ဘုန်းမောက်မှာ စီနီယာကစားသမားအဖြစ် ရာသီပြည့် နေထိုင်ခွင့်ရခဲ့တဲ့ ဝဲလ်ဆန်က စိတ်ပျက်စရာ အဆုံးသတ်မှုနဲ့ ရာသီသိမ်းအပြီးမှာ လီဗာပူးကို ပြန်လာမှာဖြစ်ပါတယ်။

ဘုန်းမောက်ရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် ဒီရာသီ ဟိုဝီရဲ့ အသင်း လိုအပ်ချက်တွေ များမှုနဲ့အတူ ချယ်ရီတွေဟာ တန်းဆင်းသွားရပါပြီ။ ပရီးမီးယားလိဂ် အစောပိုင်း ၂၉ ပွဲမှာ ၁၉ ပွဲထိ ပွဲထွက်နေရာက ပါဝင်ခဲ့ရတဲ့ ဝဲလ်ဆန်ဟာ ရာသီသိမ်း ၉ ပွဲမှာတော့ ၁ ပွဲပဲ ကစားခဲ့ရတာဖြစ်တယ်။

ဝဲလ်ဆန်ဟာ ကိုဗစ်နောက်ပိုင်း ပဲလေစ့်ကို ၂-၀ နဲ့ အရေးနိမ့်တဲ့ ပွဲတစ်ခုမှာပဲ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့် ရခဲ့ကာ တစ်ရာသီလုံးမှာ ပွဲချိန်ပြည့် ကစားခွင့်ရခဲ့တာက ၂ ပွဲပဲ ရှိခဲ့ပါတယ်။ ဘုန်းမောက်ရဲ့ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ဖြစ်ခဲ့တဲ့ ဝဲလ်ဆန်ဟာ လီဗာပူးကို ပြန်လာရာမှာတော့ အနာဂတ်နဲ့ ပက်သက်ပြီး ကြီးကြီးမားမား သံသယရှိစရာ အနေအထားမျိုး ရှိနေပါတယ်။

ချန်ပီယံရှစ်ကလပ် ဒါဘီမှာ စီနီယာအတွေ့အကြုံကို စရခဲ့ပြီး ဘုန်းမောက်မှာတော့ ပရီးမီးယားလိဂ် အတွေ့အကြုံတွေ ရခဲ့တဲ့ ဝဲလ်ဆန်ဟာ သူ့ကစားသမားဘဝအတွက် နောက်ထပ် စိန်ခေါ်မှုအဖြစ် ဒီနွေမှာ လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်ထံ ခြေစွမ်းနဲ့ စိတ်ဓါတ်ပိုင်း စမ်းသပ်ခံရပါတော့မယ်။

“ ရာသီပြည့် ပါဝင်ရတဲ့ အတွေ့အကြုံကနေ အများကြီး သင်ယူခဲ့ရပါတယ်။ အဆုံးသတ်ကတော့ တကယ်ကို စိတ်ပျက်စရာပါပဲ။ ဘုန်းမောက်နဲ့ ဘုန်းမောက်ပရိသတ်တွေကို တစ်ရာသီလုံး အားပေးတာအတွက် ကျေးဇူးတင်ပါတယ်။ ဘုန်းမောက်က ပရီးမီးယားလိဂ်ကို ပြန်လာနိုင်မယ်ဆိုတာ ကျနော် သိပါတယ် ” လို့ ဝဲလ်ဆန်က ရေးသားခဲ့တယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားဟာ ၂၀၂၃ ခုနှစ်ထိ လီဗာပူးမှာ ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုထားသူပါ။ သူဟာ ရာသီကြိုတွေမှာ လီဗာပူးစီနီယာအသင်းနဲ့ လိုက်ပါခွင့်တွေ ရပေမယ့် မန်နေဂျာကလော့ပ် ကျေနပ်တဲ့ ခြေစွမ်းမှာ ရှိမနေတာကြောင့် ဟူးစီးတီး၊ ဒါဘီနဲ့ ဘုန်းမောက်အသင်းတွေထံ အငှားထွက်ခဲ့ရသူဖြစ်တယ်။

