လီဗာပူးအသင်းဟာ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို စတင်ထားပြီး စီအီးအို ပီတာမိုးနေရာမှာ စီးပွားရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ဘီလီဟိုဂန်ကို အစားထိုးထားပါတယ်။

လီဗာပူးအသင်းဟာ ကလပ်ရဲ့ လေးဦးမြောက် ပိုလန်ကစားသမားဖြစ်လာမယ့် လူငယ်လေး Mateusz Musialowski ကို အကယ်ဒမီအသင်းထံ အပြီးသတ် ခေါ်ယူထားခဲ့ပြီဖြစ်ပါတယ်။ သူဟာ လူငယ်အဆင့်မှာ ပွဲ ၈၀ ကစားပြီး သွင်းဂိုး ၁၃၀ သွင်းထားတဲ့ တိုက်စစ်သမား ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘောလုံးရာသီအတွက် အိမ်ကွင်း ဂျာစီဒီဇိုင်းကို ထုတ်ပြခဲ့ပြီဖြစ်ပါတယ်။ ဂျာစီဒီဇိုင်းဟာ လီဗာပူးရဲ့ ၁၉၉၃ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်က ဒီဇိုင်းကို ဆင့်ပွားယူခြင်းဖြစ်သလို အရောင်တွဲစပ်မှုက လီဗာပူးသမိုင်းအပေါ် အခြေခံတဲ့ ဒီဇိုင်းဖြစ်ကြောင်း Nike အကြီးအကဲက လီဗာပူးဝဘ်ဆိုဒ်ကနေ ပြောပါတယ်။

ဆွမ်ဆီးမန်နေဂျာ ကူပါက လီဗာပူးကနေ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး ရာဟမ် ဘရူးစတားကို နောက်ရာသီမှာလည်း ဆက်ပြီး အငှားခေါ်ထားလိုကြောင်း လီဗာပူးအသင်း တာဝန်ရှိသူတွေကို ကမ်းလှမ်းထားပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက သူ့ရဲ့ မန်နေဂျာဘဝ အခက်ခဲဆုံး ပြိုင်ဘက်က ယာဂင်ကလော့ပ်နဲ့ လီဗာပူးအသင်းဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ မာတစ်က လာမယ့်ရာသီ လီဗာပူးပရီးမီးယားလိဂ် ချန်ပီယံမဖြစ်ဖို့ သူတို့အသင်းက ဆုဖလား ချန်ပီယံဖြစ်အောင် လုပ်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

မက်စ် အာရွန်က သူ့ရဲ့ ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲအဖြစ် အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပြီး အဆိုပါပွဲမှာ တိုက်စစ်သမား ဖာမင်နိုရဲ့ ခြေစွမ်းတွေကို အထင်ကြီးခဲ့ကာ ဘရာဇီးသား ကစားပြမှပဲ ထိပ်တန်းအဆင့်ဆိုတာ ဒီလိုပါလားဆိုပြီး နားလည်ခဲ့တယ်လို့ ဆိုပါတယ်။

ပီအက်ဂျီအသင်းဟာ အယ်ကန်တာရာကို ခေါ်ယူရေးအား ကြားဝင်လာခဲ့ပြီး ဘိုင်ယန်တောင်းတဲ့ ပြောင်းရွှေ့ကြေးကို ပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်။ လီဗာပူးကတော့ လက်ရှိ အချိန်ထိ အယ်ကန်တာရာအတွက် ကမ်းလှမ်းမှု မလုပ်သေးပါဘူး။

ဂရိ ဘယ်အစွန်လူ ကွန်စတန်တီနိုကို လီဗာပူးဘက်က ချိတ်ဆက်နေကြောင်း ၎င်းတို့ ပြည်တွင်း သတင်းတွေက ပိုမို ကျယ်ပြန့်စွာ သတင်းထုတ်ပြန်လာပါတယ်။ အသက် ၂၄ နှစ်အရွယ် အစွန်လူအတွက် အိုလံပီယာကိုစ့်ရဲ့ တောင်းဈေးက ပေါင် သန်း ၂၀ ဖြစ်ပါတယ်။

နောက်ထပ် အပြောင်းအလဲအဖြစ် ဘီလီဟိုဂန်ရဲ့ နေရာမှာတော့ ယူနိုက်တက်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စပွန်ဆာ ရောင်းချရေး အကြီးအကဲဟောင်း မတ်စကမ်မယ်ကို ပြန်လည် ခေါ်ယူထားပါတယ်။

လီဗာပူးဟာ ယာဂင်ကလော့ပ် အကြိုက် လက်မြောက်ဘောဆိုင်ရာ နည်းပြဖြစ်သူ သောမက်စ်ကို ၂၀၂၁ ခုနှစ် ရာသီကုန်ထိ သက်တမ်းတိုးလိုက်သလို ဝီဂန်အသင်းကနေ ထွက်ခွာလာတဲ့ မြက်ခင်းပြင်တာဝန်ခံဖြစ်သူ ဂျက်ဘိုဝါးကိုလည်း ဒီကနေ့မှာပဲ ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာ အေျပာင္းအလဲေတြကို စတင္ထားျပီး စီအီးအို ပီတာမိုးေနရာမွာ စီးပြားေရးဆိုင္ရာ အၾကီးအကဲျဖစ္သူ ဘီလီဟိုဂန္ကို အစားထိုးထားပါတယ္။

