သြဂုတ်လ ၁ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ Nike တို့ တရားဝင် လက်တွဲမှုလုပ်အပြီး စပွန်ဆာပိုင်းမှာ အပြောင်းအလဲအချို့ ရှိလာခဲ့ပါတယ်။

ယခင်က လီဗာပူးရဲ့ အဓိက စပွန်ဆာအဖြစ် Standard Chartered နဲ့ NB တို့ ဖြစ်ရာက အခုဆိုရင် Standard Chartered, Nike နဲ့ AXA တို့ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ထူးခြားမှုတစ်ခုက လီဗာပူးအသင်းဟာ လက်မောင်းစပွန်ဆာဖြစ်တဲ့ Western Union ကို အသင်းဝဘ်ဆိုဒ်ကနေ ဖြုတ်ချခဲ့ခြင်းဖြစ်ပါတယ်။

ကလပ်တည်ထောင်ခြင်း ၁၂၅ နှစ်ပြည့်တဲ့နှစ်မှာ လီဗာပူးနဲ့ Western Union တို့ဟာ ၅ နှစ်သက်တမ်းရှိတဲ့ စပွန်ဆာစာချုပ်ကို ချုပ်ဆိုခဲ့တာပါ။ အဆိုပါနှစ်ကပဲ ပရီးမီးယားလိဂ်က ကလပ်တွေကို လက်မောင်း စပွန်ဆာ ပထမဆုံးအကြိမ် တပ်ဆင်ခွင့်ပေးတဲ့ရာသီဖြစ်တယ်။ တစ်ရာသီကို ပေါင် ၅ သန်းဖြင့် ပေါင် ၂၅ သန်း တန်ကြေးရှိတဲ့ စာချုပ်ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီဟာ လီဗာပူးနဲ့ Western Union လက်တွဲမှု ၃ နှစ်ပြည့်တာဖြစ်ပြီး စာချုပ်က ၂၀၂၂ ခုနှစ်ထိ ရှိနေမယ်လို့ ယုံကြည်ရတာပါ။ ဒီကြားထဲမှာ Nike ကလည်း သူတို့ ဂျာစီကို ပြန်သိမ်းတာတွေ လုပ်ထားခဲ့တယ်ဆိုတဲ့ အသံတွေလည်း ထွက်ခဲ့သေးတာကြောင့် လီဗာပူးရဲ့ လက်မောင်းစပွန်ဆာက အပြောင်းအလဲ ရှိမှာလားဆိုတာက မေးခွန်းထုတ်စရာကိစ္စ ဖြစ်လာပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ဂျာစီသစ်ကို သြဂုတ်လ ၄ ရက်မှာ ထုတ်ပြမယ်လို့ သိထားရပေမယ့် ပိုစောပြီး သြဂုတ်လ ၁ ရက်မှာတင် ထုတ်ပြခဲ့တာဖြစ်တယ်။ ဒီအပတ်အတွင်းမှာ ဂျာစီသစ်နဲ့ ပက်သက်တဲ့ ကိစ္စတွေ ထပ်မံ ထွက်လာဦးမယ်လို့ ယူဆရပါတယ်။

ZAWGYI

ၾသဂုတ္လ ၁ ရက္ေန႔မွာ လီဗာပူးအသင္းနဲ႔ Nike တို႔ တရားဝင္ လက္တြဲမႈလုပ္အျပီး စပြန္ဆာပိုင္းမွာ အေျပာင္းအလဲအခ်ိဳ႔ ရွိလာခဲ့ပါတယ္။

ယခင္က လီဗာပူးရဲ႕ အဓိက စပြန္ဆာအျဖစ္ Standard Chartered နဲ႔ NB တို႔ ျဖစ္ရာက အခုဆိုရင္ Standard Chartered, Nike နဲ႔ AXA တို႔ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ ထူးျခားမႈတစ္ခုက လီဗာပူးအသင္းဟာ လက္ေမာင္းစပြန္ဆာျဖစ္တဲ့ Western Union ကို အသင္းဝဘ္ဆိုဒ္ကေန ျဖဳတ္ခ်ခဲ့ျခင္းျဖစ္ပါတယ္။

ကလပ္တည္ေထာင္ျခင္း ၁၂၅ ႏွစ္ျပည့္တဲ့ႏွစ္မွာ လီဗာပူးနဲ႔ Western Union တို႔ဟာ ၅ ႏွစ္သက္တမ္းရွိတဲ့ စပြန္ဆာစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့တာပါ။ အဆိုပါႏွစ္ကပဲ ပရီးမီးယားလိဂ္က ကလပ္ေတြကို လက္ေမာင္း စပြန္ဆာ ပထမဆံုးအၾကိမ္ တပ္ဆင္ခြင့္ေပးတဲ့ရာသီျဖစ္တယ္။ တစ္ရာသီကို ေပါင္ ၅ သန္းျဖင့္ ေပါင္ ၂၅ သန္း တန္ေၾကးရွိတဲ့ စာခ်ဳပ္ျဖစ္ပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီဟာ လီဗာပူးနဲ႔ Western Union လက္တြဲမႈ ၃ ႏွစ္ျပည့္တာျဖစ္ျပီး စာခ်ဳပ္က ၂၀၂၂ ခုႏွစ္ထိ ရွိေနမယ္လို႔ ယံုၾကည္ရတာပါ။ ဒီၾကားထဲမွာ Nike ကလည္း သူတို႔ ဂ်ာစီကို ျပန္သိမ္းတာေတြ လုပ္ထားခဲ့တယ္ဆိုတဲ့ အသံေတြလည္း ထြက္ခဲ့ေသးတာေၾကာင့္ လီဗာပူးရဲ႕ လက္ေမာင္းစပြန္ဆာက အေျပာင္းအလဲ ရွိမွာလားဆိုတာက ေမးခြန္းထုတ္စရာကိစၥ ျဖစ္လာပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ဂ်ာစီသစ္ကို ၾသဂုတ္လ ၄ ရက္မွာ ထုတ္ျပမယ္လို႔ သိထားရေပမယ့္ ပိုေစာျပီး ၾသဂုတ္လ ၁ ရက္မွာတင္ ထုတ္ျပခဲ့တာျဖစ္တယ္။ ဒီအပတ္အတြင္းမွာ ဂ်ာစီသစ္နဲ႔ ပက္သက္တဲ့ ကိစၥေတြ ထပ္မံ ထြက္လာဦးမယ္လို႔ ယူဆရပါတယ္။