လောလောဆယ်မှာ ဝဲလ်ဆန်နဲ့ ပက်သက်ပြီး လီဗာပူးနည်းပြအဖွဲ့က လောက်လောက်လားလား ထုတ်ပြောမှုတွေ မရှိသေးသလို ဈေးကွက်ထဲမှာလည်း ဝဲလ်ဆန်ကို ခေါ်ယူလိုတဲ့ ကလပ်တွေ ထွက်မလာသေးပါဘူး။ လီဗာပူးက ဈေးခေါ်တဲ့ သဘောတွေ လုပ်ထားပေမယ့် မျှော်လင့်ထားသလို မဟုတ်ဘဲ ဝဲလ်ဆန်အတွက် ပေါင် ၂၅ သန်းလောက်ဖြင့် ဈေးဖွင့်ပေးမယ့် ကလပ်လည်း မရှိသေးတာဖြစ်တယ်။

ဘုန်းမောက်ထံ ဝဲလ်ဆန်ကို အငှားချတာအတွက် လီဗာပူးက ပေါင် ၂.၅ သန်း ရရှိထားခဲ့တယ်။ သူ့အသက်က ၂၃ နှစ်ကို ကျော်ပြီဖြစ်တာကြောင့် ဘယ်လို ဆက်လုပ်မလဲဆိုတဲ့အပေါ် ကလော့ပ် အသေအချာ စီစဉ်ရပါတော့မယ်။ လီဗာပူးက ဝဲလ်ဆန်အပါအဝင် လူငယ်အချို့ကို ရောင်းထုတ်မယ်ဆိုတဲ့ အသံတွေ ထွက်ထားတာ ရှိပါတယ်။

ဝဲလ်ဆန်ဟာ နွေမှာ အသင်းပြောင်းမလား၊ သူကကော စီနီယာလူစာရင်းကို ဖိအားပေးနိုင်မယ့် အရန်လူစာရင်းအတွက် အဆင်သင့်ဖြစ်နေပြီလား ဒီပုစ္ဆာတွေအတွက် ရာသီကြိုမှာ ယာဂင် အဖြေရှာပေးရမှာ ဖြစ်ပါတယ်။

ZAWGYI

ဘုန္းေမာက္မွာ စီနီယာကစားသမားအျဖစ္ ရာသီျပည့္ ေနထိုင္ခြင့္ရခဲ့တဲ့ ဝဲလ္ဆန္က စိတ္ပ်က္စရာ အဆံုးသတ္မႈနဲ႔ ရာသီသိမ္းအျပီးမွာ လီဗာပူးကို ျပန္လာမွာျဖစ္ပါတယ္။

ဘုန္းေမာက္ရဲ႕ အဓိက ကစားသမားျဖစ္ခဲ့ေပမယ့္ ဒီရာသီ ဟိုဝီရဲ႕ အသင္း လိုအပ္ခ်က္ေတြ မ်ားမႈနဲ႔အတူ ခ်ယ္ရီေတြဟာ တန္းဆင္းသြားရပါျပီ။ ပရီးမီးယားလိဂ္ အေစာပိုင္း ၂၉ ပြဲမွာ ၁၉ ပြဲထိ ပြဲထြက္ေနရာက ပါဝင္ခဲ့ရတဲ့ ဝဲလ္ဆန္ဟာ ရာသီသိမ္း ၉ ပြဲမွာေတာ့ ၁ ပြဲပဲ ကစားခဲ့ရတာျဖစ္တယ္။

ဝဲလ္ဆန္ဟာ ကိုဗစ္ေနာက္ပိုင္း ပဲေလစ့္ကို ၂-၀ နဲ႔ အေရးနိမ့္တဲ့ ပြဲတစ္ခုမွာပဲ လူစားဝင္ ကစားသမားအျဖစ္ ပါဝင္ခြင့္ ရခဲ့ကာ တစ္ရာသီလံုးမွာ ပြဲခ်ိန္ျပည့္ ကစားခြင့္ရခဲ့တာက ၂ ပြဲပဲ ရွိခဲ့ပါတယ္။ ဘုန္းေမာက္ရဲ႕ ဒုတိယေျမာက္ ဂိုးသြင္းအမ်ားဆံုး ျဖစ္ခဲ့တဲ့ ဝဲလ္ဆန္ဟာ လီဗာပူးကို ျပန္လာရာမွာေတာ့ အနာဂတ္နဲ႔ ပက္သက္ျပီး ၾကီးၾကီးမားမား သံသယရွိစရာ အေနအထားမ်ိဳး ရွိေနပါတယ္။

