လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အဓိက စပွန်ဆာ တစ်ခုအဖြစ် Nike နဲ့ လက်တွဲမှာဖြစ်ပြီး ဒီစာချုပ်ရဲ့ တန်ကြေးဟာ အသင်းအောင်မြင်ရင် အောင်မြင်သလောက် မြင့်တက်နိုင်တဲ့ အနေအထားဖြစ်တယ်။

လီဗာပူးနဲ့ New Balance တို့ကြား ဂျာစီ စပွန်ဆာမှာတော့ ကလပ်က တစ်နှစ်ကို ပေါင် ၄၅ သန်း ရရှိခဲ့တာပါ။ Nike ကတော့ လီဗာပူးကို အသာတင် ကြေးအဖြစ် တစ်နှစ်ကို ပေါင် သန်း ၃၀ ပေးမှာဖြစ်ပါတယ်။ အဓိက အားသာချက်ပေးထားတာက တရားဝင်ဝဘ်ဆိုဒ်တွေကဖြစ်စေ အရောင်းဌာနတွေကဖြစ်စေ ဂျာစီ ရောင်းချမှုမှ အသာတင် အမြတ်ရဲ့ ၂၀% ကို လီဗာပူးကို ပေးမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ New Balance လက်ထက် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ဂျာစီ ၁.၈ သန်း၊ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ဂျာစီ ၂.၉ သန်း ရောင်းချထားရတယ်။ Nike ကလည်း သူတို့ရဲ့ ပထမဆုံးရာသီမှာတင် ဂျာစီ ၂.၉ သန်း ရောင်းချဖို့ ရည်မှန်းထားပါတယ်။ မတူညီတာက New Balance က ကမ္ဘာအနှံ့ ဆိုင်ခွဲ ၃၀၀၀ ကနေပဲ ဖြန့်နိုင်ခဲ့ပြီး Nike ကတော့ ဆိုင်ခွဲ ၆၀၀၀ ကျော်ကနေ ဖြန့်မှာဖြစ်ပါတယ်။

မျှော်လင့်ထားတဲ့အတိုင်း ဂျာစီ ၃ သန်း ဝန်းကျင် ရောင်းထုတ်နိုင်ရင် လီဗာပူးဟာ Nike ထံက အသာတင်အမြတ် ပေါင် ၃၆ သန်းထိ ရရှိမှဖြစ်တယ်။ Vapor kit versions အတွက်က ပေါင် ၃ သန်း ထပ်ရမှာဖြစ်တယ်။ ဒါကြောင့် ဒီအဆင့်မှာတင်ကို လီဗာပူးက တစ်ရာသီ ပေါင် သန်း ၇၀ ဝန်းကျင် ရမှာဖြစ်ပါတယ်။

ဂျာစီမဟုတ်တဲ့ လီဗာပူးနဲ့ Nike လက်တွဲ ထုတ်ကုန်တွေအတွက်ကနေလည်း လီဗာပူးက အကျိုးအမြတ်တွေ ခွဲဝေရမှာဖြစ်လို့ ဒီစပွန်ဆာကြေးက အနိမ့်ဆုံး အောက်ထစ်မှာတင် တစ်နှစ်ကို ပေါင် ၇၅ သန်း တန်ကြေးရှိတာဖြစ်တယ်။ အကယ်လို့ လီဗာပူးက ချန်ပီယံဆုတွေ ထပ်ရခဲ့မယ်ဆိုရင် (သို့) ဂျာစီရောင်းအားပိုကောင်းအောင် ထိပ်တန်း ကစားသမားတွေ ခေါ်ယူမယ်ဆိုရင် ဒီစာချုပ်တန်ကြေးက ပိုမြင့်သွားနိုင်ပါသေးတယ်။

ပြောင်းပြန်အဖြစ် လီဗာပူးက ဆုဖလားတွေ မအောင်မြင်ရင်၊ နာမည်ကြီးတွေကို ရောင်းထုတ်မယ်ဆိုရင် ဂျာစီရောင်းအား ကျဆင်းပြီး စပွန်ဆာကြေး နိမ့်ပါးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးရဲ့ ပါတနာအသစ် လက်တွဲမှုက အသင်းအတွက်ဆိုရင် အတော်လေး ကောင်းမွန်မှုရှိတဲ့ စာချုပ်သစ်ပဲဖြစ်တယ်။

