်မှာ ဂလိုဘယ်စပွန်ဆာ အရောင်း အကြီးအကဲ အဖြစ်ကနေ ဒီနှစ်မှာပဲ အနားယူခဲ့သူပါ။ လီဗာပူးအသင်းမှာတော့ ကမ္ဘာလုံးဆိုင်ရာ စီးပွားဖက် ရှာဖွေမှုပိုင်းတွေကို အာရုံစိုက်ရမှာဖြစ်ပြီး FSG လက်အောက်ခံ အကြီးတန်း အရာရှိဖြစ်လာပါမယ်။

သူက ဟိုဂန်နဲ့ အဓိက အလုပ်တွဲလုပ်ရမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ပီတာမိုးနဲ့ ဟိုဂန်တို့ လက်တွဲ အလုပ်လုပ်တဲ့ ပုံစံအတိုင်း လက်ရှိမှာတော့ ဟိုဂန်က တစ်ဆင့်ပိုမြင့်တဲ့ စီအီးအိုဖြစ်လာကာ စကမ်မယ်က သူ့လက်အောက်က စီးပွားရေးပိုင်း အကြီးအကဲ အဖြစ် တာဝန်ယူမှာဖြစ်တယ်။ အသက် ၆၅ နှစ်အရွယ် မီတာမိုးကတော့ အမေရိကကို ပြန်သွားမယ်လို့ သိရပါတယ်။

ဒီရာသီမှာတော့ လီဗာပူးအသင်းဟာ NIKE နဲ့ ပြောင်းလဲ လက်တွဲထားသလို အုပ်ချုပ်မှုပိုင်းတွေမှာ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ ဒါက စီးပွားရေးပိုင်းကို တာဝန်ယူတဲ့ ဌာနပိုင်း အကြီးအကဲတွေ အပြောင်းအလဲ ဖြစ်လာခြင်းဖြစ်ပြီး မန်နေဂျာကလော့ပ်ရဲ့ တွဲဘက် တာဝန်ခံတွေကတော့ အပြောင်းအလဲ မရှိသလို ဒီရက်ပိုင်းမှာပဲ လက်မြောက်ဘောဆိုင်ရာ နည်းပြဖြစ်သူ သောမက်စ်ကို ၂၀၂၁ ခုနှစ် ရာသီကုန်ထိ သက်တမ်းတိုးထားပါတယ်။

လီဗာပူးအသင်းဟာ နောက်ထပ် တာဝန်ပေး ခန့်အပ်မှုအဖြစ် ဝီဂန်အသင်းကနေ ထွက်ခွာလာတဲ့ မြက်ခင်းပြင်တာဝန်ခံဖြစ်သူ ဂျက်ဘိုဝါးကိုလည်း ဒီကနေ့မှာပဲ ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာ အေျပာင္းအလဲေတြကို စတင္ထားျပီး စီအီးအို ပီတာမိုးေနရာမွာ စီးပြားေရးဆိုင္ရာ အၾကီးအကဲျဖစ္သူ ဘီလီဟိုဂန္ကို အစားထိုးထားပါတယ္။

ဒီကေန႔မွာေတာ့ ဟိုဂန္ရဲ႕ စီးပြားေရးပိုင္းဆိုင္ရာ တာဝန္အတြက္ ယခင္ ယူႏုိက္တက္ အၾကီးအကဲေဟာင္း မတ္စကမ္မယ္ကို ေခၚယူခဲ့ျပီျဖစ္တယ္။ အိုထရတ္ဖိုဒ့္မွာ ၉ ႏွစ္ၾကာ အလုပ္လုပ္ခဲ့တဲ့ စကမ္မယ္ဟာ အေရာင္းနဲ႔ စီးပြားေရးဆုိင္ရာ ဌာနာ၊ အားကစား၊ ဆက္သြယ္ေရးနဲ႔ နည္းပညာပိုင္းဆိုင္ရာ အၾကီးတန္းစီနီယာ တစ္ဦးအျဖစ္ တာဝန္ထမ္းခဲ့ျပီး လီဗာပူးမွာေတာ့ စီပြားေရးဆုိင္ရာ ဒါရိုက္တာ ရာထူးကို ရယူပါမယ္။

စကမ္မယ္ဟာ ယူႏုိက္တက္မွာ ဂလိုဘယ္စပြန္ဆာ အေရာင္း အၾကီးအကဲ အျဖစ္ကေန ဒီႏွစ္မွာပဲ အနားယူခဲ့သူပါ။ လီဗာပူးအသင္းမွာေတာ့ ကမၻာလံုးဆိုင္ရာ စီးပြားဖက္ ရွာေဖြမႈပိုင္းေတြကို အာရံုစိုက္ရမွာျဖစ္ျပီး FSG လက္ေအာက္ခံ အၾကီးတန္း အရာရွိျဖစ္လာပါမယ္။

သူက ဟိုဂန္နဲ႔ အဓိက အလုပ္တြဲလုပ္ရမွာျဖစ္ျပီး ၂၀၁၇ ခုႏွစ္မွာ ပီတာမိုးနဲ႔ ဟိုဂန္တို႔ လက္တြဲ အလုပ္လုပ္တဲ့ ပံုစံအတုိင္း လက္ရွိမွာေတာ့ ဟိုဂန္က တစ္ဆင့္ပိုျမင့္တဲ့ စီအီးအိုျဖစ္လာကာ စကမ္မယ္က သူ႔လက္ေအာက္က စီးပြားေရးပိုင္း အၾကီးအကဲ အျဖစ္ တာဝန္ယူမွာျဖစ္တယ္။ အသက္ ၆၅ ႏွစ္အရြယ္ မီတာမိုးကေတာ့ အေမရိကကို ျပန္သြားမယ္လို႔ သိရပါတယ္။

ဒီရာသီမွာေတာ့ လီဗာပူးအသင္းဟာ NIKE နဲ႔ ေျပာင္းလဲ လက္တြဲထားသလို အုပ္ခ်ဳပ္မႈပိုင္းေတြမွာ အေျပာင္းအလဲေတြ ျဖစ္လာခဲ့တယ္။ ဒါက စီးပြားေရးပိုင္းကို တာဝန္ယူတဲ့ ဌာနပိုင္း အၾကီးအကဲေတြ အေျပာင္းအလဲ ျဖစ္လာျခင္းျဖစ္ျပီး မန္ေနဂ်ာကေလာ့ပ္ရဲ႕ တြဲဘက္ တာဝန္ခံေတြကေတာ့ အေျပာင္းအလဲ မရွိသလို ဒီရက္ပိုင္းမွာပဲ လက္ေျမာက္ေဘာဆုိင္ရာ နည္းျပျဖစ္သူ ေသာမက္စ္ကို ၂၀၂၁ ခုႏွစ္ ရာသီကုန္ထိ သက္တမ္းတိုးထားပါတယ္။

လီဗာပူးအသင္းဟာ ေနာက္ထပ္ တာဝန္ေပး ခန္႔အပ္မႈအျဖစ္ ဝီဂန္အသင္းကေန ထြက္ခြာလာတဲ့ ျမက္ခင္းျပင္တာဝန္ခံျဖစ္သူ ဂ်က္ဘိုဝါးကိုလည္း ဒီကေန႔မွာပဲ ေခၚယူခဲ့ျပီျဖစ္ပါတယ္။