ခ်န္ပီယံရွစ္ကလပ္ ဒါဘီမွာ စီနီယာအေတြ႔အၾကံဳကို စရခဲ့ျပီး ဘုန္းေမာက္မွာေတာ့ ပရီးမီးယားလိဂ္ အေတြ႔အၾကံဳေတြ ရခဲ့တဲ့ ဝဲလ္ဆန္ဟာ သူ႔ကစားသမားဘဝအတြက္ ေနာက္ထပ္ စိန္ေခၚမႈအျဖစ္ ဒီေႏြမွာ လီဗာပူးမန္ေနဂ်ာယာဂင္ကေလာ့ပ္ထံ ေျခစြမ္းနဲ႔ စိတ္ဓါတ္ပိုင္း စမ္းသပ္ခံရပါေတာ့မယ္။

“ ရာသီျပည့္ ပါဝင္ရတဲ့ အေတြ႔အၾကံဳကေန အမ်ားၾကီး သင္ယူခဲ့ရပါတယ္။ အဆံုးသတ္ကေတာ့ တကယ္ကို စိတ္ပ်က္စရာပါပဲ။ ဘုန္းေမာက္နဲ႔ ဘုန္းေမာက္ပရိသတ္ေတြကို တစ္ရာသီလံုး အားေပးတာအတြက္ ေက်းဇူးတင္ပါတယ္။ ဘုန္းေမာက္က ပရီးမီးယားလိဂ္ကို ျပန္လာႏုိင္မယ္ဆိုတာ က်ေနာ္ သိပါတယ္ ” လို႔ ဝဲလ္ဆန္က ေရးသားခဲ့တယ္။

အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ၂၀၂၃ ခုႏွစ္ထိ လီဗာပူးမွာ ရွိေနမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆိုထားသူပါ။ သူဟာ ရာသီၾကိဳေတြမွာ လီဗာပူးစီနီယာအသင္းနဲ႔ လုိက္ပါခြင့္ေတြ ရေပမယ့္ မန္ေနဂ်ာကေလာ့ပ္ ေက်နပ္တဲ့ ေျခစြမ္းမွာ ရွိမေနတာေၾကာင့္ ဟူးစီးတီး၊ ဒါဘီနဲ႔ ဘုန္းေမာက္အသင္းေတြထံ အငွားထြက္ခဲ့ရသူျဖစ္တယ္။

ေလာေလာဆယ္မွာ ဝဲလ္ဆန္နဲ႔ ပက္သက္ျပီး လီဗာပူးနည္းျပအဖြဲ႔က ေလာက္ေလာက္လားလား ထုတ္ေျပာမႈေတြ မရွိေသးသလို ေစ်းကြက္ထဲမွာလည္း ဝဲလ္ဆန္ကို ေခၚယူလိုတဲ့ ကလပ္ေတြ ထြက္မလာေသးပါဘူး။ လီဗာပူးက ေစ်းေခၚတဲ့ သေဘာေတြ လုပ္ထားေပမယ့္ ေမွ်ာ္လင့္ထားသလို မဟုတ္ဘဲ ဝဲလ္ဆန္အတြက္ ေပါင္ ၂၅ သန္းေလာက္ျဖင့္ ေစ်းဖြင့္ေပးမယ့္ ကလပ္လည္း မရွိေသးတာျဖစ္တယ္။

ဘုန္းေမာက္ထံ ဝဲလ္ဆန္ကို အငွားခ်တာအတြက္ လီဗာပူးက ေပါင္ ၂.၅ သန္း ရရွိထားခဲ့တယ္။ သူ႔အသက္က ၂၃ ႏွစ္ကို ေက်ာ္ျပီျဖစ္တာေၾကာင့္ ဘယ္လို ဆက္လုပ္မလဲဆိုတဲ့အေပၚ ကေလာ့ပ္ အေသအခ်ာ စီစဥ္ရပါေတာ့မယ္။ လီဗာပူးက ဝဲလ္ဆန္အပါအဝင္ လူငယ္အခ်ိဳ႔ကို ေရာင္းထုတ္မယ္ဆိုတဲ့ အသံေတြ ထြက္ထားတာ ရွိပါတယ္။

ဝဲလ္ဆန္ဟာ ေႏြမွာ အသင္းေျပာင္းမလား၊ သူကေကာ စီနီယာလူစာရင္းကို ဖိအားေပးႏုိင္မယ့္ အရန္လူစာရင္းအတြက္ အဆင္သင့္ျဖစ္ေနျပီလား ဒီပုစၦာေတြအတြက္ ရာသီၾကိဳမွာ ယာဂင္ အေျဖရွာေပးရမွာ ျဖစ္ပါတယ္။