ဒီစာချုပ်ဟာ မျှော်လင့်ထားသလို ဖြစ်လာခဲ့ရင် ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံး စပွန်ဆာစာချုပ်ဖြစ်တဲ့ ယူနိုက်တက်နဲ့ Adidas ရဲ့ တစ်နှစ် ပေါင် ၇၅ သန်းကို လီဗာပူးက လိုက်မှီသွားမှာဖြစ်ကာ ဒုတိယအမြင့်ဆုံးဖြစ်တဲ့ မန်စီးတီးနဲ့ Puma ရဲ့ တစ်နှစ် ပေါင် ၆၅ သန်းကို ကျော်လွန်မှာပါ။

ဂျာစီပုံစံနဲ့ ပက်သက်ပြီး ပရိသတ်တွေကြား အငြင်းပွားစရာ ရှိပေမယ့် တရားဝင် ဒီဇိုင်းထုတ်ပြပြီး နာရီအနည်းငယ် အကြာမှာပဲ Nike တရားဝင် ဆိုဒ်မှာ ရောင်းချတဲ့ လီဗာပူးဂျာစီက ရောင်းကုန်ခဲ့ပါတယ်။ လီဗာပူးနဲ့ နီးစပ်သူတွေကတော့ Nike ဟာ ဖြန့်ချီရေးပိုင်းမှာ New Balance လုံးဝ မမှီနိုင်တဲ့ အဆင့်မှာ ရှိနေတယ်လို့ မှတ်ချက်ပေးနေကြပါတယယ်။

ZAWGYI

လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာ အဓိက စပြန္ဆာ တစ္ခုအျဖစ္ Nike နဲ႔ လက္တြဲမွာျဖစ္ျပီး ဒီစာခ်ဳပ္ရဲ႕ တန္ေၾကးဟာ အသင္းေအာင္ျမင္ရင္ ေအာင္ျမင္သေလာက္ ျမင့္တက္ႏုိင္တဲ့ အေနအထားျဖစ္တယ္။

လီဗာပူးနဲ႔ New Balance တို႔ၾကား ဂ်ာစီ စပြန္ဆာမွာေတာ့ ကလပ္က တစ္ႏွစ္ကို ေပါင္ ၄၅ သန္း ရရွိခဲ့တာပါ။ Nike ကေတာ့ လီဗာပူးကို အသာတင္ ေၾကးအျဖစ္ တစ္ႏွစ္ကို ေပါင္ သန္း ၃၀ ေပးမွာျဖစ္ပါတယ္။ အဓိက အားသာခ်က္ေပးထားတာက တရားဝင္ဝဘ္ဆိုဒ္ေတြကျဖစ္ေစ အေရာင္းဌာနေတြကျဖစ္ေစ ဂ်ာစီ ေရာင္းခ်မႈမွ အသာတင္ အျမတ္ရဲ႕ ၂၀% ကို လီဗာပူးကို ေပးမွာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ New Balance လက္ထက္ ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီမွာ ဂ်ာစီ ၁.၈ သန္း၊ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ ဂ်ာစီ ၂.၉ သန္း ေရာင္းခ်ထားရတယ္။ Nike ကလည္း သူတို႔ရဲ႕ ပထမဆံုးရာသီမွာတင္ ဂ်ာစီ ၂.၉ သန္း ေရာင္းခ်ဖို႔ ရည္မွန္းထားပါတယ္။ မတူညီတာက New Balance က ကမၻာအႏွံ႔ ဆိုင္ခြဲ ၃၀၀၀ ကေနပဲ ျဖန္႔ႏုိင္ခဲ့ျပီး Nike ကေတာ့ ဆိုင္ခြဲ ၆၀၀၀ ေက်ာ္ကေန ျဖန္႔မွာျဖစ္ပါတယ္။