လီဗာပူးအသင္းဟာ ကလပ္ရဲ႕ ေလးဦးေျမာက္ ပိုလန္ကစားသမားျဖစ္လာမယ့္ လူငယ္ေလး Mateusz Musialowski ကို အကယ္ဒမီအသင္းထံ အျပီးသတ္ ေခၚယူထားခဲ့ျပီျဖစ္ပါတယ္။ သူဟာ လူငယ္အဆင့္မွာ ပြဲ ၈၀ ကစားျပီး သြင္းဂိုး ၁၃၀ သြင္းထားတဲ့ တိုက္စစ္သမား ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ၂၀၂၀-၂၀၂၁ ခုႏွစ္ ေဘာလံုးရာသီအတြက္ အိမ္ကြင္း ဂ်ာစီဒီဇိုင္းကို ထုတ္ျပခဲ့ျပီျဖစ္ပါတယ္။ ဂ်ာစီဒီဇိုင္းဟာ လီဗာပူးရဲ႕ ၁၉၉၃ ခုႏွစ္နဲ႔ ၁၉၉၆ ခုႏွစ္က ဒီဇိုင္းကို ဆင့္ပြားယူျခင္းျဖစ္သလို အေရာင္တြဲစပ္မႈက လီဗာပူးသမိုင္းအေပၚ အေျခခံတဲ့ ဒီဇိုင္းျဖစ္ေၾကာင္း Nike အၾကီးအကဲက လီဗာပူးဝဘ္ဆိုဒ္ကေန ေျပာပါတယ္။

ဆြမ္ဆီးမန္ေနဂ်ာ ကူပါက လီဗာပူးကေန အငွားေခၚယူထားတဲ့ တိုက္စစ္မွဴး ရာဟမ္ ဘရူးစတားကို ေနာက္ရာသီမွာလည္း ဆက္ျပီး အငွားေခၚထားလိုေၾကာင္း လီဗာပူးအသင္း တာဝန္ရွိသူေတြကို ကမ္းလွမ္းထားပါတယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက သူ႔ရဲ႕ မန္ေနဂ်ာဘဝ အခက္ခဲဆံုး ျပိဳင္ဘက္က ယာဂင္ကေလာ့ပ္နဲ႔ လီဗာပူးအသင္းျဖစ္တယ္လို႔ ဝန္ခံလိုက္ပါတယ္။

ယူႏုိက္တက္ကြင္းလယ္လူ မာတစ္က လာမယ့္ရာသီ လီဗာပူးပရီးမီးယားလိဂ္ ခ်န္ပီယံမျဖစ္ဖို႔ သူတို႔အသင္းက ဆုဖလား ခ်န္ပီယံျဖစ္ေအာင္ လုပ္ဖို႔ ရည္မွန္းထားတယ္လို႔ ဆိုပါတယ္။

မက္စ္ အာရြန္က သူ႔ရဲ႕ ကစားသမားဘဝ ပထမဆံုးေသာ ပရီးမီးယားလိဂ္ပြဲအျဖစ္ အန္ဖီးကြင္းမွာ လီဗာပူးနဲ႔ ရင္ဆိုင္ကစားခဲ့ရတာျဖစ္ျပီး အဆိုပါပြဲမွာ တိုက္စစ္သမား ဖာမင္ႏိုရဲ႕ ေျခစြမ္းေတြကို အထင္ၾကီးခဲ့ကာ ဘရာဇီးသား ကစားျပမွပဲ ထိပ္တန္းအဆင့္ဆိုတာ ဒီလိုပါလားဆိုျပီး နားလည္ခဲ့တယ္လို႔ ဆိုပါတယ္။

ပီအက္ဂ်ီအသင္းဟာ အယ္ကန္တာရာကို ေခၚယူေရးအား ၾကားဝင္လာခ့ဲျပီး ဘိုင္ယန္ေတာင္းတဲ့ ေျပာင္းေရႊ႔ေၾကးကို ေပးဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။ လီဗာပူးကေတာ့ လက္ရွိ အခ်ိန္ထိ အယ္ကန္တာရာအတြက္ ကမ္းလွမ္းမႈ မလုပ္ေသးပါဘူး။

ဂရိ ဘယ္အစြန္လူ ကြန္စတန္တီႏိုကို လီဗာပူးဘက္က ခ်ိတ္ဆက္ေနေၾကာင္း ၄င္းတို႔ ျပည္တြင္း သတင္းေတြက ပိုမို က်ယ္ျပန္႔စြာ သတင္းထုတ္ျပန္လာပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ အစြန္လူအတြက္ အိုလံပီယာကိုစ့္ရဲ႕ ေတာင္းေစ်းက ေပါင္ သန္း ၂၀ ျဖစ္ပါတယ္။

ေနာက္ထပ္ အေျပာင္းအလဲအျဖစ္ ဘီလီဟိုဂန္ရဲ႕ ေနရာမွာေတာ့ ယူႏုိက္တက္ရဲ႕ ကမၻာလံုးဆိုင္ရာ စပြန္ဆာ ေရာင္းခ်ေရး အၾကီးအကဲေဟာင္း မတ္စကမ္မယ္ကို ျပန္လည္ ေခၚယူထားပါတယ္။

လီဗာပူးဟာ ယာဂင္ကေလာ့ပ္ အၾကိဳက္ လက္ေျမာက္ေဘာဆုိင္ရာ နည္းျပျဖစ္သူ ေသာမက္စ္ကို ၂၀၂၁ ခုႏွစ္ ရာသီကုန္ထိ သက္တမ္းတိုးလိုက္သလို ဝီဂန္အသင္းကေန ထြက္ခြာလာတဲ့ ျမက္ခင္းျပင္တာဝန္ခံျဖစ္သူ ဂ်က္ဘိုဝါးကိုလည္း ဒီကေန႔မွာပဲ ေခၚယူခဲ့ျပီျဖစ္ပါတယ္။