ေမွ်ာ္လင့္ထားတဲ့အတိုင္း ဂ်ာစီ ၃ သန္း ဝန္းက်င္ ေရာင္းထုတ္ႏုိင္ရင္ လီဗာပူးဟာ Nike ထံက အသာတင္အျမတ္ ေပါင္ ၃၆ သန္းထိ ရရွိမွျဖစ္တယ္။ Vapor kit versions အတြက္က ေပါင္ ၃ သန္း ထပ္ရမွာျဖစ္တယ္။ ဒါေၾကာင့္ ဒီအဆင့္မွာတင္ကို လီဗာပူးက တစ္ရာသီ ေပါင္ သန္း ၇၀ ဝန္းက်င္ ရမွာျဖစ္ပါတယ္။

ဂ်ာစီမဟုတ္တဲ့ လီဗာပူးနဲ႔ Nike လက္တြဲ ထုတ္ကုန္ေတြအတြက္ကေနလည္း လီဗာပူးက အက်ိဳးအျမတ္ေတြ ခြဲေဝရမွာျဖစ္လို႔ ဒီစပြန္ဆာေၾကးက အနိမ့္ဆံုး ေအာက္ထစ္မွာတင္ တစ္ႏွစ္ကို ေပါင္ ၇၅ သန္း တန္ေၾကးရွိတာျဖစ္တယ္။ အကယ္လို႔ လီဗာပူးက ခ်န္ပီယံဆုေတြ ထပ္ရခဲ့မယ္ဆိုရင္ (သို႔) ဂ်ာစီေရာင္းအားပိုေကာင္းေအာင္ ထိပ္တန္း ကစားသမားေတြ ေခၚယူမယ္ဆိုရင္ ဒီစာခ်ဳပ္တန္ေၾကးက ပိုျမင့္သြားႏုိင္ပါေသးတယ္။

ေျပာင္းျပန္အျဖစ္ လီဗာပူးက ဆုဖလားေတြ မေအာင္ျမင္ရင္၊ နာမည္ၾကီးေတြကို ေရာင္းထုတ္မယ္ဆိုရင္ ဂ်ာစီေရာင္းအား က်ဆင္းျပီး စပြန္ဆာေၾကး နိမ့္ပါးသြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ လီဗာပူးရဲ႕ ပါတနာအသစ္ လက္တြဲမႈက အသင္းအတြက္ဆိုရင္ အေတာ္ေလး ေကာင္းမြန္မႈရွိတဲ့ စာခ်ဳပ္သစ္ပဲျဖစ္တယ္။

ဒီစာခ်ဳပ္ဟာ ေမွ်ာ္လင့္ထားသလို ျဖစ္လာခဲ့ရင္ ပရီးမီးယားလိဂ္ရဲ႕ တန္ေၾကးအျမင့္ဆံုး စပြန္ဆာစာခ်ဳပ္ျဖစ္တဲ့ ယူႏုိက္တက္နဲ႔ Adidas ရဲ႕ တစ္ႏွစ္ ေပါင္ ၇၅ သန္းကို လီဗာပူးက လိုက္မွီသြားမွာျဖစ္ကာ ဒုတိယအျမင့္ဆုံးျဖစ္တဲ့ မန္စီးတီးနဲ႔ Puma ရဲ႕ တစ္ႏွစ္ ေပါင္ ၆၅ သန္းကို ေက်ာ္လြန္မွာပါ။

ဂ်ာစီပံုစံနဲ႔ ပက္သက္ျပီး ပရိသတ္ေတြၾကား အျငင္းပြားစရာ ရွိေပမယ့္ တရားဝင္ ဒီဇိုင္းထုတ္ျပျပီး နာရီအနည္းငယ္ အၾကာမွာပဲ Nike တရားဝင္ ဆိုဒ္မွာ ေရာင္းခ်တဲ့ လီဗာပူးဂ်ာစီက ေရာင္းကုန္ခဲ့ပါတယ္။ လီဗာပူးနဲ႔ နီးစပ္သူေတြကေတာ့ Nike ဟာ ျဖန္႔ခ်ီေရးပိုင္းမွာ New Balance လံုးဝ မမွီႏုိင္တဲ့ အဆင့္မွာ ရွိေနတယ္လို႔ မွတ္ခ်က္ေပးေနၾကပါတယယ္။